Sunday, November 22, 2015

သင့်အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ဘာတွေလိုအပ်မလဲ


             နေ့စဉ်နေ့တိုင်းလူတွေက စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်နေကြပါတယ်။ မီလီယံနာတွေထွက်ပေါ်လာတယ်။ မိသားစုဘ၀တွေတည်ထောင်ကြတယ်။ ပိုပိုပြီးလည်း တိုးတက်ကြီးပွားလာကြတယ်။ အဲ့အထံမှာ သင်လည်းပါဝင်လိုက်ပါ။ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ကမ္ဘာပေါ်က လူတွေကလည်းနေ့တိုင်းဒါကို သက်သေပြနေကြပါတယ်။ လူတိုင်းကချမ်းသာချင်ကြတယ်။ တစ်ကယ်ချမ်းသာသွားတဲ့ သူတွေကလူနည်းစုပဲရှိပေမယ့် ချမ်းသာအောင်လုပ်နိုင်တဲ့ လူတွေတော့များတယ်ဆိုတာ သင်သတိထားမိပါသလား။ နေ့စဉ်နေ့ တိုင်း လူတွေက သူတို့ ကိုယ်သူတို့ တိုးတက်အောင်လုပ်နေကြတယ်။ ဒါကလည်းဆုံးဖြတ်ချက်အခိုင်အမာချပြီးလုပ်ကြရတာပါ။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကတော့…

၁။ ကိုယ့်ကိုကိုယ် ကတိပေးပါ
ကိုယ့်ကိုကိုယ် တိုးတက်ချင်သလား ဒီအတိုင်းပဲနေပျော်သလားမေးပါ။ အတိတ်မှာရထားတဲ့ အောင်မြင်မှုတွေဆိုတာက ပစ္စုပ္ပန်မှာ သင်ဘာလဲဆိုတာကိုပဲ သက်သေပြတာပါ။ အနာဂါတ်ကိုတော့ ဘာမှပြောင်းလဲစေမှာမဟုတ်ပါဘူး။ နေ့ စဉ်နေ့ တိုင်း သင်ဘာတွေလုပ်ရမယ်၊ ပြီးမြောက်အောင်လုပ်မယ်ဆိုတာကို သင့်ကိုယ်သင်ကတိပေးပါ။ ဒါက သင့်ကိုတနေ့ ထက်တနေ့ ပိုတိုးတက်စေမယ့်အချက်ပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သူကိုယ်သူတိုးတက်အောင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် ထိုသူကသင်ပဲဖြစ်ပါစေ။

၂။ အစီစဉ်ဆွဲပါ
ကိုယ့်ကိုကိုယ်တိုးတက်လာအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားသူများဟာ အစီအစဉ်တွေအမြဲ ရှိနေတတ်ကြပါတယ်။ ရည်ရှည်အတွက်ရှုပ်ထွေးတဲ့ အစီအစဉ်တွေဆွဲတာမျိုးကိုမဆိုလိုပါဘူး။ တစ်နေ့ ကို တစ်ထောင်လောက်စုတာမျိုး၊ တစ်နေ့တစ်မိုင်လမ်းလျောက်တာမျိုး၊ တစ်နေ့ဆောင်းပါးဖတ်တာမျိုးကို စတဲ့ရိုးရှင်းသောအစီအစဉ်မျိုးကို ဆိုလိုတာပါ။ တစ်စုံတစ်ယောက်ကအစီအစဉ်တွေဆွဲပြီး အောင်မြင်တဲ့အနာဂါတ်အတွက်ပြင်ဆင်နေပြီဆိုရင် ထိုသူကသင်ပဲဖြစ်ပါစေ။

၃။ စတင်အကောင်အထည်ဖော်ပါ
အကြံကောင်းတွေရှိပေမယ့်လည်း အကောင်အထည်မဖော်ဘူးဆိုရင် အလကားဖြစ်သွားတတ်ပါတယ်။ အိမ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အဓိကအချက်က လက်တွေ့ လုပ်ဆောင်ခြင်းပါ။ တစ်စုံတစ်ယောက်က အိမ်မက်တွေစိတ်ကူးတွေကို အကောင်အထည်ဖော်တော့မယ်ဆိုရင် ထိုသူကသင်ပဲဖြစ်ပါစေ။

credit-success magazin
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths