
လက်ကမ်းခြင်းဖြင့် ခရီးဆက်ပါ
++++++++++++++++
ဘ၀ကြိုးတန်းပေါ် လျှောက်နေကြတဲ့ အတူတူချင်း သူတစ်ပါးကို တွန်းချဖို့ မကြိုးစားစမ်းပါနဲ့ ။ သွားမည့်ပန်းတိုင်ခြင်း တူတာမှ မဟုတ်ပဲ။ သူ့ ကို တွန်းချရင် ကိုယ်လည်း အနည်းဆုံးတော့ ယိုင်သွားမှာပါ။ ရှေ့ နောက် ကိုယ့်နေရာနဲ့ ကိုယ် ပန်းတိုင်ဆီ လျှောက်မယ်ဆိုရင် တစ်ဦးနဲ့ 
တစ်ဦး ဖေးမကူညီမှုတောင် ရရှိဦးမှာပါ။
အချိန်ကန့် သတ်ချက်တွေနဲ့  မိမိတို့ ရဲ့ ရည်မှန်းချက်ဆီကို သွားနေရတဲ့အချိန်မှာ သူတစ်ပါးကို လမ်းပျောက်အောင် လုပ်လိုက်ရတဲ့အချိန်တွေဟာ ကိုယ့်အတွက် အချိန်ကုန်မှာ ဖြစ်သလို၊ အခြားသူလည်း ဘ၀ကိုလည်း နစ်နာစေပါတယ်။ လူတွေက အတ္တနဲ့ ယှဉ်လာရင် အားလုံးသားကောင်တွေ ဖြစ်သွားကြတယ်။ ဒါကြောင့်လည်း လိုတာထက် ပိုပန်းနေကြတာပေါ့။
" တစ်ယောက်အားနဲ့ သော်မရ၊ တစ်သောင်းအားနဲ့ သော်ရ၏ " ဆိုတဲ့ စကားလေးရှိပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ထားတဲ့ ရည်မှန်းချက်ကိုယ်စီကို အကြံပေး အမှီပြုကြရင်း ခရီးဆက်ကြမယ်ဆိုရင် အချိန်တိုတိုနဲ့ ခရီးပေါက်မှာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးလည်းရှိတာပေါ့။ စည်းလုံးခြင်း
ဖြင့် ရရှိလာမည့် တန်ဖိုးတွေကို နားလည်သဘောပေါက်ကြဖို့ လိုပါတယ်။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment