Monday, September 7, 2015

ကမ္ဘာပေါ်တွင်သစ်ပင်ပေါင်းသုံးထရီလီယံရှိ

 ကမ္ဘာပေါ်မှာ သစ်ပင်ပေါင်း သုံးထရီလီယံ ရှိသည်ဟု လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ယခု ပမာဏသည် ယခင်က ခန့်မှန်း စာရင်းဖြစ်သော သစ်ပင်ပေါင်း (၄၀၀) ဘီလီယံထက် ရှစ်ဆပိုများသဖြင့် အားတက်ဖွယ်တော့ ဖြစ်သည်။ ယခု စာရင်းသည် ပိုတိကျ သေချာသော အချက်အလက်များကို အခြေခံထားသည်ဟုလည်း သုတေသီများက ဆိုလိုက်သည်။ အမေရိကန်နိုင်ငံရှိ ယေးလ် တက္ကသိုလ်မှ သုတေသီ သောမတ် ခရိုသာနှင့် အဖွဲ့က စစ်တမ်း ပြုစုထားခြင်း ဖြစ်သည်။ မြေပြင်တွင် သစ်ပင်များကို လက်တွေ့ ရေတွက် ထားသည့် စာရင်းများနှင့် ဂြိုဟ်တု ဓာတ်ပုံများကို အသုံးပြုပြီး တစ်ကမ္ဘာလုံးရှိ သစ်ပင်ပမာဏကို တွက်ချက်ခြင်း ဖြစ်သည်။

      ယခုစာရင်းအရ ဆိုလျှင် ကမ္ဘာ့လူသား တစ်ဦးလျှင် သစ်ပင် (၄၂၀) စီ ပိုင်ဆိုင်သည်ဟုလည်း ဆိုနိုင်သည်။ ယခုစာရင်းကို အခြေခံ၍ ရာသီဥတု တွက်ချက်မှုသစ်များ လုပ်နိုင်တော့မည် ဖြစ်သည်။ အကြောင်းမှာ သစ်ပင်များသည် လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြသည် ဖြစ်ရာ သစ်ပင်ပမာဏကို သိထားခြင်းဖြင့် ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို တွက်ချက်နိုင်မည်။

      ကမ္ဘာတစ်ဝန်း သစ်တောများရှိ နေရာပေါင်း လေးသိန်းခန့်၏ သစ်ပင် ပေါက်ရောက်မှု သိပ်သည်းဆများကို စနစ်တကျ ကောက်ယူကာ ဂြိုဟ်တုဓာတ်ပုံများသုံးပြီး သက်ဆိုင်ရာ ဒေသများ၏ သစ်ပင်ပမာဏကို တွက်ချက်ကာ တစ်ကမ္ဘာလုံး ပမာဏကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


Credit:BBC
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths