Wednesday, February 17, 2016

ခွင့်လွှတ်ခြင်းဖြင့်အနိုင်ယူလိုက်ပါ

စကားတခွန်းက ကိုယ်မှာတော့ခံစားလိုက်ရတာ။မေ့ဖို့ကြိုးစားပင်မယ်လဲ မမေ့နိုင်ပါ။

အဲဒီလူကို လုံးဝခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘဝမှာ ကြုံတွေ့ရမှာပါ။ ခွင့်မလွှတ်နိုင်ဘူးဆိုတာက ဘာကြောင့်လဲ။ မနာလိုစိတ်၊ စိတ်သောက၊ အမုန်းတရား၊ ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်းတို့ကြောင့်ပါ။

လူဆိုတာ ကိုယ်အဆင်ပြေဖို့ပဲ ကိုယ်ကြည့်ပါတယ်။ကိုယ်ကအဆင်ပြေဖို့သာလျှင် နံပါတ် (၁)ပါ။

သူတပါးကဘာပဲဖြစ်ဖြစ် ဂရုစိုတ်တယ်ဆိုတာလည်း ကိုယ့်အကျိုးစီးပွားနှင့် သက်ဆိုင်နေလို့သာပါ။ များသောအားဖြင့် ကိုယ်ထက်သာသွားလျှင် မနာလိုဆိုတဲ့ စကား(၃)လုံးနဲ့စတာပါပဲ။

အားလုံးအဆင်ပြေချင်တယ်ဆိုရင်တော့ သူတပါးကို ခွင့်လွှတ်တတ်ဖို့ လိုအပ်မှာပါ။
ကိုယ်တိုင်လဲ အောင်မြင်ချင်တယ်ဆိုရင် သူတပါးအောင်မြင်တာကိုလည်း ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့လိုအပ်ပါတယ်။

သူတပါးအပေါ်မှာ ရန်လိုရင် နောက်ဆုံးတော့ ကိုယ်ပဲပြန်ခံရတာပါပဲ။ အကြောင်းရှိလို့ အကျိုးဖြစ်ရတာပါ။
ဒါကြောင့် သူရဲ့မကောင်းတဲ့အကျင့် မကောင်းတာတွေကိုပဲ မျက်စိထဲမြင်မနေပဲ ခွင့်လွှတ်လိုက်ပါ။

ခွင့်လွှတ်ခြင်းကြောင့် အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

၀၁. ဒေါသထွက်ရင် နှလုံးအတွက် မကောင်းသောကြောင့် ခွင့်လွှတ်ခြင်းဖြင့် ရည်ရှည်မှာ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုမှာပါ။

၀၂. ပျော်ရွှင်စွာနေထိုင်နိုင်သောအချိန်တွေလည်း သိသိသာသာများလာမှာပါ။ခွင့်လွှတ်ခြင်းကုသိုလ်ယူပြီး ပျော်အောင်နေတတ်ဖို့ကိုပဲ စဉ်းစားသင့်ပါတယ်။

၀၃. ခွင့်လွှတ်ခြင်းသည် ကိုယ်ကရှုံးတာမဟုတ်ပါဘူး။ကိုယ်ကစိတ်ချမ်းသာဖို့အတွက် ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားပြီး အနိုင်ရမှာဖြစ်ပါတယ်။


Happiness Is To You
Chelmo Team
Ref. Naver



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths