Friday, July 8, 2016
<<< Zawgyi Version >>>
< << Unicode Version >>>
အခက်အခဲတွေဟာ ကံဆိုးခြင်းလား
ဘဝမှာ ဆိုးရွားတယ်ဆိုတဲ့ အဖြစ်အပျက်တွေနဲ့ ခံစားမှုတွေရှိပါတယ်။ ဒီဆိုးရွားမှုတွေကပဲ ကျွန်တော်တို့ကို အားငယ်စေတယ်၊ စိတ်ပျက်စေတယ်၊ အရှုံးပေးချင်စိတ် တွေကို ဖြစ်စေပြီး ဝမ်းနည်းငိုကြွေးစေတယ်။
လူတိုင်းဟာ ကိုယ်ကြုံနေရတဲ့ ပြသနာကိုပဲ အခက်အခဲဆုံးလို့ ခံစားတတ်ကြတယ်။ တကယ်တော့ လောကမှာ ကိုယ့် အတိုင်းအတာနဲ့ကိုယ် ဒုက္ခကိုယ်စီ၊ အခက်အခဲကိုယ်စီ ခံစားနေပါတယ်။ ကျွန်တော်တို့တွေချည်းပဲ ကွက်ပြီး ကံဆိုးနေတာ မဟုတ်ပါဘူး။ (တကယ်တော့ အခက်အခဲဆိုတာ ကံဆိုးမှုလို့ချည်း မမှတ်ယူသင့်ပါဘူး။ တစ်ခါတစ်လေ အခက်အခဲတွေကြားမှာ တိုးတက်ခြင်းတွေ၊ ကံကောင်းခြင်းတွေ၊
အခွင့်အရေးတွေ ပါလာတတ်ပါတယ်။)
အောင်မြင်တဲ့သူတိုင်းမှာ တူညီတဲ့ အခြေအနေတစ်ခုကို ကိုယ်စီဖြတ်သန်း ရပါတယ်။ ဒါကတော့ ခက်ခဲတဲ့အချိန်အခါနဲ့ အခက်အခဲတွေပါပဲ။ ဒီတော့ ကိုယ့်မှာ စိတ်ပျက်စရာ၊ အားငယ်စရာ သောကအခက်အခဲတွေ ကြံုတဲ့အခါ စိတ်မှာတွေးလိုက်ပါ။ ဒီတောင်တွေကို ဖြတ်သန်းပြီးရင် နောက်မှာ စမ်းရေအေးတွေ စီးဆင်းနေမယ့် အိုအေစစ်ရှိမယ်လို့။ ကိုယ်က တောင်ပေါ် တက်နေရတဲ့အခါမှာ တစ်ချို့က ချောက်ထဲကျနေတဲ့ အထိလည်း ရုန်းကန်နေရ နိုင်ပါတယ်။ 
အဆိုးများကိုကျော်ဖြတ်ပြီး အကောင်းများကို ဖန်တီးနိုင်ကြပါစေ..
Credit - ရွှေညာမောင် (Focus Youth)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
0 comments:
Post a Comment
Copyright @ Myanmar Youths