ဒါဟာ တကယ့်အဖြစ်အပျက်တစ်ခုပါ။ ရင်နင့်ဖွယ် ဒီအဖြစ်အပျက်ဟာ နယ်မြို့လေးတစ်မြို့ရဲ့ အထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာပါ။ မူလတန်းကျောင်းပဲရှိတဲ့ ရွာလေးတစ်ရွာကနေ မြို့တက်ပြီး အထက်တန်းကျောင်းလာတက်တဲ့ ၁၀ တန်းကျောင်းသားလေး မောင်သန်းဆွေ ဟာ ရိုးကျိုးလိမ္မာပြီး စာကြိုးစားတဲ့ကလေးဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ မြို့ထဲက လူပျိုတွေရဲ့နှုတ်ခမ်းဖျားမှာ ရေပန်းစားလှတဲ့ အချောအလှလေးကို လူပျိုသဘာဝစိတ်ဝင်စားမိပါတယ်။ တစ်တန်းတည်းဖြစ်ဖို့ ကံပါလာတော့ ၁၀ တန်းတက်တဲ့နှစ်မှာ တခန်းတည်းတူတူကျကာ ခင်မင်သွားခဲ့ပါတယ်။
ကောင်မလေးက ပေါ့ပေါ့တွေးတတ်ကာ အလိုလိုက်ခံရတဲ့ကလေးပီပီ လိုတမျိုး မလိုတမျိုးလုပ်တတ်တာ မသိတဲ့ မောင်သန်းဆွေဟာ ကောင်မလေး ခိုင်းသမျှအနွံတာခံလုပ်ပေးရှာပါတယ်။နောက်ဆုံးမှာတော့ ကောင်မလေးကို ချစ်ရေးဆိုမိပြီး ရည်းစားဖြစ်ခဲ့ ကြပါတယ်။ သူ့အတွက် တန်ဖိုးရှိလှတဲ့မြို့ သူအချောအလှလေးကို အရိပ်တကြည့်ကြည့် ချစ်မ၀ခင်မှာပဲ ကောင်မလေးက ဘာမပြောညာမပြောဖြတ်ပါတော့တယ်။ “အစတည်းက မကြိုက်ခဲ့သင့်ဘူး” ဆိုတဲ့စကားတစ်ခွန်း ကိုပဲ သိခဲ့ရတဲ့မောင်သန်းဆွေဟာ ဆယ်ကျော်သက် အရွယ်လည်းဖြစ်တော့ အရမ်းကို ခံစားကြေကွဲနေခဲ့ပါတယ်။
တစ်နေ့မှာ ကောင်မလေးကို အကျိုးအကြောင်းသေချာပြောပြရင် လက်လျှော့မယ်ဆိုတာ ပြောဖို့ကြိုးစားတဲ့အခါ ကောင်မလေးက အတန်းပိုင်ဆရာမကို တိုင်ပါတယ်။ အတန်းပိုင်ဆရာမဟာ မောင်သန်းဆွေ တို့ နေတဲ့အိမ်နဲ့ မနီးမဝေးမှာနေတာမို့ မောင်သန်းဆွေနဲ့လည်း ရင်းနှီးပြီး အိမ်မှာလည်း လာကူညီနေကျ ကလေးပါ။ ဒါကို ဆရာမက ကလေးလိမ္မာ တယ်ဆိုတဲ့အချက်ကို အပိုင်တွက်မိတာများလားမသိပေမဲ့ အတန်းထဲက လူအားလုံးရဲ့ရှေ့မှာ “ဒီလောက်တောင် ရည်းစားထားချင်နေရင် ကိုယ့်ညီမကိုပဲ သွားကြိုက်လိုက်တော့” ဆိုတဲ့စကားမျိုးပါ ပါတဲ့အထိ ရင့်ရင့်သီး သီးပြောခဲ့ ပါတယ်။
ကောင်လေးက ရိုးအေးကာ စကားနည်းသူလည်းဖြစ်ပြီး ဆရာဆရာမစကားကို နားထောင်ကာ ကျောင်းအလုပ်ဆိုလည်း တက်ကြွစွာလုပ်တတ်တာ လူတိုင်းအသိပါ။ဒါပေမဲ့ မောင်သန်းဆွေဟာ သိပ်ရှက်ပြီး သိပ်ကို အထိနာသွားခဲ့ပါပြီ။ မဆင်မခြင်ပြောလိုက်မိတဲ့စကား တစ်ခွန်းကြောင့် အကြီးအကျယ် အရှက်ရသွားတဲ့ကောင်လေးဟာ စကားတစ်ခွန်းမှ ပြန်ပြောခြင်း မရှိခဲ့ပဲ ကျောင်းဆင်းချိန်မှာ အိမ်ပြန် ဓါးယူပြီး ဆရာမကို ကျောင်းပြန် လမ်းမှာ စောင့်ပြီး ဓါးနဲ့ခုတ်လိုက်ပါတယ်။ လူအများမြင်ပြီး ဆွဲတဲ့အချိန်မှာ ဆရာမဟာ အနည်းငယ် အရပ်ပုတဲ့ အတွက် ဦးခေါင်းဒဏ်ရာ ဟက်တက်ကွဲ ၃ ချက်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဆရာမကို ဆေးရုံပို့နေချိန်မှာ သတိပြန်ဝင်လာခဲ့တဲ့ မောင်သန်းဆွေဟာ သည်းထန်စွာငိုကြွေးပြီး ရဲစခန်းကို ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ပါတယ်။
ဆရာမကတော့ ဒဏ်ရာပြင်းထန်လွန်းကာ အသက်အန္တရာယ်က မလွတ်နိုင်ခဲ့ ပါဘူး။ မောင်သန်းဆွေ ကတော့ အချုပ်ထဲမှာရှိနေရင်းက ဆရာမ သက်သာပြီလားလို့ ခဏခဏမေးရင်း ငိုနေခဲ့ပါတယ်။ သူ့ကိုယ်သူလည်း အမြဲအပြစ်တင်နောင်တရနေပေမဲ့ တရားဥပဒေကတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ် ကျခံစေရမြဲပါပဲ။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မောင် သန်းဆွေဟာ လူငယ်ပြုပြင်ရေးရဲဘက်စခန်းမှာ အပြစ်ကြွေးတွေဆပ်နေရင်း စိတ်နှလုံးညှိုးချုံးခြင်း၊ နောင်တတရားဖိစီးခြင်း၊ မိဘတို့ရဲ့ အလေးထား အားကိုးမှုကို ရိုက်ချိုးဖျက်ဆီးမိခြင်းအတွက်လည်း စိတ်ဆင်းရဲခြင်းတို့ ကြောင့် ငှက်ဖျားပါဖြစ်ကာ ပြစ်ဒဏ်တစ်နှစ်မပြည့် ခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။
သူ မဆုံးခင်မှာ ဆရာမအတွက် သူခံရတာဖြစ်ကြောင်း ၊ တောင်းပန်တဲ့ အကြောင်း၊ အပြစ်တွေကျေဖို့ ဆုတောင်းကြောင်း တဖွဖွပြောသွားခဲ့တာ ကို မြင်ရ ကြားရသူများအဖို့ အရမ်းကို ၀မ်းနည်းကြရပါတယ်။ ပညာတတ်သားလေးလို့ ဂုဏ်ယူနေတဲ့ လယ်သမား မိဘနှစ်ပါးမှာလည်း ဆရာမကိုလည်း အပြစ်မတင်ရဲ၊ သားကိုလည်း အပြစ်မတင်ရက်ပဲ သနားစဖွယ် အားငယ်တဲ့မျက်နှာလေးတွေကို မြင်ယောင်မိတိုင်း ဖြေမဆည်နိုင်ဖြစ်ကြရပါတယ်။ ငယ်ရွယ်ပြီး စိတ်နုနယ်သေးသူ လူငယ်လေးတွေနဲ့ ပြောဆိုဆက်ဆံရသူ လူကြီးတွေအနေနဲ့ မဆင်မခြင် ပြောဆိုလုပ်ကိုင်မိခြင်း ကို ရှောင်ရှား သင့်ကြောင်း ဒီရင်နင့်ဖွယ်ဖြစ်ရပ်က သက်သေပြသွားခဲ့ပါတယ်။
Credit: Win Pa Pa San
ref-beetalk lifestyle publicaccount
Aung Myint Myat
Tuesday, December 15, 2015
11:35 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment