Thursday, July 14, 2016

အများနဲ့မတူသောလူ

ကွေးကောက်နေတဲ့သစ်ပင်

*********************

တစ်ခါတုန်းက သစ်တောကြီးထဲမှာ တခြားသစ်ပင်တွေနဲ့မတူပဲ ကွေးကောက်ပြီးရှင်သန်နေတဲ့ သစ်ပင်လေးတစ်ပင်ရှိပါသတဲ့။ အများစုနဲ့မတူတဲ့ သူ့ကိုတခြားသစ်ပင်တွေက အရေးမလုပ်တဲ့အပြင် ရှောင်ဖယ်ကြတယ်။ ကွေးကောက်နေတဲ့ သစ်ပင်လေးဟာ တခြားသစ်ပင်တွေကြားမှာ အမြဲသိမ်ငယ်ရလို့ သူ့ဘဝကို အမြဲမကျေမနပ်ဖြစ်မိနေခဲ့တယ်။

တနေ့မှာတော့ သစ်ခုတ်သမားတွေဟာ သစ်တောကြီးထဲကို ရောက်လာပြီး သစ်ပင်တွေကိုခုတ်ကြတယ်။ သစ်ပင်အားလုံးနီးပါးဟာ ပရိဘောဂနဲ့တခြားလူသုံးကုန်တွေပြုလုပ်ဖို့ ပစ်လှဲအခုတ်ခံကြရတယ်။

ကွေးကောက်နေတဲ့သစ်ပင်လေးရှေ့ကိုရောက်လာတဲ့ သစ်ခုတ်သမားဟာ စဉ်းစားတယ်။ ဒီအပင်ဟာ ခုံတစ်ခုံလုပ်တဲ့နေရာမှာတောင်အသုံးမဝင်လောက်ဘူးဆိုပြီးချန်ထားခဲ့တယ်။ ဒီတော့မှ အမြဲအားငယ်ခဲ့ရတဲ့ သူဘဝကို ပြန်ပြီးတန်ဖိုးထားမိခဲ့ပါတော့တယ်။

သင်ခန်းစာ : အများစုနဲ့မကိုက်ညီတိုင်း မှားနေတာမဟုတ်ပါဘူး။ ဒီအတွက်သိမ်ငယ်စရာလဲမရှိသလို နှိမ်ချစရာလဲ မလိုဘူး။ သူ့နေရာနဲ့သူတော့ တန်ဖိုးရှိကြတာပါပဲ။

credit : sunnyskyz


မြောက်အမေရိကတိုက်ကို အများစုဆိုတဲ့ လူတွေကစတွေ့ခဲ့တာ မဟုတ်သလို လျှပ်စစ်မီးကို လူအများကြီးက စတင်ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ဘူး။

အသစ်ရှာဖွေတွေ့ရှိမှုအများစုဟာ အများစုဖြစ်တဲ့၉၉ရာခိုင်နှုန်းထဲက လာတာမဟုတ်ဘူး။ အများနဲ့မတူတဲ့ ၁ ရာခိုင်နှုန်းတွေကပဲ ကမ္ဘာကို အများဆုံး လမ်းပြဦးဆောင်ခဲ့ကြတာကိုမမေ့ပါနဲ့။


Credit : မှတ်စုကြမ်း ‪#‎nayaung‬



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths