Sunday, November 26, 2017

တစ်နှစ်တစ်ခါငရဲရှာလူ့ရွာဘုရားပွဲ



   ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး
ဦးတည်ချက်ကို တိတိကျကျ ပီပီပြင်ပြင် ချမှတ်ရပါမည်။ ထေရ၀ါဒ ဘာသာရေး ဦးတည်ချက်နှင် လွှဲချော်    
နေလျှင် လျော်ကန်သင့်မြတ်မည် မဟုတ်ပါ။ 
      ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်တော် ကျေးဇူးတော်များကို နှလုံးသွင်း ပူဇော်သည့် ဘုရား
ပွဲတွင် အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ဗီဒီယို၊ ရုပ်ရှင်၊ ပျော်ပွဲရွှင်များ လောင်းကစားပွဲများ ထည့်သွင်း ကျင်းပခြင်း
သည် မြတ်စွာဘုရားကို ပူဇော်ရာ မကျပါ။ ကိလေသာ နိုးကြွစေသော ပျော်ပွဲရွှင်ပွဲ၊ မငြိမ့်၊ ဇတ်၊ ဆိုင်း၊
လောင်းကစား စသည်တို့ ဖြင့် ဘုရားပွဲ ကျင်းပခြင်းသည်၊ "တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။ "
အဆိုကို မှန်ကန်ကြောင်း ထောက်ခံရာ ရောက်သွားပါမည်။ ထေရ၀ါဒ ဗုဒ္ဒ္ဓဘာသာ အနေဖြင့် လက်မခံနိုင်
ပါ။ ဦးတည်ချက်နှင့် အနှစ်သာရ ထိထိမိမိ အကျိုးရှိရှိ အောင်မြင်ဖြစ်ထွန်းရန် လိုပါသည်။
      ဘုန်းကြီးပျံပွဲ တို့ ၌လည်း အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းတို့ သည် ပျံလွန်တော်
မူပြီးသော ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးအား ပူဇော်ရာ မရောက်ပါ။ ထေရ၀ါဒီထေရ်အရှင်မြတ်ကြီး
များသည် ကိလေသာပွားစေသည့် ပျော်ပွဲရွှင်ပွဲများကို မနှစ်မြို့ ကြပါ။ ဆရာတော်ကြီးများ ပျံလွန်တော်မူ
သောအခါ ဆရာတော်ကြီးများကို အကြာင်းပြုလျက် ပွဲလန်းသဘင် များထည့်ခြင်းသည် ဆရာတော်ကြီး
များ၏ ဂုဏ်ကျေးဇူးကို ဆပ်ရာမရောက်သည့်အပြင် မသိတတ်ရာ ရောက်ပါသည်။
      ဘာသာရေးပွဲ မှန်သမျှ ဓမ္မနှင့် လျော်ညီစွာ ကျင်းပသင့်ပါသည်။ ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီး
ပျံပွဲတို့ ကို အကြောင်းပြုပြီး အသောက်အစား၊ လောင်းကစား၊ ပျော်ပွဲရွှင်ပွဲများ ပြုကြခြင်းမှာ ဘာသာရေး
ကို မကြည်ညို မရိုသေရာရောက်ပြီး ဘာသာခြားတို့ အမြင်နှင့် အထင်သေးဖွယ် ဖြစ်စေပါသည်။
      ဘုရားပွဲ၊ ဘုန်းကြီးပွဲ၊ ဘာသာရေး အခန်းအနားပွဲများတွင် ပြုပြင်ဖွယ်ရာများ ရှိနေကြောင်း ကန်လည်
ဆရာတော်ကြီးက ==  “ ဘုရားပွဲ လုပ်ရပ်တွေမှာလည်း ဘုရားဖူးကြတာနဲ့  မတူကြတော့ဘူး။ အရောင်းအ
ဝယ်ပွဲ၊ အကြည့်အရှုပွဲလို့ သာ ပြောဖို့ ကောင်းတော့တယ်။ အများက ဒီလိုချည်းဖြစ်ကုန်ပြီ။ ဘုန်းကြီးပျံပွဲ
တွေရော ပျံပွဲမဟုတ်၊ ဖြုန်းပွဲ၊ ပျော်ပွဲ၊ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်ကုန်ကြပြီ။ သာရေးနာရေး ပွဲတွေမှာလည်း
မနေသာဘဲ မျက်နှာကြီး ရွေးချယ်ပွဲ၊ ဂုဏ်လိုပွဲ၊ ပကာသန ပြိုင်ပွဲ၊ မျိုးတွေသာ ဖြစ်နေကြပြီ။ " ။
 {မင်းနန်(မော်ကျွန်း)၏ ကန်လည်ဆရာတော်ကြီး ဩ၀ါဒ ကို ကိုးကားရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


Friday, September 29, 2017

နှာခေါင်းပေါ်ကအညိုအမည်းတွေပျောက်ချင်ရင်



အိပ်ချိန်ကလွဲလို့ တစ်ချိန် လုံး မျက်မှန်မချွတ်တမ်း တပ်ထား ရသူတွေကြုံရလေ့ရှိတာကတော့ နှာခေါင်းရိုးပေါ်မှာ အညိုအမည်း တွေထင်ကျန်တာပါ။ ဒါတွေကို ပျောက်ချင်ပေမယ့် ဘာလုပ်ရ မယ်မှန်း မသိသေးသူတွေ အိမ်မှာ တင် လုပ်နိုင်တဲ့ နည်းလမ်းလေး တွေကို မျှဝေလိုက်ပါတယ်။

- ရှားစောင်းလက်ပပ်ဂျယ် အနည်းငယ်ကို အညိုအမည်းရှိတဲ့ နေရာကို သုတ်လိမ်းပြီး ခြောက် သွားတဲ့အထိ ထားပြီးမှ ရေဆေး ပစ်ပါ။

- အာလူးကိုပါးပါးလှီးပြီး ညို မည်းတဲ့နေရာကို ပွတ်ပေးတာမျိုး (ဒါမှမဟုတ်) အာလူးကိုကြိတ် ခြေအနှစ်လုပ်ပြီးတော့လည်း သုတ်လိမ်းနိုင်ပါတယ်။

- အကွင်းလေးတွေ လှီးထားတဲ့ သခွားသီးနဲ့လည်း ပွတ်ပေးနိုင် သလို သခွားသီးကို အရည်ညှစ် ပြီးတော့လည်း အညိုအမည်း နေရာတွေကို သုတ်လိမ်းနိုင်ပါ တယ်။

- သံပရာသီးကို အရည်ညှစ်ပြီး ဂွမ်းစလေးနဲ့ ညိုနေတဲ့နေရာတွေ ကိုသုတ်ပြီး ၁၅ မိနစ်လောက်ထား ပြီး ရေဆေးပေးတာမျိုး လုပ်နိုင်ပါ  တယ်။

- ပျားရည်အနည်းငယ်ကို ညိုနေ တဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပြီး ဆေးကြော တာမျိုးလည်း လုပ်နိုင်ပါတယ်။

- လိမ္မော်ခွံကို အခြောက်ခံအမှုန့် ကြိတ်ပြီး နွားနို့အနည်းငယ်နဲ့ရော ပြီး အနှစ်လုပ်ကာ သုတ်လိမ်းပြီး ဆေးကြောပေးရင် အညိုအမည်း တွေ သက်သာစေပါတယ်။

- အယ်လ်မွန်စေ့အဆီကို အညို အမည်းနေရာတွေမှာ သုတ်လိမ်း ပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

Ref: stylecraze


Saturday, September 23, 2017

ဆံပင်ကို အံ့သြဖွယ်ကောင်းလောက်အောင် အရှည်မြန်စေမယ့် ကြက်သွန်နီ



ဆံပင်အရှည်နှေးလို့၊ ဆံပင်ကျွတ်လို့၊ ဆံပင်ပါးလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးကို ဖော်ပြပေးမယ်နော်။

လိုအပ်သောပစ္စည်းများ

ကြက်သွန်နီသံလွင်ဆီ

ပြုလုပ်နည်း



ကြက်သွန်နီကို ကြိတ်ပြီး ဒါမှမဟုတ် ထောင်းပြီး အရည်ညှစ်လိုက်ပါ။ရလာတဲ့အရည်ထဲကို သံလွင်ဆီရောလိုက်ပါ။ပြီးလျှင်ဦးရေပြား အနှံ့လိမ်း၍ နှိပ်နယ်ပေးပါ။နာရီဝက်အကြာတွင် ရေဆေးခေါင်းလျှော်လိုက်ပါ။တစ်လအတွင်း သိသာလာမှာဖြစ်ပါတယ်။

Em Em (shwemom)


Thursday, September 21, 2017

ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင် ရှိတတ်သော စရိုက်လက္ခဏာများ

" ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင်
ရှိတတ်သော စရိုက်လက္ခဏာများ "
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
၁။" လောဘကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖
သင့်တင့်တဲ့ လောဘသို့ အပြုသဘောဆောင်တဲ့
မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက်
အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ
လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို
ရောက်သွားတတ်ကြပါတယ်။

.

၂။ "အချိန်​မ​လေးစားခြင်း"
➖➖➖➖➖➖➖➖
တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊
အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ်
အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ်
ဂုဏ်သိက္ခာကျဆင်းပြီး လူအများ၏ လေးစားမှုကို
ကျဆင်းစေပါလိမ့်မယ်။

.

၃။" အ​ကောင်းမြင်​စိတ်​ မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့
မရလောက်အောင် ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။
ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ
သင်ရှာဖွေကြည့်ရမယ်။

.

၎။" အားနာခြင်း "
➖➖➖➖➖➖
ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊
လုပ်ချင်လို့ပဲ လုပ်ပါ။ အခြားသူကို အားနာလို့
လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ
အဓိပ္ပာယ်မရှိပါ။

.

၅။" ဒေါသကြီးခြင်း"
➖➖➖➖➖➖
အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း
စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။
အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့
စိတ်တိုတတ်တာဟာ ပတ်ဝန်းကျင်ကို
အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း
အသက်တိုစေနိုင်ပါတယ်။

.

၆။ "လောင်းကစားကျူးခြင်း"
➖➖➖➖➖➖➖➖➖
လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း
မဟုတ်ပဲ သင့်မိသားစု ပတ်ဝန်းကျင်ကိုပါ အောက်ကို
ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။.

၇။" အပျင်းကြီးခြင်း"
➖➖➖➖➖➖➖
သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး
လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို
သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့
အလုပ်ပြီးအောင် လုပ်ပါ။

.

၈။ "ကျန်းမား​ရေး မလိုက်​စားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။
အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ
ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့
ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး
ထိရောက်တာလေးတွေကနေ စပါ။

.

၉။" မာနကြီးခြင်း"
➖➖➖➖➖➖
သင်မာနကြီးရင် သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။
မာနကြီးရင် အခြားသူတွေကို သင်နဲ့အတူ အလုပ်လုပ်ဖို့
အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။
ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက
သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။

.

၁၀။" အမှားအမှန်​မခွဲခြားနိုင်​ခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကို မသိဘူး
ဖြစ်လာမယ်။ အဲဒါကြောင့် စာများများ ဖတ်ပါ၊
ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

.

၁၁။" အယုံလွယ်​ခြင်း "
➖➖➖➖➖➖➖
ချမ်းသာနည်းတို့ အောင်မြင်နည်းတို့ ပေးမယ်လို့
ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့
ဈေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင်
သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး
လေ့လာကြည့်ပါ။

.

၁၂။" ကတိမတည်​ခြင်း"
➖➖➖➖➖➖➖➖
ကတိမတည်တဲ့သူကို ဘယ်သူမှ
ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက
ဘယ်သူမှ မ၀ယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို
အောင်မြင်ချင်ရင် ကတိတည်ပါ။

.

၁၃။" အသုံးအဖြုန်းကြီးခြင်း"
➖➖➖➖➖➖➖➖➖
လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ
မဖြုန်းပါနဲ့။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ
မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

.

၁၄။" အ​ပေါင်းအသင်း မှားခြင်း"
➖➖➖➖➖➖➖➖➖➖
Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့
လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။
အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။
ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့
ကြိုးဟားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

.

၁၅။" စည်းကမ်း မရှိခြင်း"
➖➖➖➖➖➖➖➖
စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာ
စပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို
သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင်
စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ
ထိန်းသိမ်းပါ။

.

၁၆။" အ​ပျော်​အပါး မက်​လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။
ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင်
တိုးတက်ရာ တိုးတက်ကြောင်းအတွက်
အချိန်မပေးနိုင်ဖြစ်လာပါလိမ့်မယ်။

.

၁၇။" မူးယစ်​​ဆေးဝါး သုံးစွဲခြင်း"
➖➖➖➖➖➖➖➖➖➖
မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ
ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊
လူမှုရေးအကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင်
ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

.

၁၈။" သံသယစိတ်​ များလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
ယုံလွယ်လွန်းတာဟာ ပြဿ......နာဖြစ်သလို
သံသယများလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။
သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ
လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့
ကိုယ်ရေးကိုယ်တာဘ၀မှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ
ဖြစ်လာပါလိမ့်မယ်။

.

၁၉။" မိမိကိုယ်​ကိုယ်​ အထင်​ကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမ၀င်တော့သလို
အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို
နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

.

၂၀။" ဆုံးဖြတ်​ချက်​ မပြတ်​သားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်နိစ္စဓူဝ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ
တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု
မရှိတဲ့သူတွေဖြစ်ပါတယ်။

.

၂၁။" လုံ့လဝိရိယ အားနည်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။
အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့
ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ
သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

.

၂၂။" ပြုပြင်​​ပြောင်းလဲလိုစိတ်​ မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။
Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့
နားလည်ရမယ်။ ပြောင်းလဲလိုစိတ်မရှိရင်
တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။

.

၂၃။" လေ့လာသင်​ယူမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့်
စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။
သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့
အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ
ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

.

၂၄။" နှ​မြောလွန်းခြင်း"
➖➖➖➖➖➖➖
ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။
နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို
အသုံးမချတတ်သလို ဖြစ်လာမယ်။ သုံးသင့်တဲ့နေရာမှာ သုံးပါ။

.

၂၅။" အစွန်း​ရောက်​ လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖
သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ
သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ
ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို
လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

.

၂၆။" ရည်​မှန်းချက်​ မရှိခြင်း"
➖➖➖➖➖➖➖➖➖
ရည်မှန်းချက်မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ
ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။
သင့်လုပ်ငန်း၊ ဘ၀၊ အလုပ်အကိုင်၊ မိသားစု
အားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။

.

၂၇။" မိမိကိုယ်​ကိုယ်​ သုံးသပ်​မှုမရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
လူတိုင်းလူတိုင်းဟာ အချိန်ကာလတစ်ခုရောက်တိုင်းမှာ
ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို
ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုသုံးသပ်မှုဟာ
သင့်ကို ပိုမိုမြင့်မားတဲ့ အသိဥာဏ်တွေကို ရရှိပါစေလိမ့်မယ်။

.

၂၈။" တာဝန်​ယူမှု/တာဝန်​ခံမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း
တာဝန်ယူမှု တာဝန်ခံမှု လိုလာပါတယ်။ အဲဒီလို
မဟုတ်ပဲ အခြားသူတွေကို လက်ညှိုးထိုးနေသမျှ
ကာလပတ်လုံး ထောင်ချောက်မိနေတဲ့
သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့
အခက်အခဲကနေ လွန်မြောက်မည့်နည်းကို
ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ နောက်ထက်အောင်မြင်မှု
အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။

.

၂၉။" ပူ​ပေါင်း​ဆောင်​ရွက်​လိုစိတ်​ မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
စိတ်နေသဘောထားကောင်းပြီး အရည်အချင်းရှိသူတွေ
အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့်
လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ
ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့်
လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့
ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့
လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။

.

၃၀။" တစ်​ကိုယ်​​ကောင်းဆန်​ခြင်း"
➖➖➖➖➖➖➖➖➖➖➖
အတ္တစိတ်လွန်ကဲခြင်းဟာ လူအများနဲ့ ကင်းကွာခြင်းရဲ့
အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ သင့်ဖက်ကိုသာ
သင်ကြည့်နေသမျှ ကာလပတ်လုံး ပတ်ဝန်းကျင်က
သူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို
ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။

.

၃၁။" ကိုယ်​ချင်းစာစိတ်​ မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လူမှုဆက်ဆံရေးမှာ ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။
အဲဒါကတော့ သင့်ကို လာလုပ်ရင်
သင်မကြိုက်သောအရာကို အခြားသူများကို မလုပ်ဖို့
ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ဆိုတာဟာ
ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ
စိတ်နေစိတ်ထား ဖြစ်ပါတယ်။

.

၃၂။" အလိုက်​ မသိခြင်း"
➖➖➖➖➖➖➖➖
အလိုက်ကန်းဆိုးနားမလည်ခြင်း၊ အခြေအနေကို
မကြည့်ပဲ လုပ်ချင်ရာ လုပ်ခြင်းတို့ကြောင့်
သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး
လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။
အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင်
ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး
လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက်
ဖြစ်လာနိုင်ပါတယ်။

တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့်
ရွေးချယ်မှုသာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)


Sunday, September 17, 2017

အဓမ္မကျင့်ခြင်း၊လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းဖြစ်ပေါ်ပါက ဆောင်ရွက်သင့်တဲ့အချက်များ



အဓမ္မမှုတွေ ထူပြောလာတဲ့ အခါမျိုးမှာ လူတိုင်းဟာ နေ့ဖြစ်စေ၊ ညဖြစ်စေ မလုံခြုံတော့ပါဘူး။ ဒီတော့ လူတိုင်းဟာ အချိန်မရွေး ဓားစာခံဖြစ်သွားနိုင်ပါတယ်။ Shwemom ဟာ ယခင်က အမျိုးသမီးတွေအကျိုးကို ရှေးရှုပြီး လိင်ပိုင်းဆိုင်ရာ အစော်ကားမခံရဖို့အတွက် ကြိုတင်ကာကွယ်ရမယ့် အကြောင်းရာလေးတွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။

အခု အကယ်၍များ ကံဆိုးမိုးမှောင်ကျပြီး၊ သင် သို့မဟုတ် သင်နဲ့နီးစပ်သူတစ်ဦးဦးကို အဓမ္မကျင့်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတွေ ရှိလာပါက အရင်ဦးဆုံး လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အန္တရာယ်ကင်းနိုင်မယ့်နေရာကို အရင်ရအောင် ရှောင်ပါ


Pixabay

အဓမ္မသမားတွေဟာ တစ်ခါတလေ အမှုကို ဖော်မှာစိုးလို့ မိမိကျူးလွန်ခဲ့တဲ့သူတွေကို လက်စဖျောက်တတ်ပါတယ်။ ဒီတော့ ကိုယ်က မဖြစ်မနေ ဒီလိုအခြေအနေ ကြုံလာခဲ့ရင် အခြား ဘေးကင်းနိုင်မယ့်နေရာတစ်နေရာကို အမြန်ရှောင်ဖို့ သတိရလိုက်ပါ။

(၂) ရေချိုးခြင်း အ၀တ်များကို လျှော်ဖွပ်ခြင်း မပြုပါနဲ့

အဓမ္မကျင့်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူဟာ ရေချိုးခြင်း၊ အ၀တ်များကို အစောတလျှင် လျှော်ဖွပ်ခြင်းတွေ မပြုလုပ်ရပါဘူး။ အရင်ဆုံး မိမိဆီမှာရှိနေတဲ့ တရားခံရဲ့ သက်သေတွေကို ရဲဆေး/မှုခင်းဆေးက သက်သေအဖြစ် သိမ်းဆည်းဦးမှာမို့ ကိုယ့်အပေါ်ကျူးလွန်တဲ့ တရားခံကို မိမိရဲ့ ပေါ့ဆမှုကြောင့် မလွတ်စေဖို့ ဂရုစိုက်ရပါမယ်။

(၃) အားကိုးရမယ့် သူတစ်ဦးဦးကို (အမျိုးသမီးအချင်းချင်း) ဖွင့်ပြောပါ


Pixabay

ဒီကိစ္စက ဖြစ်နိုင်ရင် အမြန်ဆုံး ရဲစခန်းကို သွားရမယ့်ကိစ္စပါ။ ဒါပေမယ့် အရင်ဆုံး ကိုယ့်လုံခြုံရေးကို ဦးစားပေးရမယ့် အချိန်မို့ မိမိကို ရုတ်တရက် ရန်ပြန်မရှာနိုင်စေဖို့အတွက် အားကိုးရမယ့်သူတွေကို စုဝေးစေခြင်း၊ အားကိုးစရာမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စသည်တို့ဆီကို တိုက်ရိုက်သွားရောက်ခြင်းတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

(၄) ရဲစခန်းကို ချက်ချင်းသွားပါ

မိမိဘက်က အစစ သေချာပြီးနောက် ရဲစခန်းကို ချက်ချင်းသွားပါ။ မိန်းမချင်း ပြောမှဖြစ်မဲ့ကိစ္စတွေ ပါဝင်နေလို့ မိမိနဲ့တိုင်ပင်နိုင်မယ့် ရဲအရာရှိဟာ အမျိုးသမီးဖြစ်ဖို့လိုပါတယ်။ ဒီအတွက်လည်း တာဝန်မှူးစသည်တို့ဆီမှာ ဥပဒေအရ တရားဝင် တောင်းဆိုနိုင်ပါတယ်။

(၅) တရားခံ၏ အချက်အလတ်များကို ပြောပြီးအမှုဖွင့်ပါ


Pixabay

ရဲအရာရှိထံ မိမိဖြစ်ပျက်သမျှကို ပထမသတင်းပေးတိုင်ချက်အဖြစ် ကိုယ်တိုင်ဖွင့်ဟကာ တိုက်ချက်ဖွင့်ပါ။ မိမိမှာ ကျူးလွန်သူရဲ့ သက်သေခံပစ္စည်းတစ်ခုခု သိမ်းဆည်းထားပါကလည်း ချက်ချင်း အပ်နှံပါ။(ဥပမာ ဖုန်း၊ ဟန်းချိန်း၊ ကြယ်သီးစသည်)

(၆) ဆေးဝါးကုသမှု/စစ်ဆေးမှု ခံယူပါ

ယင်းနောက် ဒီအမှုဟာ မဖြစ်မနေ ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။ အဓမ္မမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေမှာ တရားခံရဲ့ သက်သေတွေ အမြောက်အများကျန်ရစ်လေ့ရှိပြီး၊ သက်သေတစ်ခု ခိုင်မာလျှင် တရားခံကို ထောင်ဒဏ်ချမှတ်နိုင်သည်ထိ အရေးကြီးလို့ ဒီအချိန်မှာ ရှက်နေရမယ့် အချိန်မဟုတ်ပါဘူး။


Pixabay

အထက်ဖော်ပြပါ အဖြစ်အပျက်ကို သင့်နဲ့ နီးစပ်သူတွေ ကြုံလာပါကလည်း အထက်ပါ နည်းလမ်းအတိုင်း ကူညီပေးဖို့ သင့်မှာ တာဝန်အပြည့်ရှိပါတယ်။

မဒီလေး (Shwemom)


Friday, August 25, 2017

ကော်ဖီမှုန့်ကိုအလှအပအတွက်အသုံးချနည်း










ကော်ဖီမှုန့်နဲ့ပတ်သက်တဲ့ အလှအပဆိုင်ရာ လုပ်ဆောင်နိုင် တာလေးတွေကို သိချင်သူတွေအ တွက် ဖော်ပြလိုက်ပါတယ်။

အကြောပြတ်ရာများ ပျောက်ကင်းစေခြင်း-ကော်ဖီမှုန့် ကို အကြောပြတ်ရာရှိနေတဲ့နေရာ ကို သုတ်လိမ်းပြီး နှိပ်နယ်ပေးမယ် ဆိုရင် သွေးလည်ပတ်မှုကောင်း ပြီး အကြောပြတ်ရာတွေကိုလည်း တဖြည်းဖြည်းလျော့ပါးလာစေပါ တယ်။

နှုတ်ခမ်းသားနူးညံ့စေခြင်း- နှုတ်ခမ်းတွေ ကွဲတာတို့၊ မွဲ ခြောက်ခြောက်ဖြစ်တာတို့ဆိုရင် ကော်ဖီမှုန့်နဲ့ ပျားရည်အနည်းငယ် ရောစပ်ပြီး နှုတ်ခမ်းသားကို ညင် သာစွာ ပွတ်တိုက်နှိပ်နယ်ပေးပြီး ဆေးကြောလိုက်ရင် နူးညံ့စိုပြည် တဲ့နှုတ်ခမ်းသားလေးရရှိစေမှာ ပါ။

မျက်စိမို့ဖောင်းမှုသက်သာ စေခြင်း-ကောင်းကောင်းအိပ်မ ပျော်လို့ မျက်စိတွေ ဖောင်းအစ် တာတို့၊ မျက်ကွင်းညိုတာတို့ဆို ရင်လည်း ကော်ဖီမှုန့်ကို ရေလေး အနည်းငယ်နဲ့ရောပြီး မျက်စိ အောက်နားကို သုတ်လိမ်းပြီး မိနစ် ၂၀ လောက်နေရင် ရေဆေး တာမျိုးလုပ်နိုင်ပါတယ်။

ဆံသားတောက်ပြောင်စေ ခြင်း-ကော်ဖီမှုန့်အနည်းငယ်နဲ့ သံလွင်ဆီရောထားတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံသားကို သုတ်လိမ်း ပြီး ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်ရင် ဆံသားကို တောက်ပြောင်စေတယ်လို့ ဆိုပါ တယ်။

အသားအရေကြည်လင်စေ ခြင်း-ကော်ဖီမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ ဒိန်ချဉ်လက်ဖက် ရည်ဇွန်းနှစ်ဇွန်း ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးရင် ကြည် လင်နေတဲ့ မျက်နှာအသားအရေ လေးဖြစ်စေမှာပါ။ ဒါတင်မက ခန္ဓာကိုယ်အသားအရေညစ်တစ် တစ်ဖြစ်နေရင်လည်း ကော်ဖီမှုန့် အနည်းငယ်၊ သကြားအနည်း ငယ်၊ သံလွင်ဆီအနည်းငယ်ရော ပြီး ခန္ဓာကိုယ်အနှံ့သုတ်လိမ်းပြီး ရေချိုးလိုက်ရင် မတူညီတဲ့အသား အရေဖြစ်နေတာလက်တွေ့မြင်ရ မှာပါ။

-Ref:wellnessbin


 

Copyright @ Myanmar Youths