ဒါကတော့ အကြောင်းအရာလှပတဲ့ ခပ်တိုတိုပုံပြင်လေးတစ်ခုပါပဲ…
ကလေးမလေးနဲ့ သူမရဲ့ဖခင်ဖြစ်သူတို့ဟာ တံတားတစ်ခုကို ဖြတ်ကူးကြပါတယ်…
ဖခင်ဖြစ်သူက စိုးရိမ်ပုံရပြီး သမီးလေးဖြစ်သူကို ပြောလိုက်ပါတယ်…
“သမီးလေး… အောက်ကရေထဲ ပြုတ်မကျရအောင် အဖေ့လက်ကို ကိုင်ထားနော်”…
ခလေးမလေးကပြောတယ်… “ဟင့်အင်းဖေဖေ… ဖေဖေက သမီးလက်ကိုကိုင်ပါ”….
“ဘာများကွာလို့လဲ သမီးရယ်လို့” တွေသွားတဲ့အဖေက မေးပါတယ်…
“အများကြီး ကွာတာပေါ့ ဖေဖေရယ်” လို့ ကလေးမလေးက ပြန်ပြောပါတယ်…
“သမီးက အဖေ့လက်ကို ကိုင်ထားလို့ သမီးတစ်ခုခုဖြစ်ခဲ့ရင် အဖေ့လက်ကို လွှတ်မိသွားမှာပေါ့”…
“အဖေသာ သမီးလက်ကို ကိုင်ထားရင် ဘာဖြစ်ဖြစ် သမီးလက်ကို မလွှတ်ဘူးဆိုတာ သမီးသေချာယုံကြည်ပါတယ်”…
Credit to Original Upload Person
အောင်မြင့်မြတ်
Sunday, November 22, 2015
10:35 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment