ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်နေကြသော ဂေါတမမြတ်စွာဘုရားဟာ ကုလားလူမျိုးတစ်ဦး ဟုတ်ပါသလား
အခုတလော ( အခုတလောလို့သာ ပြောတာပါ... ဒီစကား ဒီလေတွေကို ဟို long long ago ထဲက နားခါးနေခဲ့တာ ကြာပါပြီ) အဲ... ထားပါတော့လေ... အခုတလော Facebook မှာရော... အပြင်ပတ်ဝန်းကျင်မှာပါ ဗုဒ္ဓဘာသာ အကြောင်းကို မသိကြတဲ့ ဘာသာခြားတစ်ချို့က ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ် ရာ ဂေါတမမြတ်စွာဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောနေတဲ့အကြောင်းပါ...
ဗုဒ္ဓဟာ ကုလားပြည်သား ( Indians ) ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။ ဘုရားဟောကျမ်း များအရရော၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊ အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေ၀ီက ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ) မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး များကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီဝင်လူမျိုးတွေဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း အိန္ဒိယအမျိုးသားကြီး (၀ါ) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။
သကျသာကီဝင်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့ မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီဝင် မင်းမျိုးတွေဟာ တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။ ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက ခတ္တိယအမျိုးထဲမှာပါပါတယ်။
ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ ( Original ethnics) ဖြစ်ပါတယ်။ သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်... ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)
နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့ မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှဆင်းသက်လာကြတဲ့ Mongoloid အနွယ်ဝင်တွေဖြစ်ပါတယ်။ ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင် လူဖြူမျိုး ( Caucasians)၊ လူဝါမျိုး ( Mongoloids) နဲ့ လူမည်းမျိုး ( Negroids)ထဲမှာမှ လူဝါမျိုး (Mongoloid) ထဲမှာပါဝင်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့ မင်းမျိုး (ခတ္တိယ)၊ ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ ကုန်သည်မျိုး (ဝေဿ) ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့ Caucasians မျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊ လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊ အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။ ဘာသာရေးကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့ ထွက်လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။
အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့ လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီဝင်ခတ္တိယမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော သာကီဝင်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို ဘုရင့်သားတော်ဖြစ်လို့၊ မြင့်မြတ်လို့၊ တန်ခိုးအာဏာကြီးမားခဲ့လို့၊ ဈာန်အဘိညာဉ်နဲ့ပြည့်စုံလို့ ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင် ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊ လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ် ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။ ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို အားနာခြင်းလည်းမပါပါ။ ယခုခေတ်နိုင်ငံရေးစကားနဲ့ ပြောရလျှင် ဘာသာရေးခေါင်းဆောင်တွေအများကြီးထဲမှာမှ ရှင်တော်ဘုရားရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ကြိုက်လို့ကို မဲပေးလိုက်ခြင်းရယ်ပါ။ ဘာသာတရားများကို လေးစားတန်ဖိုးတတ်ပါစေခင်ဗျာ...
^_^
( စာရေးသူ၏ ဆုတောင်း။ ။ ဤသို့လျှင် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းဖေါ်ထုတ်ပူဇော် သောကုသိုလ်ကံကောင်းမှု၏ အဖို့ဘာဂကြောင့် နောင်ဖြစ်လေရာဘ၀တို့တွင် ကြီးမြတ်သော၊ နက်နဲသော၊ အတုမရှိသော၊ လူနတ်ခပ်သိမ်း ချစ်ခင်ရိုသေသော၊ မဟာပထ၀ီမြေအထုရှိသော ပညာဥာဏ်နှင့်ပြည်စုံသည့် သူတော်ကောင်း အာဇာနည်ယောက်ျားကောင်းယောက်ျားမြတ်၏ အဖြစ်သည် မလွဲဧကန် ရလိုရောက်လိုဖြစ်ရပါလို၏ အရှင်ဘုရား။)
မူရင်းရေးသူအားလေးစားလျက်
အောင်မြင့်မြတ်
Thursday, September 17, 2015
11:35 AM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment