Thursday, June 30, 2016

အရႈံးေပးမွာေသခ်ာျပီလား

<<<Zawgyi Version>>>


လူတိုင္ရႈံးဖူးပါတယ္။ တခ်ိဳ႕က အရွံဳးနဲ႕ရပ္မေနဘဲ ျပန္ထသြားတယ္။ တခ်ိဳ႕က တစ္သက္တာလုံး နာလန္မထူႏိုင္ေအာင္ က်ရွံဳးသြားတယ္။ ျပန္လည္မရပ္တည္ႏိုင္ေလာက္ေအာင္ျပင္းထန္တ့ဲ က်ရွံဳးမွဳျဖစ္ရတ့ဲ အေၾကာင္းရင္းေတြထဲကတစ္ခုကေတာ့ ယာယီအရွံဳးေတြ ( ဥပမာ - ျငင္းပယ္ခံရတာ၊ အေရြးမခံရတာ၊ အလုပ္ျပဳတ္တာ၊ အင္တာဗ်ဴးမေအာင္တာ၊ စာေမးပြဲက်တာ စသျဖင္ ့) ကိုယ့္ကို လႊမ္းမိုးလာတ့ဲအခ်ိန္မွာ ေနာက္တစ္ၾကိမ္မၾကိဳးစားေတာ့ဘဲ လက္ေလွ်ာ႔အရွဳံးေပးထြက္ခြာတတ္တဲ့ အက်င့္ေၾကာင့္ပါပဲ။

ေဒၚလာသန္းေပါင္းမ်ားစြာလက္လႊတ္ခ့ဲရသူ သို႕မဟုတ္ ေရႊတြင္းမွ သုံးေပအကြာ

ဒီအေၾကာင္းကို လူေတာ္ေတာ္မ်ားမ်ား သိပါလိမ့္မယ္။ ေရႊတြင္းေရာက္ဖို႕ လက္တစ္ကမ္းအလိုမွာ ဆုံးရွံဳးခ့ဲရတ့ဲ ဒါဘီ ဆိုတ့ဲလူတစ္ေယာက္အေၾကာင္းပါ။ ေရႊတြင္းကို ဆုံးရွံဳးခ့ဲရျပီး သူဘာျဖစ္သြားတယ္လို႕ ထင္ပါသလဲ။ ဒါကိုသိတ့ဲသူနည္းပါတယ္။ သူ႕ရဲ႕ ေနာက္ဆက္တြဲက စိတ္၀င္စားစရာေကာင္းသလို လူငယ္ေတြအတြက္ သင္ခန္းစာေတြရေစမွာပါ။ မသိတ့ဲလူေတြအတြက္ ဒီအေၾကာင္းရဲ႕အစကေန ေျပာျပပါ့မယ္။
.
ေရႊတြင္းေတြ ေခတ္ေကာင္းစဥ္ကာလကေပါ့။ ဒါဘီ ဟာ ေရႊတူးခ်င္တ့ဲ ေရာဂါထေနပါတယ္။ ေရႊတြင္းရွိရာ ႏိုင္ငံရဲ႕ အေနာက္ပိုင္းကို သြားမယ္။ ေရႊတူးမယ္၊ ေရႊေတြ ေတြ႕ရင္ သူခ်မ္းသာျပီေပါ့။ “လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကအၾကံဥာဏ္ေတြ အသုံးခ်ျပီးရလာမဲ့ဲေရႊေတြက ေျမၾကီးကို တူးဆြျပိးမွ ရလာမ့ဲ ေရႊေတြထက္ ပိုမ်ားတယ္” ဆိုတာကို သူ ဘယ္တုန္းကမွ ၾကားဖူးပုံမေပၚပါဘူး။ ဘာပဲျဖစ္ျဖစ္ သူက ေရႊလုပ္ကြက္တစ္ခုကို ေလွ်ာက္လိုက္တယ္။ ျပီးေတာ့ ေပါက္ခြ်န္းေတြ တူးရြင္းျပားေတြနဲ႕ အလုပ္လုပ္ဖို႕ သူစတင္ထြက္လာခ့ဲပါတယ္။ သြားရတ့ဲ လမ္းခရီးကတင္ ေတာ္ေတာ္ပင္ပန္းေပမယ့္ သူ႕ရင္ထဲက ေရႊရွာမယ့္ ရည္ရြယ္ခ်က္ကေတာ့ အခိုင္အမာပါပဲ။
.
သီတင္းပတ္ေတာ္ေတာ္မ်ားမ်ား ကုန္ဆုံးျပီးတ့ဲေနာက္ သူ႕ရဲ႕ အားထုတ္မွဳအတြက္ ေတာက္ပေနတ့ဲ ေရႊစပါတ့ဲေက်ာက္တုံးေတြ ရရွိခ့ဲပါတယ္။ သူ႕ရည္ရြယ္ခ်က္အတိုင္း ေရႊေၾကာကိုေတြ႕ခဲ့ပါျပီ။ ဒီေက်ာက္တုံးေလးေတြကို တြင္းေပၚတင္ဖို႕ သူ စက္ကိရိယာေတြ လိုအပ္လာခ့ဲတယ္။ ဒါနဲ႔ပဲ ေရႊတြင္းကို တိတ္တိတ္ကေလးဖုံးအုပ္ျပီး သူ႕အိမ္ကို လာရာလမ္းအတိုင္းျပန္ခ့ဲပါေတာ့တယ္။ အိမ္ေရာက္ေတာ့ သူ႕ေရႊတြင္းအေၾကာင္းကို ေဆြမ်ိဳးေတြနဲ႕ အိမ္နီးနားခ်င္း လုပ္ေဖာ္ကိုင္ဖက္ အနည္းငယ္ကိုေျပာျပလိုက္တယ္။ ဒါဘီ လိုအပ္ေနတ့ဲ စက္ေတြ၀ယ္ဖို႕ ေဆြမ်ိဳးေတြစုေပါင္းျပီး ေငြေခ်းေပးလိုက္ပါတယ္။ စက္ေတြ၀ယ္ျပီးေတာ့ ဒါဘီ နဲ႕ သူ႕ ဦးေလးက ေရႊတြင္းဆီကို ေနာက္တစ္ေခါက္ျပန္လာခ့ဲၾကပါတယ္။
.
ပထမဆုံးတူးေဖာ္ရရွိခ့ဲတ့ဲ ေရႊပါတ့ဲေက်ာက္တုံးေတြ မိုင္းတြင္းသုံးတြန္းလွည္း တစ္စီးစာကို ေရႊအရည္က်ိဳတ့ဲ ေနရာကို တင္ပို႕လိုက္ပါတယ္။ ထြက္လာတ့ဲရလဒ္ကေတာ့ ေကာ္လိုရာဒိုမွာ ရွိတ့ဲ ေရႊအေပါမ်ားဆုံးတြင္းေတြထဲက တစ္တြင္းကို သူတို႕ပိုင္ဆိုင္ေနျပီလို႕ သက္ေသျပေနပါတယ္။ ဒီလိုတြန္းလွည္းမ်ိဳး ေနာက္ထပ္အနည္းငယ္ေလာက္ ရလိုက္ရင္ပဲ သူတို႕အေၾကြးေတြ ေက်သြားပါလိမ့္မယ္။ ဒါျပီးရင္ေတာ့ အျမတ္အစြန္းေတြ အမ်ားၾကီးလာပါေတာ့မယ္။
.
ေအာက္ကို နက္နက္ရွိဳင္းရိွဳင္း တူးလာေလေလ၊ ဒါဘီ နဲ႕ ဦးေလး တို႕ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ေတာက္ပလာေလပါပဲ။ ဒါေပမ့ဲ တစ္ခုခုေတာ့ ျဖစ္လာခ့ဲပါျပီ။ ဟုတ္ပါတယ္ ေရႊေၾကာ၊၊ သူတို႕ ေရႊေၾကာေပ်ာက္သြားခ့ဲတယ္။ တူးရင္းဆြရင္းပဲ သူတို႕ရဲ႕ ေမွ်ာ္လင့္ခ်က္သက္တန္႕ေရာင္ျခည္အဆုံးကို ေရာက္လာခ့ဲျပီ။ သူတို႕အိပ္မက္မက္ခ့ဲတ့ဲ ေရႊအိုးၾကီး အ့ဲဒီေနရာမွာ ရွိမေနခ့ဲဘူး။ ေရႊေၾကာကို ျပန္ရွာေတြ႕ဖို႕ သူတို႕ စိတ္ပ်က္လက္ပ်က္နဲ႕ပဲ ဆက္တူးေနခ့ဲပါေသးတယ္။ အသုံး၀င္တ့ဲအရာ ဘာမွမေတြ႕ရေတာ့ပါဘူး။ ဒီလိုနဲ႕ပဲ ေနာက္ဆုံးမွာေတာ့ သူတို႕ ဒီတြင္းကေန ထြက္ခြာဖို႕ ဆုံးျဖတ္လိုက္တယ္။
.
သူတို႕ရဲ႕ ေရႊတူးတ့ဲေနရာမွာသုံးတ့ဲ စက္ေတြကို စက္အေဟာင္းေတြ၀ယ္တ့ဲ လူဆီမွာ ေဒၚလာ ရာဂဏန္းအနည္းငယ္ေလာက္နဲ႕ ေရာင္းခ်ခ့ဲျပီး အိမ္ျပန္ရထားေပၚတက္ခ့ဲရပါျပီ။ အားလုံးျပီးသြားျပီေလ။ တကယ္ေတာ့ မျပီးေသးပါဘူး။ ကံထမ္းလာတာ မျမင္ရဘူးဆုိတ့ဲစကားလည္း ရွိတယ္မဟုတ္လား။ အခ်ိဳ႕ အေဟာင္း၀ယ္သမားေတြက ပညာမတတ္ နလပိန္းတုံးေတြ ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ ဒါေပမ့ဲ ဒီတစ္ေယာက္ကေတာ့ မဟုတ္ပါဘူး။ ဒီတြင္းဟာ ေရႊထြက္ဖူးတယ္။ တစ္ခုခုမွားေနလို႕သာ မထြက္ေတာ့တာျဖစ္မယ္လို႕ အေဟာင္း၀ယ္သမားက စဥ္းစားမိတယ္။ သူက မိုင္းတြင္းအင္ဂ်င္နီယာ တစ္ေယာက္ကို ေခၚျပီး ျပတယ္။ တြက္ခ်က္မွဳေတြ လုပ္ခိုင္းတယ္။ အင္ဂ်င္နီယာက ဒီတြင္းမေအာင္တ့ဲ အေၾကာင္းရင္းက အရင္ တြင္းပိုင္ရွင္ေတြက ေရႊေၾကာမေရာက္ခင္စပ္ၾကား ေတြ႕ရတတ္တ့ဲ ေရႊမရွိတ့ဲ ေျမသားအပိုင္းေတြအေၾကာင္းကို မသိလို႕ပဲ လို႕ေျပာျပခ့ဲတယ္။ သူ႕ရဲ႕တြက္ခ်က္မွဳအရ “ဒါဘီနဲ႕ သူ႕ဦးေလးရပ္ခ့ဲတ့ဲေနရာကေန ေနာက္ထပ္သုံးေပဆက္တူးရင္ ေရႊေၾကာကို ျပန္ေရာက္ပါလိမ့္မယ္” တ့ဲ။ လုံး၀အတိအက်ပါပဲ။ သုံးေပဆက္တူးျပီးေတာ့ ေရႊေၾကာကို တကယ္ေရာက္ခ့ဲပါတယ္။ စက္အေဟာင္း၀ယ္သမားဟာ ဒီေရႊတြင္းကေန ေဒၚလာသန္းဂဏန္းေလာက္ ရသြားတာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ လုပ္ငန္းတစ္ခုကို မစြန္႕လႊတ္ခင္ ကြ်မ္းက်င္တ့ဲပညာရွင္ရဲ႕ အၾကံေပးမွဳကို ရယူသင့္တယ္ ဆိုတာကို သိလို႕ပါပဲ။
.
ဒါဟာ တကယ့္ျဖစ္ရပ္မွန္ပါ။ ဒါဘီဟာ စက္ေတြအတြက္ရင္းႏွီးျမဳပ္ႏွံခ့ဲတ့ဲ ေငြေတြကို သူ႕ရဲ႕ အမ်ိဳးေတြဆီက ေခ်းယူခ့ဲတုန္းက အရမ္းငယ္ရြယ္ေသးတ့ဲ လူငယ္ေလးတစ္ေယာက္ပါ။ ဒါေပမ့ဲလည္း သူ႕အမ်ိဳးေတြက သူ႕ကို ယုံၾကည္လို႕ မ်ားျပားတ့ဲ ေငြေတြကို ေခ်းေပးခ့ဲၾကတာပါ။ ဒါဘီကလည္း ဒီေငြေတြကို တစ္ျပားမက်န္ျပန္ဆပ္ခ့ဲပါတယ္။ ဒီလုိဆပ္ႏိုင္ဖို႕ သူ နွစ္အေတာ္ၾကာ အလုပ္လုပ္ခ့ဲရပါတယ္။
.
အခ်ိန္အေတာ္ၾကာ ကုန္လြန္သြားတ့ဲေနာက္မွာေတာ့ ဒါဘီဟာ ေရႊတြင္းမွာ သူဆုံးရွံဳးခဲ့ရတာထက္ အဆေပါင္းမ်ားစြာကို ျပန္လည္ရွာေဖြႏိုင္ခ့ဲပါတယ္။ ဒီလိုရွာေဖြႏိုင္ခ့ဲတ့ဲ လွ်ိဳ႕၀ွက္ခ်က္ကေတာ့ “ျပင္းျပစြာလိုခ်င္တ့ဲစိတ္ Desire ဟာ ေရႊျဖစ္ေစႏိုင္တယ္” ဆိုတာကို သူေတြ႕ရွိခ့ဲလို႕ပါပဲ။ ဒီေတြ႕ရွိခ်က္ကို အသက္အာမခံအေရာင္းလုပ္ငန္းထဲကို ၀င္ေရာက္လုပ္ကိုင္ျပီးတဲ့ေနာက္မွာ သူရရွိခ့ဲတာပါ။
.
ေရႊရွိတ့ဲေနရာရဲ႕ သုံးေပအကြာမွာ ရပ္တန္႕ခ့ဲလို႕ သန္းခ်ီတ့ဲအျမတ္အစြန္းကို ဆုံးရွံဳးခ့ဲျပီးတ့ဲေနာက္ ဒါဘီဟာ ဒီအေတြ႕အၾကံဳ သင္ခန္းစာကို အသုံးခ်ျပီး သူေရြးခ်ယ္ခ့ဲတ့ဲ လုပ္ငန္းမွာ အျမတ္အစြန္းေတြ ရရွိခဲ့ပါတယ္။ သူ႕နည္းလမ္းက ရိုးရိုးေလးပါ။ သူက သူ႕ကိုယ္သူေျပာပါတယ္။ “ငါ ေရႊေၾကာကေန သုံးေပအလိုမွာ ရပ္ခဲ့တယ္။ ဒါေပမဲ့ ငါ အသက္အာမခံ၀ယ္ဦးမလားခင္ဗ်ာ လို႕ေမးတ့ဲအခ်ိန္ လူေတြက No လို႕ ေျဖတ့ဲအခါမွာေတာ့ ငါ ရပ္တန္႕ေတာ့မွာ မဟုတ္ဘူး။”
.
ဒါဘီဟာ တစ္ႏွစ္ကို အသက္အာမခံ ေဒၚလာတစ္သန္းဖိုးေရာင္းရတ့ဲ လူငါးဆယ္ထက္နည္းတ့ဲ လူနည္းစုထဲက တစ္ေယာက္ျဖစ္ေနပါျပီ။ ဒါဟာ ေရႊတြင္းလုပ္ငန္း လုပ္ကိုင္ခဲ့တုန္းက ရခ့ဲတ့ဲ လက္ေလွ်ာ့အရွံဳးေပးျခင္း (Quitability) ဆိုတ့ဲ သင္ခန္းစာအတြက္ စြဲစြဲျမဲျမဲလုပ္ကိုင္ျခင္း (Stickability) နဲ႕ အစားထိုးျပီး သူ႕ကိုယ္သူ ေအာင္ျမင္ေအာင္လုပ္ခ့ဲလိုက္တာပါပဲ။
.
ဘယ္လုိလူမ်ိဳးဆီကိုမဆို ေအာင္ျမင္မွဳဆိုတာမလာခင္ ယာယီရွံးနိမ့္မွဳေတြ ေရာက္လာစျမဲပါ။ တခါတေလဆို ျပင္းထန္တ့ဲက်ဆုံးမွဳေတြေတာင္ ရင္ဆိုင္ရတတ္ပါတယ္။ အရွံဳးက လူကို အႏိုင္ယူသြားတ့ဲအခ်ိန္မွာ အလြယ္ဆုံးနဲ႕ ေၾကာင္းက်ိိဳးဆက္စပ္မွဳ အရွိဆုံးလုပ္ရမွာကေတာ့ ရင္မဆို္င္ေတာ့ပဲ လက္ေလွ်ာ့ထြက္သြားလိုက္ဖို႕ပါ။ ဒါက အရွံဳးနဲ႕ ေတြ႕ၾကံဳရခ်ိန္ လူအမ်ားစု လုံး၀လုပ္ေလ့ရွိတ့ဲ အရာပါပဲ။ အဲ့ဒါေၾကာင့္လည္း လူအနည္းစုကပဲ ေအာင္ျမင္ေနတာေပါ့။
.
အေမရိကန္ျပည္ေထာင္စုမွာရွိတ့ဲ အေအာင္ျမင္ဆုံး လူငါးရာေက်ာ္က တညီတညြတ္တည္း ေျပာခ့ဲတာကေတာ့ “သူတို႕ရရွိခ့ဲတ့ဲ ေအာင္ျမင္မွဳေတြဟာ ရွံဳးနိမ့္မွဳေတြကို သူတို႕ေက်ာ္လႊားႏုိင္ခ့ဲျပီး ေနာက္တစ္ဆင့္မွာတင္ပဲ ရရွိခဲ့ၾကတာပါ” တ့ဲ။ ရွံးနိမ့္မွဳဆိုတာက လူေတြရဲ႕ အားနည္းခ်က္ကိုရွာျပီး လူေတြကို ယိမ္းယိုင္ေစတတ္ပါတယ္။ ၾကီးၾကီးငယ္ငယ္ ဘ၀မွာ အနည္းဆုံးတစ္ၾကိမ္ေတာ့ ကြ်န္ေတာ္တို႕ ရွံဳးနိမ့္မွဳကို ရင္ဆိုင္ရမွာပါ။ လူအမ်ားစုမွားတတ္တ့ဲ အမွားကို ကြ်န္ေတာ္တို႕ လိုက္မမွားမိဖို႕ (အရွံဳးမေပးဖို္႕) လိုပါတယ္။ ေသခ်ာတာက အရွံဳးဆိုတာဟာ ေအာင္ျမင္မွဳရလုနီးပါးျဖစ္ေနတ့ဲ လူတစ္ေယာက္ကို ေျခထိုးရတာ အရမ္းႏွစ္သက္တယ္ ဆိုတာပါပဲ။

ဒီျဖစ္ရပ္မွန္ကေန သင္ခန္းစာေတြ အမ်ားၾကီးရႏိုင္ပါတယ္။

(၁) ေခါင္းထဲက ထြက္ေပၚလာတ့ဲ ေရႊျဖစ္ေစမယ့္ အၾကံဥာဏ္ေတြက ေျမၾကီးထဲက တူးဆြျပီး ရတ့ဲေရႊထက္ တန္ဖိုးရွိပါတယ္။ ေပါက္ခြ်န္းနဲ႕ေပါက္လို႕ရတ့ဲ ေရႊက တြင္းကထြက္သေလာက္ပဲ ရတာပါ။ သင့္ရဲ႕ ကိုယ္ပိုင္ဥာဏ္ အစြမ္းအစနဲ႕ ၾကိဳးစားအားထုတ္မွဳေၾကာင့္ ရလာမ့ဲ ေရႊေတြကေတာ့ အကန္႕အသတ္မရွိပါဘူး။
.
(၂) ဘယ္လုိလုပ္ငန္းမ်ိဳးပဲလုပ္လုပ္၊ ဘယ္လိုနယ္ပယ္မ်ိဳးမွာျဖစ္ျဖစ္ ကိုယ္လုပ္ေနတ့ဲလုပ္ငန္းကို မေအာင္ျမင္ေတာ့ဘူးထင္လို႕ အရွံဳးေပး လက္မေလွ်ာ့ခင္ ကိုယ့္လုပ္ငန္းနယ္ပယ္မွာ တကယ္နားလည္ကြ်မ္းက်င္တ့ဲ ပညာရွင္ကို ေခၚယူေဆြးေႏြး အၾကံဥာဏ္ေတာင္းသင့္ပါတယ္။ သတိျပဳရမွာက လူတကာဆီက အလကားရတ့ဲ အၾကံဥာဏ္ကို မယူပါနဲ႕။ စိန္အေၾကာင္းကို ေဆးရိုးသည္က နားမလည္ပါဘူး။ စက္အေဟာင္း၀ယ္သမားဟာ ပညာရွင္နဲ႕ တိုင္ပင္ျပီး တြက္တတ္ခ်က္တတ္လို႕ စြန္႕ပစ္ေရႊတြင္းကေန ေဒၚလာသန္းခ်ီ ရခ့ဲပါတယ္။
.
(၃) ဆုံးရွံဳးမွဳကို ၾကံဳရတ့ဲအခ်ိန္မွာေတာင္ ေပးခ့ဲတ့ဲ ကတိကို တန္ဖိုးထားပါ။ ဒါဘီ ဟာ ေရႊတြင္းမေအာင္ခ့ဲေပမယ့္ သူ႕အေၾကြးေတြ ေက်ေအာင္ဆပ္ခ့ဲပါတယ္။ ေအာင္ျမင္တ့ဲလူတိုင္းဟာ ကိုယ့္ကိုယ္ကို တန္ဖိုးထားျပီး ကတိတည္ၾကပါတယ္။

(၄) ရွံဳးနိမ့္မွဳတိုင္းကေန သင္ခန္းစာယူပါ။ ဒါဘီဟာ သူ႕ရဲ႕ လက္ေလွ်ာ့အရွံဳးေပးတတ္မွဳေၾကာင့္ တကယ္ရွံဳးခ့ဲတာကို သင္ခန္းစာယူျပီး စြဲစြဲျမဲျမဲလုပ္ကိုင္ျခင္း နဲ႕ အစားထိုးခ့ဲလို႕ ေရႊတြင္းကေပးမယ့္ ေငြထက္ မ်ားျပားတ့ဲေငြေတြရရွိခ့ဲပါတယ္။

(၅) ဘာအေၾကာင္းပဲျဖစ္ျဖစ္ ဘယ္လိုရွံးနိမ့္မွဳပဲၾကံဳၾကံဳ ကိုယ့္ရည္မွန္းခ်က္ကို ဘယ္ေတာ့မွ လက္မေလွ်ာ့လိုက္ပါနဲ႕။ အရွံဳး ျပီးရင္ အႏိုင္ဆိုတာ ေသခ်ာေပါက္လာမွာပါ။

(၆) စြဲစြဲျမဲျမဲ ျပင္းျပင္းျပျပ လိုခ်င္တ့ဲစိတ္ (Desire) သာရွိပါေစ။ သင္လိုခ်င္တ့ဲ အရာ သင္ရလာမွာပါ။

ေနသစ္
Reference: Think and Grow Rich by Napoleon Hill
Credit: Focus Youth E-magazine







<<<Unicode Version>>>


အရှုံးပေးမှာ သေချာပြီလား

လူတိုင်ရှုံးဖူးပါတယ်။ တချို့က အရှုံးနဲ့ရပ်မနေဘဲ ပြန်ထသွားတယ်။ တချို့က တစ်သက်တာလုံး နာလန်မထူနိုင်အောင် ကျရှံုးသွားတယ်။ ပြန်လည်မရပ်တည်နိုင်လောက်အောင်ပြင်းထန်တဲ့ ကျရှံုးမှုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုကတော့ ယာယီအရှံုးတွေ ( ဥပမာ - ငြင်းပယ်ခံရတာ၊ အရွေးမခံရတာ၊ အလုပ်ပြုတ်တာ၊ အင်တာဗျူးမအောင်တာ၊ စာမေးပွဲကျတာ စသဖြင် ့) ကိုယ့်ကို လွှမ်းမိုးလာတဲ့အချိန်မှာ နောက်တစ်ကြိမ်မကြိုးစားတော့ဘဲ လက်လျှော့အရှုံးပေးထွက်ခွာတတ်တဲ့ အကျင့်ကြောင့်ပါပဲ။

ဒေါ်လာသန်းပေါင်းများစွာလက်လွှတ်ခဲ့ရသူ သို့မဟုတ် ရွှေတွင်းမှ သုံးပေအကွာ

ဒီအကြောင်းကို လူတော်တော်များများ သိပါလိမ့်မယ်။ ရွှေတွင်းရောက်ဖို့ လက်တစ်ကမ်းအလိုမှာ ဆုံးရှံုးခဲ့ရတဲ့ ဒါဘီ ဆိုတဲ့လူတစ်ယောက်အကြောင်းပါ။ ရွှေတွင်းကို ဆုံးရှံုးခဲ့ရပြီး သူဘာဖြစ်သွားတယ်လို့ ထင်ပါသလဲ။ ဒါကိုသိတဲ့သူနည်းပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲက စိတ်ဝင်စားစရာကောင်းသလို လူငယ်တွေအတွက် သင်ခန်းစာတွေရစေမှာပါ။ မသိတဲ့လူတွေအတွက် ဒီအကြောင်းရဲ့အစကနေ ပြောပြပါ့မယ်။
.
ရွှေတွင်းတွေ ခေတ်ကောင်းစဉ်ကာလကပေါ့။ ဒါဘီ ဟာ ရွှေတူးချင်တဲ့ ရောဂါထနေပါတယ်။ ရွှေတွင်းရှိရာ နိုင်ငံရဲ့ အနောက်ပိုင်းကို သွားမယ်။ ရွှေတူးမယ်၊ ရွှေတွေ တွေ့ရင် သူချမ်းသာပြီပေါ့။ “လူတစ်ယောက်ရဲ့ ဦးနှောက်ကအကြံဉာဏ်တွေ အသုံးချပြီးရလာမဲဲ့ရွှေတွေက မြေကြီးကို တူးဆွပြိးမှ ရလာမဲ့ ရွှေတွေထက် ပိုများတယ်” ဆိုတာကို သူ ဘယ်တုန်းကမှ ကြားဖူးပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ရွှေလုပ်ကွက်တစ်ခုကို လျှောက်လိုက်တယ်။ ပြီးတော့ ပေါက်ချွန်းတွေ တူးရွင်းပြားတွေနဲ့ အလုပ်လုပ်ဖို့ သူစတင်ထွက်လာခဲ့ပါတယ်။ သွားရတဲ့ လမ်းခရီးကတင် တော်တော်ပင်ပန်းပေမယ့် သူ့ရင်ထဲက ရွှေရှာမယ့် ရည်ရွယ်ချက်ကတော့ အခိုင်အမာပါပဲ။
.
သီတင်းပတ်တော်တော်များများ ကုန်ဆုံးပြီးတဲ့နောက် သူ့ရဲ့ အားထုတ်မှုအတွက် တောက်ပနေတဲ့ ရွှေစပါတဲ့ကျောက်တုံးတွေ ရရှိခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်အတိုင်း ရွှေကြောကိုတွေ့ခဲ့ပါပြီ။ ဒီကျောက်တုံးလေးတွေကို တွင်းပေါ်တင်ဖို့ သူ စက်ကိရိယာတွေ လိုအပ်လာခဲ့တယ်။ ဒါနဲ့ပဲ ရွှေတွင်းကို တိတ်တိတ်ကလေးဖုံးအုပ်ပြီး သူ့အိမ်ကို လာရာလမ်းအတိုင်းပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တော့ သူ့ရွှေတွင်းအကြောင်းကို ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကိုပြောပြလိုက်တယ်။ ဒါဘီ လိုအပ်နေတဲ့ စက်တွေဝယ်ဖို့ ဆွေမျိုးတွေစုပေါင်းပြီး ငွေချေးပေးလိုက်ပါတယ်။ စက်တွေဝယ်ပြီးတော့ ဒါဘီ နဲ့ သူ့ ဦးလေးက ရွှေတွင်းဆီကို နောက်တစ်ခေါက်ပြန်လာခဲ့ကြပါတယ်။
.
ပထမဆုံးတူးဖော်ရရှိခဲ့တဲ့ ရွှေပါတဲ့ကျောက်တုံးတွေ မိုင်းတွင်းသုံးတွန်းလှည်း တစ်စီးစာကို ရွှေအရည်ကျိုတဲ့ နေရာကို တင်ပို့လိုက်ပါတယ်။ ထွက်လာတဲ့ရလဒ်ကတော့ ကော်လိုရာဒိုမှာ ရှိတဲ့ ရွှေအပေါများဆုံးတွင်းတွေထဲက တစ်တွင်းကို သူတို့ပိုင်ဆိုင်နေပြီလို့ သက်သေပြနေပါတယ်။ ဒီလိုတွန်းလှည်းမျိုး နောက်ထပ်အနည်းငယ်လောက် ရလိုက်ရင်ပဲ သူတို့အကြွေးတွေ ကျေသွားပါလိမ့်မယ်။ ဒါပြီးရင်တော့ အမြတ်အစွန်းတွေ အများကြီးလာပါတော့မယ်။
.
အောက်ကို နက်နက်ရှိုင်းရှိုင်း တူးလာလေလေ၊ ဒါဘီ နဲ့ ဦးလေး တို့ရဲ့ မျှော်လင့်ချက်တွေ တောက်ပလာလေပါပဲ။ ဒါပေမဲ့ တစ်ခုခုတော့ ဖြစ်လာခဲ့ပါပြီ။ ဟုတ်ပါတယ် ရွှေကြော၊၊ သူတို့ ရွှေကြောပျောက်သွားခဲ့တယ်။ တူးရင်းဆွရင်းပဲ သူတို့ရဲ့ မျှော်လင့်ချက်သက်တန့်ရောင်ခြည်အဆုံးကို ရောက်လာခဲ့ပြီ။ သူတို့အိပ်မက်မက်ခဲ့တဲ့ ရွှေအိုးကြီး အဲ့ဒီနေရာမှာ ရှိမနေခဲ့ဘူး။ ရွှေကြောကို ပြန်ရှာတွေ့ဖို့ သူတို့ စိတ်ပျက်လက်ပျက်နဲ့ပဲ ဆက်တူးနေခဲ့ပါသေးတယ်။ အသုံးဝင်တဲ့အရာ ဘာမှမတွေ့ရတော့ပါဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ သူတို့ ဒီတွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။
.
သူတို့ရဲ့ ရွှေတူးတဲ့နေရာမှာသုံးတဲ့ စက်တွေကို စက်အဟောင်းတွေဝယ်တဲ့ လူဆီမှာ ဒေါ်လာ ရာဂဏန်းအနည်းငယ်လောက်နဲ့ ရောင်းချခဲ့ပြီး အိမ်ပြန်ရထားပေါ်တက်ခဲ့ရပါပြီ။ အားလုံးပြီးသွားပြီလေ။ တကယ်တော့ မပြီးသေးပါဘူး။ ကံထမ်းလာတာ မမြင်ရဘူးဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ အချို့ အဟောင်းဝယ်သမားတွေက ပညာမတတ် နလပိန်းတုံးတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ မဟုတ်ပါဘူး။ ဒီတွင်းဟာ ရွှေထွက်ဖူးတယ်။ တစ်ခုခုမှားနေလို့သာ မထွက်တော့တာဖြစ်မယ်လို့ အဟောင်းဝယ်သမားက စဉ်းစားမိတယ်။ သူက မိုင်းတွင်းအင်ဂျင်နီယာ တစ်ယောက်ကို ခေါ်ပြီး ပြတယ်။ တွက်ချက်မှုတွေ လုပ်ခိုင်းတယ်။ အင်ဂျင်နီယာက ဒီတွင်းမအောင်တဲ့ အကြောင်းရင်းက အရင် တွင်းပိုင်ရှင်တွေက ရွှေကြောမရောက်ခင်စပ်ကြား တွေ့ရတတ်တဲ့ ရွှေမရှိတဲ့ မြေသားအပိုင်းတွေအကြောင်းကို မသိလို့ပဲ လို့ပြောပြခဲ့တယ်။ သူ့ရဲ့တွက်ချက်မှုအရ “ဒါဘီနဲ့ သူ့ဦးလေးရပ်ခဲ့တဲ့နေရာကနေ နောက်ထပ်သုံးပေဆက်တူးရင် ရွှေကြောကို ပြန်ရောက်ပါလိမ့်မယ်” တဲ့။ လုံးဝအတိအကျပါပဲ။ သုံးပေဆက်တူးပြီးတော့ ရွှေကြောကို တကယ်ရောက်ခဲ့ပါတယ်။ စက်အဟောင်းဝယ်သမားဟာ ဒီရွှေတွင်းကနေ ဒေါ်လာသန်းဂဏန်းလောက် ရသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူဟာ လုပ်ငန်းတစ်ခုကို မစွန့်လွှတ်ခင် ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ အကြံပေးမှုကို ရယူသင့်တယ် ဆိုတာကို သိလို့ပါပဲ။
.
ဒါဟာ တကယ့်ဖြစ်ရပ်မှန်ပါ။ ဒါဘီဟာ စက်တွေအတွက်ရင်းနှီးမြုပ်နှံခဲ့တဲ့ ငွေတွေကို သူ့ရဲ့ အမျိုးတွေဆီက ချေးယူခဲ့တုန်းက အရမ်းငယ်ရွယ်သေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒါပေမဲ့လည်း သူ့အမျိုးတွေက သူ့ကို ယုံကြည်လို့ များပြားတဲ့ ငွေတွေကို ချေးပေးခဲ့ကြတာပါ။ ဒါဘီကလည်း ဒီငွေတွေကို တစ်ပြားမကျန်ပြန်ဆပ်ခဲ့ပါတယ်။ ဒီလိုဆပ်နိုင်ဖို့ သူ နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ရပါတယ်။
.
အချိန်အတော်ကြာ ကုန်လွန်သွားတဲ့နောက်မှာတော့ ဒါဘီဟာ ရွှေတွင်းမှာ သူဆုံးရှံုးခဲ့ရတာထက် အဆပေါင်းများစွာကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုရှာဖွေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ “ပြင်းပြစွာလိုချင်တဲ့စိတ် Desire ဟာ ရွှေဖြစ်စေနိုင်တယ်” ဆိုတာကို သူတွေ့ရှိခဲ့လို့ပါပဲ။ ဒီတွေ့ရှိချက်ကို အသက်အာမခံအရောင်းလုပ်ငန်းထဲကို ၀င်ရောက်လုပ်ကိုင်ပြီးတဲ့နောက်မှာ သူရရှိခဲ့တာပါ။
.
ရွှေရှိတဲ့နေရာရဲ့ သုံးပေအကွာမှာ ရပ်တန့်ခဲ့လို့ သန်းချီတဲ့အမြတ်အစွန်းကို ဆုံးရှံုးခဲ့ပြီးတဲ့နောက် ဒါဘီဟာ ဒီအတွေ့အကြံု သင်ခန်းစာကို အသုံးချပြီး သူရွေးချယ်ခဲ့တဲ့ လုပ်ငန်းမှာ အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။ သူ့နည်းလမ်းက ရိုးရိုးလေးပါ။ သူက သူ့ကိုယ်သူပြောပါတယ်။ “ငါ ရွှေကြောကနေ သုံးပေအလိုမှာ ရပ်ခဲ့တယ်။ ဒါပေမဲ့ ငါ အသက်အာမခံဝယ်ဦးမလားခင်ဗျာ လို့မေးတဲ့အချိန် လူတွေက No လို့ ဖြေတဲ့အခါမှာတော့ ငါ ရပ်တန့်တော့မှာ မဟုတ်ဘူး။”
.
ဒါဘီဟာ တစ်နှစ်ကို အသက်အာမခံ ဒေါ်လာတစ်သန်းဖိုးရောင်းရတဲ့ လူငါးဆယ်ထက်နည်းတဲ့ လူနည်းစုထဲက တစ်ယောက်ဖြစ်နေပါပြီ။ ဒါဟာ ရွှေတွင်းလုပ်ငန်း လုပ်ကိုင်ခဲ့တုန်းက ရခဲ့တဲ့ လက်လျှော့အရှံုးပေးခြင်း (Quitability) ဆိုတဲ့ သင်ခန်းစာအတွက် စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်း (Stickability) နဲ့ အစားထိုးပြီး သူ့ကိုယ်သူ အောင်မြင်အောင်လုပ်ခဲ့လိုက်တာပါပဲ။
.
ဘယ်လိုလူမျိုးဆီကိုမဆို အောင်မြင်မှုဆိုတာမလာခင် ယာယီရှံးနိမ့်မှုတွေ ရောက်လာစမြဲပါ။ တခါတလေဆို ပြင်းထန်တဲ့ကျဆုံးမှုတွေတောင် ရင်ဆိုင်ရတတ်ပါတယ်။ အရှံုးက လူကို အနိုင်ယူသွားတဲ့အချိန်မှာ အလွယ်ဆုံးနဲ့ ကြောင်းကျိိုးဆက်စပ်မှု အရှိဆုံးလုပ်ရမှာကတော့ ရင်မဆို်င်တော့ပဲ လက်လျှော့ထွက်သွားလိုက်ဖို့ပါ။ ဒါက အရှံုးနဲ့ တွေ့ကြံုရချိန် လူအများစု လုံးဝလုပ်လေ့ရှိတဲ့ အရာပါပဲ။ အဲ့ဒါကြောင့်လည်း လူအနည်းစုကပဲ အောင်မြင်နေတာပေါ့။
.
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အအောင်မြင်ဆုံး လူငါးရာကျော်က တညီတညွတ်တည်း ပြောခဲ့တာကတော့ “သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ရှံုးနိမ့်မှုတွေကို သူတို့ကျော်လွှားနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာတင်ပဲ ရရှိခဲ့ကြတာပါ” တဲ့။ ရှံးနိမ့်မှုဆိုတာက လူတွေရဲ့ အားနည်းချက်ကိုရှာပြီး လူတွေကို ယိမ်းယိုင်စေတတ်ပါတယ်။ ကြီးကြီးငယ်ငယ် ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ကျွန်တော်တို့ ရှံုးနိမ့်မှုကို ရင်ဆိုင်ရမှာပါ။ လူအများစုမှားတတ်တဲ့ အမှားကို ကျွန်တော်တို့ လိုက်မမှားမိဖို့ (အရှံုးမပေးဖို့်) လိုပါတယ်။ သေချာတာက အရှံုးဆိုတာဟာ အောင်မြင်မှုရလုနီးပါးဖြစ်နေတဲ့ လူတစ်ယောက်ကို ခြေထိုးရတာ အရမ်းနှစ်သက်တယ် ဆိုတာပါပဲ။

ဒီဖြစ်ရပ်မှန်ကနေ သင်ခန်းစာတွေ အများကြီးရနိုင်ပါတယ်။

(၁) ခေါင်းထဲက ထွက်ပေါ်လာတဲ့ ရွှေဖြစ်စေမယ့် အကြံဉာဏ်တွေက မြေကြီးထဲက တူးဆွပြီး ရတဲ့ရွှေထက် တန်ဖိုးရှိပါတယ်။ ပေါက်ချွန်းနဲ့ပေါက်လို့ရတဲ့ ရွှေက တွင်းကထွက်သလောက်ပဲ ရတာပါ။ သင့်ရဲ့ ကိုယ်ပိုင်ဉာဏ် အစွမ်းအစနဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာမဲ့ ရွှေတွေကတော့ အကန့်အသတ်မရှိပါဘူး။
.
(၂) ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်၊ ဘယ်လိုနယ်ပယ်မျိုးမှာဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့လုပ်ငန်းကို မအောင်မြင်တော့ဘူးထင်လို့ အရှံုးပေး လက်မလျှော့ခင် ကိုယ့်လုပ်ငန်းနယ်ပယ်မှာ တကယ်နားလည်ကျွမ်းကျင်တဲ့ ပညာရှင်ကို ခေါ်ယူဆွေးနွေး အကြံဉာဏ်တောင်းသင့်ပါတယ်။ သတိပြုရမှာက လူတကာဆီက အလကားရတဲ့ အကြံဉာဏ်ကို မယူပါနဲ့။ စိန်အကြောင်းကို ဆေးရိုးသည်က နားမလည်ပါဘူး။ စက်အဟောင်းဝယ်သမားဟာ ပညာရှင်နဲ့ တိုင်ပင်ပြီး တွက်တတ်ချက်တတ်လို့ စွန့်ပစ်ရွှေတွင်းကနေ ဒေါ်လာသန်းချီ ရခဲ့ပါတယ်။
.
(၃) ဆုံးရှံုးမှုကို ကြံုရတဲ့အချိန်မှာတောင် ပေးခဲ့တဲ့ ကတိကို တန်ဖိုးထားပါ။ ဒါဘီ ဟာ ရွှေတွင်းမအောင်ခဲ့ပေမယ့် သူ့အကြွေးတွေ ကျေအောင်ဆပ်ခဲ့ပါတယ်။ အောင်မြင်တဲ့လူတိုင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကတိတည်ကြပါတယ်။

(၄) ရှံုးနိမ့်မှုတိုင်းကနေ သင်ခန်းစာယူပါ။ ဒါဘီဟာ သူ့ရဲ့ လက်လျှော့အရှံုးပေးတတ်မှုကြောင့် တကယ်ရှံုးခဲ့တာကို သင်ခန်းစာယူပြီး စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်း နဲ့ အစားထိုးခဲ့လို့ ရွှေတွင်းကပေးမယ့် ငွေထက် များပြားတဲ့ငွေတွေရရှိခဲ့ပါတယ်။

(၅) ဘာအကြောင်းပဲဖြစ်ဖြစ် ဘယ်လိုရှံးနိမ့်မှုပဲကြံုကြံု ကိုယ့်ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။ အရှံုး ပြီးရင် အနိုင်ဆိုတာ သေချာပေါက်လာမှာပါ။

(၆) စွဲစွဲမြဲမြဲ ပြင်းပြင်းပြပြ လိုချင်တဲ့စိတ် (Desire) သာရှိပါစေ။ သင်လိုချင်တဲ့ အရာ သင်ရလာမှာပါ။

နေသစ်
Reference: Think and Grow Rich by Napoleon Hill
Credit: Focus Youth E-magazine



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths