မိမိအိမ်ထောင်သည်ဘဝ တစ်ခန်းရပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား သို့မဟုတ် ပိုမိုကောင်းမွန်အောင် ရှေ့ဆက်ဆောင်ရွက်မလား ဒါမှမဟုတ် အရှိတိုင်း လက်ခံမလား ဆိုတဲ့အမေးကို ဆုံးဖြတ်ချက်ချတဲ့အခါ စဉ်းစားရမယ့် အဓိကမေးခွန်း (၆) ခုရှိပါတယ်။ အဲ့ဒါကတော့
(၁) မိမိတို့ ကာမရသခံစားမှု အခြေအနေဘယ်လိုရှိလဲ
ချစ်တင်းနှီးနှောတာ အိမ်ထောင်သည်ဘဝရဲ့ အရေးကြီးအခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကို ထည့်တွက်ကို တွက်ရပါလိမ့်မယ်။
(၂) တစ်ဦးပေါ်တစ်ဦး အရင်းခံ ယုံကြည်မှုရှိသေးရဲ့လား
အောင်မြင်သော အိမ်ထောင်ဘဝအတွက် အပြန်အလှန် လေးစားမှုက အင်မတန်အရေးကြီးပါတယ်။ ဒါပေမယ့် အိမ်ထောင်သည်ဘဝတိုင်းမှာ လေးစားမှုတွေမရှိတော့တဲ့ အချိန်တွေဆိုတာ ရှိကြစမြဲဖြစ်ပါတယ်။
(၃) ပြသနာအဖြေရှာမယ့်အစား အပြစ်ကိုဘဲ ရှာတတ်သလား
တကယ်တော့ တခါတလေမှာ ပြသနာကို အဖြေရှာခြင်းထက် အပြစ်ပုံချဖို့ ပို၍ လွယ်ကူပါတယ်။ လက်တွဲဖော်ကို အပြစ်ပုံချတဲ့လူတွေက မိမိအတွက်သာသိပြီး အဆဲလွယ်ကာ အခြေအနေကို လျစ်လျူရှုတတ်တာကြောင့် အဲဒီလို လုပ်တတ်ကြပါတယ်။
(၄) အကျင့်ဆိုးတွေ ရှိခဲ့ဖူးလား
အချစ်ရေးမှာ ကင်းကွာခြင်း၊ တစ်ကိုယ်တည်းဖြစ်ခြင်း၊ ကွယ်ရာမှာ ဖုန်းပြောဆိုခြင်းစတဲ့ လိမ်လည်လှည့်ဖြားခြင်း၊ မုသားပြောဆိုခြင်းတွေ ရှိပါတယ်။
(၅) ဘာသာရေးယုံကြည်ချက်တွေကြောင့် အိမ်ထောင်ဘဝ ဆက်လက်တည်တံ့နေတာလား
ဒီအချက်က အချို့လူတွေအတွက် မိမိအိမ်ထောင်ရေး ဆက်လက်ထိန်းသိမ်းပြီး တစ်ဘဝလုံးနေထိုင်သွားဖို့ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဒါပေမယ့် တခြားသူတွေအတွက်တော့ သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်တွေက ဆုံးရှုံးမှု၊ မသိသေးတဲ့အနာဂတ် သို့မဟုတ် ဆုံးဖြတ်ချက်စတဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်နေနိုင်ပါတယ်။
(၆) မိမိနဲ့ မိမိလက်တွဲဖော်ရဲ့ ရှေ့ရေးအမြော်အမြင် ကွားပြားခြားနားမှုရှိလား
ကလေးယူမယ် မယူဘူး၊ အကျင့်စာရိတ္တကွဲပြားခြားနားမှုနဲ့ ပတ်သက်တဲ့ သဟဇာတမဖြစ်တဲ့ အိုင်ဒီယာတွေရှိသလား။ ဒီမတူညီတဲ့ စိတ်ကူးတွေက မတူညီတဲ့ စိတ်ကူးအိမ်မက်တွေ ညှိနှိုင်းပေါင်းစပ်ပြီး သဘောတူညီချက်တစ်ခုသို့ ရောက်ရှိတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်စေနိုင်ပါတယ်
ဖိုးသူတော်
Tuesday, September 15, 2015
4:23 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment