Tuesday, June 28, 2016

လောကမှာကျွန်မအလှဆုံးပဲ




<<< Zawgyi Version >>>



ဟုတ်တယ်လေ ....




Branded အိတ်တွေကိုင်ပြီး ဈေးမပတ်နိုင်ပေမယ့် ကိုယ်ကျင့်တရားတွေ ရင်းနှီးမြှပ်နှံပြီး ရလာတဲ့ ပိုက်ဆံတွေအပြည့်ထည့်ပြီး ရှော့ပင်စင်တာမှာ ဈေးဝယ်ရတာထက် ရှိစုမဲ့စုလေးနဲ့ ၀ယ်ထားတဲ့ အိတ်စုတ်ကလေးကိုင်ပြီး ရပ်ကွက်ထဲကဈေးထဲမှာ ၀ယ်နေရပေမယ့် ၊ ပိုဂုဏ်ရှိတယ်။


ရှက်ရကောင်းမှန်းမသိ ၊ လုပ်သင့်လား မလုပ်သင့်လားမသိပဲ တစ်နပ်စားဥာဏ်နဲ့ တစ်ဘ၀စံ လုပ်ကွက်လေးတွေကြောင့်ပဲ မိန်းကလေးတွေက လှနေရက်နဲ့ဘ၀တွေပျက်နေကြတာတွေလည်း ရှိကြပါတယ်။


Credit : မာရင်ရင်




<<< Unicode Version >>>


လောကမှာ ကျွန်မက အလှဆုံးပဲ။

ဟုတ်တယ်လေ ....

မိတ်ကပ်ဘိုး မတတ်နိုင်လို့ သနပ်ခါးဘဲကြားလိမ်းပြီး နေရမယ်ဆိုလည်း မစင်ကြယ်တဲ့အထောက်အပံ့နဲ့ ၀ယ်ယူထားတဲ့ မိတ်ကပ်လိမ်းနေသူတွေထက် အဆပေါင်းများစွာ ပိုလှနေတယ်။

ပေါ်လာသမျှ အကောင်းစား အဝတ်ထည်တွေ မဝတ်နိုင်လို့ ထဘီနွမ်းနွမ်းလေးဝတ်ပြီး ကျောင်းတက်ခဲ့တော့လည်း နွမ်းပါပေမယ့်လည်း ရိုးဂုဏ်ကြောင့် လှနေတယ်။

ကားအကောင်းစားမစီးနိုင်လို့ ခြေကျင်အားကိုးနဲ့ သွားနေစဉ်မှာလည်း သူများသားကြီးမယားကြီး ကာမပိုင်ယောကျာ်းတစ်ယောက်မောင်းနေတဲ့ ကားပေါ်မှာ အခန့်သားစီးလိုက်ပါသွားရတာထက် စမတ်ပိုကျဖို့ ကျွန်မလမ်းလျှောက်မယ်။

Branded အိတ်တွေကိုင်ပြီး စျေးမပတ်နိုင်ပေမယ့် ကိုယ်ကျင့်တရားတွေ ရင်းနှီးမြှပ်နှံပြီး ရလာတဲ့ ပိုက်ဆံတွေအပြည့်ထည့်ပြီး ရှော့ပင်စင်တာမှာ စျေးဝယ်ရတာထက် ရှိစုမဲ့စုလေးနဲ့ ၀ယ်ထားတဲ့ အိတ်စုတ်ကလေးကိုင်ပြီး ရပ်ကွက်ထဲကစျေးထဲမှာ ၀ယ်နေရပေမယ့် ၊ ပိုဂုဏ်ရှိတယ်။

ဂုဏ်တွေ ၊ သိက္ခာတွေ၊ အရှက်တရားတွေဟာ အသိတရားမဲ့ပြီး ဆင်ခြင်တုံတရား မရှိတဲ့အခါ အကုန်ကွာကျသွားတတ်ပါတယ်။ 

ရှက်ရကောင်းမှန်းမသိ ၊ လုပ်သင့်လား မလုပ်သင့်လားမသိပဲ တစ်နပ်စားဉာဏ်နဲ့ တစ်ဘဝစံ လုပ်ကွက်လေးတွေကြောင့်ပဲ မိန်းကလေးတွေက လှနေရက်နဲ့ဘဝတွေပျက်နေကြတာတွေလည်း ရှိကြပါတယ်။

ဒီတော့ ... ဖြူစင်စွာ အပင်ပန်းခံရှာဖွေစားသောက် မိသားစုကို ကျွေးမွေးနေတဲ့ ကျွန်မ အလှမပြင်ထားလည်း အလှဆုံးပဲ ။

Credit : မာရင်ရင်


စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths