Monday, January 4, 2016

စိတ်ခံစားချက်တွေကိုဘယ်လိုရှင်းမလဲဆိုတာ

လူတစ်ယောက်ဟာ စိတ်ထဲ ခံစားချက်အမျိုးမျိုးထည့်ထားလေ
စိတ်ကကျဉ်းမြောင်းလေးပဲ မဟုတ်ပါလား...
ဒီစိတ်ခံစားချက်တွေကို အချိန်က တိုက်စားသွားပါစေ။ တိုက်စားလွန်းလို့
ဘာအရာမှ မကျန်တော့တဲ့အခါ သိမ်းထားတဲ့အိတ်ထဲက ခံစားချက်တွေ
ကို ပြန်ဆန်းစစ်ကြည့်ပါ။ အရင်က ခံစားခဲ့ရသမျှ ခံစားချက်တွေက
အခုအချိန်မှာ ရယ်စရာကောင်းနေပါလိမ့်မယ်။ အရင်က ဘယ်
လောက်ပဲနာကျင်ခဲ့၊ စိတ်အားငယ်ခဲ့လည်း အခုချိန်မှာတော့
အဲဒီအရာတွေဟာ မပြောပလောက်တော့ပါဘူး။ တကယ်တော့
မျက်ရည်ဝဲတဲ့အကြည့်နဲ့ ဒီခံစားချက်တွေကို သင်ကြည့်ခဲ့ရင်
သင့်ခံစားချက်တွေမှာလည်း မျက်ရည်တွေနဲ့ ပြည့်နှက်နေမယ်၊
တကယ်လို့ ပေါ့ပေါ့ပါးပါးကြည့်ခဲ့ရင် သင့်ခံစားချက်တွေက
ပေါ့ပါးမယ်ဆိုတာကို သင်နားလည်သွားပါလိမ့်မယ်။
စိတ်ခံစားချက်ဖြစ်တာနဲ့ ချက်ချင်းလွှတ်ချလိုက်တတ်သူတွေက
အသိဉာဏ်ရှိသူတွေဖြစ်တယ်။ သူတို့မှာ ပျော်ရွှင်တဲ့စိတ်နှလုံး
တစ်စုံရှိတယ်။ ဒီလိုအသိဉာဏ်မျိုး ကျွန်မတို့မှာမရှိတဲ့အခါ ချက်ချင်းဖြစ်
ချက်ချင်းမလွှတ်ချတတ်တဲ့အခါ ဒီခံစားချက်တွေကို အရင်သိမ်း
ဆည်းလိုက်မယ် ပြီးတော့ မေ့လျော့ပစ်မယ်။ ဒီလိုမှ ပျော်ရွှင်ခြင်း
တွေကို ကျွန်မတို့အလွယ်တကူ ပြန်ရမှာဖြစ်တယ်။
ဘဝမှာ ရိုးရှင်းတာက တန်ဖိုးအရှိဆုံး၊ အကောင်းဆုံးပါ။ ရှုပ်နေတာ
တွေကို ရိုးရှင်းအောင် ချက်ချင်းမလုပ်နိုင်ခဲ့ရင် အရင်သိမ်းဆည်း
တတ်အောင် သင်ယူရမှာဖြစ်ပါတယ်

Credit - Nine Nine Sanay
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths