Wednesday, January 13, 2016

လူသေးသေးလေးတွေရဲ့တောင်းဆိုမှု

အဖေနဲ့ အမေ အဆင်မပြေရင် မိသားစုဆိုတာအဆင်မပြေပါဘူး။ သားသမီးတွေရဲ့ရင်ထဲမှာလည်း အဖေက အမေ့ကိုရိုက်လိုက်တိုင်း၊ အမေက အဖေ့ကို
ရိုက်လိုက်တိုင်း နှလုံးသားမှာ ဒဏ်ရာတွေအထပ်ထပ်ရနေတာပါ။ စိတ်ဒဏ်ရာတွေက သေရာထိပါသွားတတ်တယ်။
ကမ္ဘာမှာရှိတဲ့ ဘယ်မိသားစုမှ အမြဲတမ်းပျော်ရွှင်စရာလို့ မရှိနိုင်ပေမယ့် ၀မ်းနည်းစရာကောင်းတဲ့နေ့ ရက်တွေကို အတတ်နိုင်ဆုံးလျှော့ချတတ်ဖို့ လိုပါ
တယ်။ မိသားစုတစ်ခုမှာ ပျော်ဖို့ ကောင်းတဲ့ရက်တွေထက် ၀မ်းနည်းဖို့ ကောင်းတဲ့ရက်တွေက ပိုများနေရင် လက်ရည်တပြင်တည်း ထမင်းဝိုင်းဆိုတာ
မျက်ရည်တွေနဲ့ ပြည့်နှက်နေတော့မှာပါ။
စီးပွားရေးအဆင်မပြေမှုတွေကြောင့်လည်း အဖေနဲ့ အမေဟာ ကတောက်ကဆဖြစ်တတ်ကြပြန်တယ်။ အဖေ့ရဲ့ အရက်ကို ခင်တွယ်မှုကြောင့်လည်း အမေ
ရဲ့ဒေါသတွေဟာ ပျံထွက်လာတတ်တယ်။ အမေ့ရဲ့ များပြားတဲ့စကားလုံးတွေကြောင့်လည်း အဖေရဲ့နားထဲမှာ လှိုင်းထန်သွားပြန်တယ်။ ထိုထက်များပြား
ရှုပ်ထွေးတဲ့ လူ့ ဘောင်ရဲ့ လောကဓံတွေကြောင့်လည်း အဖေနဲ့ အမေ ကြိုးဝိုင်းထဲခဏခဏ၀င်ဖြစ်ကြပြန်တယ်။
ကလေးတွေအတွက်ကတော့ အခြားသောငြိမ်းချမ်းရေးတွေထက် အဖေနဲ့ အမေရဲ့ငြိမ်းချမ်းရေးရမှုကို အတောင့်တဆုံးဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးထက်
အဖေနဲ့ အမေရဲ့ စစ်တလင်းပြင်ကြီးကို အကြောက်ရဆုံးဖြစ်ပါတယ်။ မျက်လုံးတွေက ကျတဲ့မျက်ရည်တွေဟာ နှလုံးသားပင်လယ်အထက် လျှံတက်ခဲ့
ပြန်တယ်။ ပြင်းထန်ဆူညံတဲ့အသံတွေဟာ ကလေးတွေရဲ့ကမ္ဘာလေးကို တစ်ခဏတွင်းမှာ ပျက်ယွင်းသွားစေပါတယ်။
အဖေ့ရဲ့ အမူအကျင့်ကို သူတို့ လေးတွေက အမြဲအတုယူနေကြတာပါ။ အမေ့ရဲ့ အမူအရာလေးတွေကို သူတို့ လေးတွေက အမြဲတမ်းရင်ထဲမှတ်ထား
တာပါ။ သူတို့ လေးတွေရဲ့ သင်ယူစရာအကောင်းဆုံးပတ်ဝန်းကျင်ကြီးထဲမှာ ဧရာမလူသားနှစ်ဦးရှိပါတယ်။ ထိုလူသားနှစ်ဦးကတော့ အဖေရယ်၊ အမေ
ရယ်ပါပဲ။ ကလေးတွေက အဖေနဲ့ အမေ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမြဲကြည့်ပြီး အားကျနေတတ်ကြပါတယ်။
မမေ့ပါနဲ့ ။ မိဘတွေဟာ ကိုယ့်နားမှာရှိတဲ့ ဘ၀ကျောင်းသားလေးတွေဖြစ်တဲ့ သားသမီးတွေကို ဘယ်တော့မှ မေ့မထားပါနဲ့ ။ သူတို့ ရဲ့မျက်ရည်တွေကို
မိမိတို့ ရဲ့ ဒေါသတွေအောက်မှာ မစတေးကြပါနဲ့ ။ သူတို့ ရဲ့ အားငယ်ဆိုးရွံ့ နေတဲ့ ခပ်သေးသေးမျက်နှာလေးတွေကို မြင်ယောင်ကြည့်ပေးပါ။ ကြောက်
ရွံ့ စွာ တစ်ယောက်နဲ့ တစ်ယောက် ဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။ ဆက်ဆက်ခါ တုန်နေတဲ့ ခြေထောက်သေးသေး
လေးတွေကို မြင်ယောင်ပေးပါ။
အဖေနဲ့ အမေကို သူတို့ တွေ ကြောက်သွားလိမ့်မယ်။ မိသားစုဆိုတာကြီးက သူတို့ အတွက် ငရဲခန်းတစ်ခုလို ထင်သွားလိမ့်မယ်။ သူတို့ လေးတွေ နား
လည်ထားတဲ့ မိသားစုဘ၀လေးဟာ အဖေနဲ့ အမေ တည်ဆောက်ပေးတဲ့ကမ္ဘာလေးပါပဲ။ ထိုကမ္ဘာထဲက ကြောက်မက်ဖွယ်အသံတွေကို သူတို့ လေးတွေ
ရဲ့ နှလုံးသားက လက်မခံနိုင်သေးတာကို နားလည်ပေးကြပါ။ သူတို့ နှလုံးသားလေးတွေက အရမ်းနုပါတယ်။ အဖေနဲ့ အမေရဲ့ စစ်တလင်း မိသားစုထဲမှာ
ငြိမ်းချမ်းရေးယူပေးစေချင်ပါတယ်။ လူသေးသေးလေးတွေ တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။
Credit: True Man
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths