နက္ခတ်ဗေဒင် ဟုဆိုလျှင် လျပ်စီးကဲ့သို့လျင်မြန်တိုးတက်နေသော ယခုအခါ၌ လက်ခံယုံကြည်မှု ယူဆမှုများနဲပါးသွားသည်ကိုတွေ့ရမည် ။
စင်စစ် ၄င်းနက္ခတ်ဗေဒင် သည်ပင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်ခု၏ အမျိုးသားရေးထူးခြားသော ဝိသေသလက္ခဏာများပင်ဖြစ်ပေသည် ။
လူတို့သည် ရှေးကျသော သက္ကရာဇ်ဦးပိုင်းမှစ၍ ကောင်းကင်နတ်ခတ် နှင့် မြေပြင်သက်ရှိလူသားတို့အကြား ဆက်နွယ်မှု ကို လေ့လာကြံဆခဲ့ကြသည်။ ရှေး အီဂျစ် ဂရိ ဗေဘီလုံ တို့၌ရှေ့အကျဆုံး လေ့လာမှုများရှိခဲ့သည် ။
အိန္ဒိယတွင် သာသနာနှစ် ငါးရာစု BC တစ်ရာစုတွင် သုန္ဂမင်းလက်ထက် လောကီဆိုင်ရာကျမ်းများစွာ စီရင်ရေးသားခဲ့သည် ။ ဆေးကျမ်း ဓာတ်ကျမ်း နတ်ကျမ်း ဝေဒကျမ်း ( ဗေဒ =ဗေဒင် ) များပါဝင်သည် ။ ၄င်း ဝေဒ ကျမ်းတို့တွင် အိန္ဒိယယဉ်ကျေးမှုနှင့် ဆီလျော်သော တွက်ချက်မှုတည်ဆောက်ပုံ ။ေ ဟာပြောယူဆပုံ တို့နှင့်ကျမ်းငယ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည် ။
မြန်မာနိုင်ငံ အတွက်မူကား အေဒီ ရှစ်ရာစု လောက်မှ ၄င်းယဉ်ကျေးမှုများစတင်ဝင်ရောက်ခဲ့သည် ။ ၄င်းသက္ကရာဇ်အစောပိုင်းလောက်တွင် ။ အိန္ဒိယကုန်သည်များသည် သုဝဏ္ဏဘုမ္မိ ( သထုံ ) သို့ကုန်စည်ကူးသန်းမှုများနှင့်တကွ ဝင်ရောက်ခဲ့ကြသည် ။ ၄င်းတို့သည် သထုံမင်း ၏ တောင်းဆိုချက်အရ မြန်မာပြည်သို့ ထေရဝါဒဆိုင်ရာ ပိဋကတ်တော်တို့နှင့်တကွ နောင်တွင် အိန္ဒိယယဉ်ကျေးမှုတို့ပါစိမ့်ဝင်စေခဲ့သည် ။
ယခုလက်ရှိမြန်မာ့ နက္ခတ်ဗေဒင်အယူအဆတို့သည် အိန္ဒိယနက္ခတ်အား မြန်မာ့အသွင်ပြောင်း၍ မြန်မာ့ယဉ်ကျေးမှုနှင့်ဆီလျော်သော ဆန်းကျမ်း မဟာဘုတ် အယူတော်မင်္ဂလာ အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ စသည်ဖြင့် ပြုပြင်ဖန်တီးထားခြင်းဖြစ်သည်။
( ဆက်ရန် )
ရွှေမြို့တော်ဖိုရမ်တွင်းစာပေခွဲများမှ
အောင်မြင့်မြတ်(မင်းသိကြား)
Tuesday, August 18, 2015
7:46 AM
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment