Friday, September 4, 2015

ပလတ်စတစ်ရေသန့်ဘူးများကိုတစ်ခါထက်ပိုမသုံးသင့်သောအချက်၃ချက်

ပလတ်စတစ်ရေသန့်ဘူးတွေဟာ နွေရာသီအတောအတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ဘူးတည်းကိုပဲ အကြာကြီးအသုံးပြုမိတဲ့အခါမှာတော့ အန္တရာယ်တွေရှိနိုင်တယ်ဆိုတာ သင်သိပါသလား။

၁။ ကြာရှည်သုံးလာတဲ့အခါ ဘူးထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေတတ်ပါတယ်။

နွေရာသီအချိန်မှာ ဘက်တီးရီးယားပိုးတွေက နေရာတကာ ပျံနှံ့နေတတ်ပါတယ်။ အဲ့ဒါကြောင့် အသုံးအဆောင်ပစ္စည်းတွေကို အရမ်း ဂရုစိုက်ပြီး သုံးသင့်ပါတယ်။ အရမ်းဂရုစိုက်သင့်တဲ့ အချိန်ကတော့ သင့်ရေသန့်ဘူးကို ဖွင့်တဲ့၊ ပိတ်တဲ့အချိန်တွေမှာပါပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါပိုးတွေက ရေဘူးဖွင့်တဲ့အချိန်မှာ ဝင်ရောက်နိုင်လို့ပါ။

အဲဒီရေဘူးတွေကို အကြိမ်ကြိမ်သုံးတဲ့အခါမှာ ရေဘူးအဝက ညစ်ပတ်လာပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာနိုင်ပါတယ်။

၂။ အပူက အန္တရာယ်ရှိတဲ့ ဓာတုဗေဒ ပစ္စည်းတွေကို ထုတ်ပေးနေပါတယ်။

ဘက်တီးရီးယားပိုးတွေရဲ့ ကူးစက်မှုတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ ရေသန့်ဘူးကို မကြာခဏ ဆေးကြောပေးပါ။ ပြီးတော့ အပူချိန်မြင့်တဲ့ နေရာမှာမထားပါနဲ့။ ဘာလို့လဲဆိုတော့ ရေဘူးမှာရှိတဲ့ ဓါတုဗေဒ ပစ္စည်းတွေက အပူနဲ့ ထိတွေ့တဲ့အခါ အသက်အန္တရာယ် ဖြစ်စေတတ်လို့ပါ။

၃။ ရေသန့်ဘူးကို အတတ်နိုင်ဆုံး တစ်ခါပဲ သုံးသင့်ပါတယ်။

ဈေးဆိုင်တွေမှာ ရောင်းတဲ့ ရေသန့်ဘူးတွေ၊ ဖျော်ရည်ဘူးတွေကို တစ်ခါပဲ သုံးတာက ပိုသင့်တော်ပါတယ်။ ဈေးတွေမှာဆိုရင် သက်တမ်းကြာတဲ့ အထိ သုံးနိုင်အောင် လုပ်ထားတဲ့ ရေဘူးတွေကို တွေ့ရမှာပါ။ သင်ဟာ ဘက်တီးပိုးတွေကို ကာကွယ်ချင်ရင်တော့ ဆေးကြောရလွယ်တဲ့ ရေဘူးတွေကိုပဲရွေးချယ်ပြီး ဝယ်သုံးတာက အကောင်းဆုံးပါ။
Credit: Gandawin

အသိပညာဗဟုသုတများ မျှဝေချင်ရင် share ပေးနိုင်ပါသည်
အောင်မြင့်မြတ်(မင်းသိကြား)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths