သားအဖနှစ်ဦးသားက ခရီးတစ်ခုကိုသွားရောက်ဖို့ ရထားတစ်စီးပေါ် စီးနင်းလိုက်ပါလာကြပါတယ်။ အဲ့ဒီအချိန်မှာ အသက် ၂၄ နှစ်အရွယ် ရှိတဲ့ သားဖြစ်သူက ရထားပြတင်းပေါက်နေ ခေါင်းပြူထွက်ပြီး အပြင် ဘက်ကို ကြည့်ရှုကာ သူ့အဖေဖြစ်သူကို
“ အဖေ.. ကြည့်စမ်းပါဦး။ သစ်ပင်တွေက ကျွန်တော်တို့ ရထား နောက်ကို ကျန်ခဲ့တယ်” လို့ အော်ပြောပါတယ်။
အဖေဖြစ်သူက ခပ်ပြုံးပြုံးနဲ့ သားဖြစ်သူကိုပြန်ပြုံးပြပြီး ခေါင်းညိမ့်ပြ လိုက်တယ်။
နောက်တစ်ခေါက် သားဖြစ်သူက အဖေဖြစ်သူကိုထပ်ပြီး
“ အဖေ… ဟိုးကိုကြည့်လိုက်။ တိမ်တွေက ကျွန်တော်တို့နောက်ကို လိုက်နေတယ်ဗျ” လို့ ပြောပြန်တော့ သူ့အဖေကလည်း သားကို ပြန်ပြီး ခေါင်းညိမ့်ပြပြန်တယ်။
ဒီလိုသားအဖနှစ်ဦး အပြန်အလှန် စကားပြောနေကြတာကို မျက်နှာ ချင်းဆိုင် ခုံမှာထိုင်နေတဲ့ လူငယ်လင်မယားစုံတွဲက သူ့သားဖြစ်သူ ရဲ့ကလေးဆန်တဲ့စကားတွေ၊ ပျော်နေတဲ့အမူအရာတွေက မူမမှန် ဘူးလို့ ဆိုပြီး ဖခင်ဖြစ်သူကို
“ ခင်ဗျားသားကို ဘာလို့ဆေးခန်းမပြရသလဲ” လို့မေးတော့ ဖခင်က ပြုံးပြီး ဒီလိုပဲ ပြန်ဖြေလိုက်ပါတယ်။
“ ကျွန်တော့သားလေးက ငယ်ငယ်ကတည်းက မျက်လုံးအမြင်ချို့ ယွင်းနေခဲ့တာ။ အဲ့ဒါအခုမှ သူ့အမြင်အာရုံတွေ ပြန်ရသွားလို့ မြင် နိုင်တာ” လို့…
လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်စီ ရှိကြပါတယ်။ အပေါ် ယံအမြင်ကိုပဲကြည့်ပြီး လူတစ်ယောက်ကို ဝေဖန်ဖို့၊ ကောက်ချက်ချ ယူဆဖို့၊ အချိန်တိုတိုလေးနဲ့ မဆုံးဖြတ်လိုက်ပါနဲ့အုန်း..။ သူ့ဆီမှာ သင်မထင်မှတ်ထားလောက်တဲ့ အံ့အားသင့်စရာ အကြောင်းတရား တွေ အများကြီးရှိနေမှာမို့လို့ပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
Friday, January 15, 2016
1:53 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment