အမေ့ ကျေးဇူးမနည်းသလို
အဖေ့ ကျေးဇူးလည်း မလျော့နည်းခဲ့ပါဘူး။
အမေ့ မေတ္တာကြီးမားသလို
အဖေ့ မေတ္တာလည်း အမေနဲ့ထပ်တူရှိခဲ့ပါတယ်။
အမေက ဝမ်းဗိုက်အတွင်းမှာ ကိုးလလွယ်ခဲ့ရတယ်ဆိုရင် 'အဖေကလည်း ဦးခေါင်းထဲမှာ ကိုးလမက လွယ်ခဲ့ပါတယ်။
အိမ်တောင်စတင်ထူထောင်ပြီး ခွဲထွက်လာတဲ့အချိန်မှ ယနေ့ထိတိုင်အောင် အဖေ့ဦးခေါင်းထဲမှာ လွယ်ထားဆဲပါပဲ။
အမေဟာ ကိုးလလွယ်ထားရချိန်မှာ အဖေဟာ အမေ့အတွက် ရင်သွေးငယ်အတွက် လိုအပ်ချက်တိုင်းမှာ အနားကနေပံ့ပိုးနေခဲ့ရှာတယ်။ အမေ့အတွက် အစစအရာရာ အဆင်ပြေချောမွေ့စေဖို့ အဖေက အလုပ်ကိုပိုကြိုးစားရတယ် ရရာအလုပ်ကိုလုပ်ရတယ် ။မေမေက ကိုးလလွယ်ထားရချိန် ဖေဖေလည်း ဦးခေါင်းထဲမှာ ကိုးလလွယ်ထားရတာပါပဲ။
အမေ့မေတ္တာ အကြောင်းတွေရေးကြတယ် အမေ့အကြောင်း ကဗျာတွေဖွဲ့ကြတယ်။
အမေ့ကိုချစ်တယ် အမေ့ကျေးဇူးဆပ်မယ် အဖေ့ကိုချစ်တယ် အဖေ့ကျေးဇူးဆပ်မယ်လို့ ရေးကြဖွဲ့ကြ ပြောကြတာနည်းပါးလွန်းပါတယ်။
အဖေ့မေတ္တာသည်။
အမေနှင့်မခြားပါ
အဖေ့ကျေးဇူးသည်။
အမေနှင့်မကွာခြားပါ
အမေကရင်နဲ့လွယ်ခဲ့ရပေမယ့်။
အဖေဟာလည်း အမေနှင့်မိသားစုအတွက် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကြိုးစားရုန်းကန်ပေးဆပ်ခဲ့ရသူပါပဲ။
ဒါကြောင့် အမေက ကိုးလလွယ်ခဲ့ရင် ။ အဖေကလည်း ဦးခေါင်းထဲ၌ ကိုးလမကလွယ်ခဲ့ရတယ်ဆိုတာပါပဲ။
အမေ့ကျေးဇူး
အဖေ့ကျေးဇူးလို့
သီးခြားမခွဲခြားပဲ
မိဘကျေးဇူးလို့ပဲ
တွေးပြီး မိဘကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေ။
posted:by ဒိုက်ဒိုက်-မြင်းခြံ
Monday, January 18, 2016
5:30 AM
အမေကဝမ်းနဲ့ကိုးလလွယ်ရရင်အဖေကဦးခေါင်းမှာကိုးလမကလွယ်ရတယ်
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment