Tuesday, September 22, 2015

ရင်ခုန်စေတဲ့ယောက်ျားလေးဆိုတာ

အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ခန့်တဲ့ယောင်္ကျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

သန့်ရှင်းသပ်ရပ်သောသူ
ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီိကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။

ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြိုက်။

အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ
ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောင်္ကျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။

စားပုံသောက်ပုံက စည်းကမ်းရှိသူ
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တယ်ဆိုတာလည်း ချစ်ဖို့ကောင်းပါတယ်။

ကိုယ့်ရင်ထဲကစကားတွေကို အမြဲနားထောင်ပေးသူ
စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူလည်း မီးမီးတို့ အကြိုက်ဖြစ်ပါလိမ့်မယ်။

ကဲ ဘယ်နှစ်ချစ်မှန်တဲ့ ယောင်္ကျားလေးက ကိုယ့်အနားမှာ ရှိသလဲဆိုတာကို ကြည့်လိုက်နော်။


Credit : ChelmoTeam
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths