Monday, November 9, 2015
4:06 PM
အသက်၃၀အရွယ်အမျိုးသားများသည်မနာလိုမှုအများဆုံးဟုဖော်ပြ
Myanmar Youths Technology Group
No comments
အသက်ကြီးကြီး အမျိုးသမီးများအား သူတစ်ပါးကို မနာလို ၀န်တိုတတ်သူများ အဖြစ် ပြောဆိုမှုများ ရှိခဲ့ဖူးသည်။
သို့သော် ယင်းသို့ပြောဆိုမှုများ မှားယွင်းကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။ အသက်(၃၀) နှစ်အောက် လူငယ်လူရွယ် များသည် သူအသက်ငယ်ချင်းများ၏ ရုပ်ရည်၊ ဆက်ဆံရေး အခြေအနေနှင့် လူမှုရေးအရ အောင်မြင်မှုများနှင့် ပတ်သက်ပြီး မနာလိုမှု အများဆုံး ဖြစ်ကြကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြ ထားသည်။
အမျိုးသားနှင့် အမျိုးသမီးများသည် ကိုယ်နှင့်လိင်တူ၊ သက်တူရွယ်တူ၊ အသက် မွေးဝမ်းကြောင်း တူသူများအပေါ် မနာလို တတ်ကြောင်း လေ့လာတွေ့ ရှိခဲ့သည်။ လေ့လာမှုကို အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ခရစ္စတင်း ဟဲရစ်နှင့် ဘွဲ့လွန်ကျောင်းသား နီကိုးဟန်နီဂါတို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တွေ့ရှိမှုကို အခြေခံနှင့် အသုံးချလူမှု စိတ်ပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။
မနာလိုမှုကြောင့် ပုံပြင်များထဲတွင် လူသတ်ခဲ့သလို လက်တွေ့ ဘ၀တွင်လည်း ဝေါစထရိကို သိမ်းပိုက်ကြဆိုသည့် လှုပ်ရှားမှုများ အထိရှိခဲ့ကြောင်း ပါမောက္ခ ဟဲရစ် ကပြောဆိုခဲ့သည်။
ဟဲရစ်နှင့် ဟန်နီဂါတို့သည် အသက် (၁၈ နှစ်မှ ၈၀) နှစ်ကြား လူ(၉၀၀) တို့ အား မနာလိုဖြစ်မှု ရှိမရှိနှင့် ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းခဲ့ကာ နောက်ထပ်(၈၀၀) ကျော်အား မနာဝန်ခံရမှု ရှိမရှိကို တွေ့ဆုံမေးမြန်း ခဲ့သည်။ စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံက ယမန်နှစ်အတွင်း မနာလိုဖြစ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ မနာလိုဖြစ်ခဲ့သည် ဟုပြောဆိုသူများတွင် အမျိုးသမီးက(၇၉ ဒသမ ၄) ရာခိုင်နှုန်း ရှိခဲ့ပြီး အမျိုးသားက (၇၄ ဒသမ ၁) ရာခိုင်နှုန်းရှိခဲ့သည်။
သို့သော် အသက်အရွယ် ကြီးရင့်လာ သည်နှင့်အမျှ မနာလိုစိတ် နည်းပါးလာကြောင်း တွေ့ရှိခဲ့ပြန်သည်။ အသက်(၃၀) နှစ်အောက် လူငယ်(၈၀)ရာခိုင်နှုန်းက ယမန်နှစ် အတွင်း မနာလို ဖြစ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် အသက်(၅၀) နှစ်နှင့် အထက် လူကြီး(၆၉) ရာခိုင်နှုန်း ကသာ အလားတူ ပြောဆိုခဲ့သည်။
aung myint myat
Credit:Messenger
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment