လူသည် တစ်နေ့တာ ၀န် ကိုကား မည်မျှ လေးလံသည်ဖြစ်စေ ထမ်းပိုးနိုင်သည်။ သည်ဝန်ကိုသာ ကျေပွန်အောင် ထမ်းပါ၊ သည်ကနေ့ ဘာလုပ်မည်လဲ၊ မနက်စောစောမှာ စဉ်းစားပါ။ နေ့ပိုင်းမှာလုပ်ပါ။ ညပိုင်းမှာ နှစ်ခြိုက်စွာ အိပ်ပါ။
တစ်နေ့တာဝန်ကို နိုင်နင်းကျေပွန်စွာ ထမ်းပိုးသွားနိုင်လျှင် နောက်နေ့ နောက်နေ့များသည် ပို၍ ပေါ့ပါးသော ပို၍ အောင်မြင်သော ပို၍ ပျော်ရွှင်ချမ်းမြေ့ဖွယ်သော ယနေ့များ ဖြစ်လာပေမည်။
နေ့တိုင်းနေ့တိုင်းသည် ဘ၀သစ်တစ်ခု အစပြုရန်အတွက် အခွင့်အလမ်းကို ပေးလျက်ရှိသည်။ နံနက် မိုးသောက်ချိန်သည် သတ္တိရှိသူ မျှော်လင့်ချက်ပြည့်ဝသူတိုင်းအတွက် လူသစ်စိတ်သစ် စွမ်းအားသစ်ဖြင့် လှုပ်ရှားရန် အခွင့်အရေး စတင်ပေးချိန်ဖြစ်သည်။
နေ့တိုင်းနေ့တိုင်းသည် ဘ၀တစ်ခုနှင့်ဆိုင်သော အကြီးမားဆုံး အောင်မြင်မှုကြီးအတွက် တိုက်ပွဲငယ် တစ်ပွဲစီ ဆင်နွှဲရာ ကာလများ ဖြစ်သည်။ တစ်နေ့ချင်း၏ အောင်မြင်မှုများသည် တစ်ဘ၀လုံး၏ အောင်မြင်မှုကို အဆုံးအဖြတ်ပြုသွားမည် ဖြစ်ပေသည်။
(ဆရာဖေမြင့်ရေးသားသည့် ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကား စာအုပ်မှ ...)
(BeeTalk)
0 comments:
Post a Comment