“လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကဲ့ အိုးအီ.. နေမီအောင် တခိုလှမ်းခဲ့ရ.. ကောက်ငန်းကအပြန်မှာ” ဆိုတဲ့ ရှေးခေတ်ကဗျာကိုသတိရမိတိုင်း “ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေ” ဆိုရိုးကိုလည်း ထပ်ဆင့်သတိရလာပါတယ်။ ကျီးကို မြင်ဖူးတွေ့ဖူးသူအများအပြားရှိနိုင်ပေမယ့် ဘုတ်ငှက်ကိုတော့ တွေ့ဖူးသူနည်းပါးမယ် ထင်ပါတယ်။ အတွေ့ရနည်းတဲ့ ဘုတ်ငှက်အကြောင်းပြောပြပါ့မယ်။
ဘုတ်ငှက်ဟာ ဥဩမျိုးနဲ့အတူ ကျူကျူလီဒီး Cuculidae မျိုးရင်းတွင် ပါဝင်ပြီး သတ္တဗေဒ အမည်အားဖြင့် "စင်ထရိုပတ်ဆိုင်နင်ဆစ်" လို့ ခေါ်ပါတယ်။ ဥဩနဲ့မျိုးတူပေမယ့် ဥဩလိုတော့ အခြားငှက်တွေရဲ့ အသိုက်တွေမှာ ဥအုလေ့မရှိပါဘူး။ မိမိအသိုက် မှာ မိမိဥအုတာပါ။ တောကျီးကန်းအရွယ် အလျား ၁၈ လက်မရှိပြီး ခန္တာကိုယ်မှာတောက်ပြောင်မည်းနက်ပြီး အတောင်ဟာ အုန်းခွံရောင် နီကျင့်ကျင့် ဖြစ်ပါတယ်။ အတောင်နဲ့ အမြီး ဟာ ကြီးပြီး ဖြည်းဖြည်းလေးလေး ပျံတတ်ပါတယ်။ အဖို နှင့် အမ ပုံသဏ္ဌာန်ချင်းအတူတူပဲဖြစ်ပါတယ်။
ဘုတ်ဟာ ပုန်းလျှိုးနေတတ်ပြီး မြေပြင်ပေါ်မှာ အစာရှာစားတတ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးခင်းနှင့်မြေ ကွပ်လပ်များတွင် အတွေ့ရများပါတယ်။ ချုံထူပြီး စွတ်စိုသောနေရာများကို ကြိုက်နှစ်သက်ကာ ရေနှင့်ဝေးဝေးမှာ မနေပါဘူး။ တောတွင်းရှိစမ်းချောင်း၊ ကမ်းပါးတစ်လျှောက်ပေါက်သောကိုင်းတော၊ ဗိဇတ်တောများတွင် ပိုးကောင်များ၊ နှံကောင်၊ ဖွတ်၊ ပုတတ်၊ မြွေနှင့် အလားတူအစာများကို ရှာဖွေစားသောက်တတ်ပါတယ်။
အစာရှာဖွေရာတွင် မြေပေါ်၌ အမြီးကိုမ၍ တည်ငြိမ်စွာ သွားလာနေသည်ကို တွေ့ရတတ်ပါတယ်။ အနှောင့်အယှက်နှင့် တွေ့သောအခါတွင် ထူးခြားစွာ ဖြည်းဖြည်းနှင့်မှန်မှန် မြက်တော၊ ချုံတောထဲသို့ ပျံသွားလေ့ရှိပါတယ်။ မိုးရွာပြီးစတွင် ဘုတ်ဟာ ချုံဖျား၌ဖြစ်စေ၊ ဝါးရုံဖျား၌ဖြစ်စေ နှစ်ခြိုက်စွာ နေပူစာလှုံလေ့ရှိပါတယ်။
ဘုတ်ရဲ့ အသံမှာလေးနက်ပြီး အု-အုဟု ဖြည်းဖြည်းနှင့်မှန်မှန် အော်လေ့ရှိပါတယ်။ အထူးသဖြင့် နွေဥတုတွင် အော်တတ်ပြီး အဝေးကပင် ကြားနိုင်ပါတယ်။ အော်တဲ့အခါ အမြီးကိုမ၍ ဖြန့်ထားတတ်ပါတယ်။ နောက် ပြီး ဦးခေါင်းဟာ အောက်သို့စိုက်လာပြီး လည်ချောင်းလည်းပွလာတတ်ပါတယ်။ တစ်ကိုယ်လုံးလည်းတုန်နေတတ်ပါတယ်။ တစ်ခါတစ်ရံ ကု-ကုဟုလည်း ၆ ကြိမ်မှ အကြိမ် ၂ဝ ခန့်အထိ အော်လေ့ရှိပါတယ်။ တစ်ကောင်အော်လျှင် အနီးအနားတစ်ဝိုက် ဘုတ် များကပါ ဝိုင်း၍ အော်တတ်ကြပါတယ်။
ဘုတ်ဟာ အသိုက်ကို ချုံဖုတ်၊ မြက်ဖုတ်၊ သစ်ကိုင်းခွများတွင် ပြုလုပ်ပြီး မိုးဥတုတွင် သားပေါက်တတ်ပါ တယ်။ တစ်ခါပေါက်လျှင် ၃ ဥ မှ ၅ ဥ အထိရှိ၍ ပုံသဏ္ဌာန်မှာ ရှည်မျောမျော ဖြစ်ကာ ကြမ်းတမ်းပါတယ်။ အပြောက်အစက်မရှိပါဘူး။
အရောင်မှာ အဖြူမွဲရောင် ဖြစ်ပါတယ်။ အဖိုအမ နှစ်မျိုးလုံးပင် အသိုက်လုပ်ခြင်း၊ ဝပ်ခြင်း နှင့် သားငယ်များ ထိန်းကျောင်းပြုစုခြင်းများကို ခွဲဝေလုပ်ဆောင်ကြပါတယ်။
ဘုတ်များကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိပြီး ၎င်းကို အမြင့်ပေ ၄ဝဝဝ အထိရှိတဲ့ အရပ်ဒေသတွေမှာလည်း တွေ့မြင်ရတတ်ပါတယ်။
ကိုးကား။ ။ ၀ီးကီးပီးဒီးယား
Friday, September 4, 2015
10:23 AM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment