"သင့်ဘ၀မှာ ဘယ်လောက်ဝေးဝေး သွားနိုင်သလဲဆိုတာကို ဆုံးဖြတ်မှာက သင် ဘယ်လို အခြေအနေတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ မဟုတ်ပါဘူး။ သင် အဲ့ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်သလဲ ဆိုတာပါ"
>> ကျွန်တော် အမှတ်ရ အဖြစ်ဆုံးလူတွေထဲက တစ်ယောက်က ချာလီဝီဒီမေယာပါပဲ။ ချာလီဟာ လော့စ်ဂါရို့စ် အထက်တန်းကျောင်းကို တစ်ခါမှာ မဖြစ်ဘူးတဲ့ အထက်တန်းကျောင်း ချန်ပီယံဘောလုံးပွဲမှာ ဗိုလ်စွဲစေခဲ့တာပါ။ ကျွန်တော် ချာလီရဲ့ လေ့ကျင့်ရေးနေ့တွေကို အလည်သွားတာ မှတ်မိပါသေးတယ်။ ကျွန်တော်နဲ့ချာလီက ကွင်းဘေးမှာ စကားပြော၊ သူ့လက်ထောက်နည်းပြက ကွင်းထဲနဲ့ ကွင်းပြင် အသွားအလာလုပ်ရင်း ချာလီရဲ့ ညွှန်ကြားချက်ကို အကောင်အထည်ဖော်ပါတယ်။
အဲ့ဒီမှာ ထူးဆန်းတာတစ်ခုကတော့ ချာလီဆိုတဲ့ နည်းပြကြီးဟာ တစ်ကိုယ်လုံးမှာ လှုပ်ရှားနိုင်တာဆိုလို့ မျက်လုံးနဲ့ နှုတ်ခမ်းတွေပဲ ရှိပါတယ်။ လူဂီးရစ်လို့ခေါ်တဲ့ အကြောသေရောဂါ ခံစားနေရတဲ့ ချာလီအတွက်တော့ လူစီဆိုတဲ့ သူ့အမျိုးသမီးဟာ သူ့နှုတ်ခမ်းတွေကို ဘာသာပြန်ပေးတဲ့ စကားပြန်ပေါ့။
သွားရေးလာရေး ခက်ခဲတဲ့ကြားကပဲ ချာလီဟာ ကျောင်းတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘုရားကျောင်းတွေမှာ ဟောပြောပွဲတွေလည်း လုပ်ပါသေးတယ်။ သူ့ဇနီးကတော့ စကားပြန်ပေါ့။ စကားသံမထွက်တဲ့ ဟောပြောသူဟာ အမေရိကမှာ ကျွန်တော်သိသလောက် ချာလီတစ်ယောက်ပဲ ရှိပါတယ်။ ချာလီရဲ့ ကြုံခဲ့ရသမျှကို ရင်ဆိုင်နိုင်တဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကတော့ ချီးကျူး အတုယူရမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။
(အောင်စည်သာ မြန်မာပြန်ဆိုသည့် ထိပ်ဆုံသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment