Friday, February 19, 2016

Facebookကြောင့်တစ်မိသားစုလုံးသတ်သေ




Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

ဒီဖြစ်ရပ်လေးဟာ Facebook  ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။ ကောင်မလေးနာမည်က Sushmita ပါ။သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်။ လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ် လိုက်ပါတယ်။ ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်။သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ။ အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်။သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်။ facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့  သင့်ရဲ့မူရင်းဓာတ်ပုံအစစ် တွေကို facebook ပေါ်မှာမတင်ပါနဲ့။  တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ မြင်နိုင်အောင် ပြုလုပ် ထားပါ။ facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ။

Credit - Omg Myanmar



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths