Monday, June 6, 2016

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်



ဒဏ္ဍာရီပုံပြင်တစ်ခုမှာ လာဘ်ကောင်တစ်ကောင်နဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူ့ပြည်ကိုရောက်လာခဲ့ကြသတဲ့။

တစ်နေ့မှာ ဆင်းရဲသားအိမ်တစ်အိမ်ရှေ့သူတို့ရောက်လာခဲ့ကြတယ်။ ရုပ်ဆိုးပန်းဆိုးနဲ့ သူတို့နှစ်ယောက်ကိုမြင်တော့ ဆင်းရဲသားက “ဟဲ့.. ငါ့အိမ်ရှေ့လာရပ်မနေကြနဲ့.. ရုပ်ဆိုးတဲ့မင်းတို့နှစ်ယောက်ကို ငါမကြည့်ချင်ဘူး” လို့ အသံကျယ်နဲ့အော်သတဲ့။

လာဘ်ကောင်က ဆင်းရဲသားစကားကြားတာနဲ့ “အော်.. ငါက သူ့ကိုကူညီချင်လို့ ရောက်လာတာ၊ သူ့ကို ကံကောင်းခြင်းတွေပေးမလို့ပါပဲ။ ငါတို့ကိုတွေ့တာနဲ့ သူ ဒီလို စိတ်ဆိုးအော်ဟစ်မယ်မှန်း မထင်ထားဘူး” လို့ တွေးပြီး လှည့်ထွက်သွားတော့သတဲ့။

မကောင်းဆိုးဝါးကတော့ ဆင်းရဲသားစိတ်ဆိုးတဲ့ပုံဟာ အရမ်းရယ်စရာကောင်းတယ်ဆိုပြီး နေရာကနေ တုပ်တုပ်မျှမလှုပ်ဘဲ ရပ်ကြည့်ပြီးရယ်နေသတဲ့။ မကောင်းဆိုးဝါးရယ်နေတာကိုတွေ့တော့ ဆင်းရဲသားဟာ ဒေါသထွက်ပြီး ပုဆိန်နဲ့ပြေးခုတ်သတဲ့။ တစ်ဖက်ကလည်းဆဲဆိုရင်း တစ်ဖက်ကလည်း ပုဆိန်ကိုမြှောက်ပြီး ပြေးသွားလိုက်တာ ခလုတ်တိုက်မှောက်လဲပြီး နဖူးကွဲသွားသတဲ့။

“ခင်ဗျား ဒေါသထွက်တာနဲ့ ကံဆိုးခြင်းကရောက်လာခဲ့ပြီ။ တကယ်လို့ ခင်ဗျားဆက်ဒေါသထွက်နေရင် ခင်ဗျားအသက်ကို ကျုပ်ယူသွားတော့မယ်” လို့ အဖြစ်အပျက်ကိုမြင်တွေ့နေတဲ့မကောင်းဆိုးဝါးက ဆင်းရဲသားကိုပြောလိုက်ပါတယ်။

သင်စိတ်တိုလိုက်တာနဲ့ ကံကောင်းခြင်းက အဝေးကိုပြေးသွားခဲ့ပြီ။
သင်ဒေါသထွက်လိုက်တာနဲ့ ကံဆိုးခြင်းကရောက်လာတော့တာပဲ။
Credit: nine nine sanay



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths