ဒဏ်ရာကြောင့် ရောဂါပိုးဝင်ပြီး သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ကျွမ်းကျွင်သူတွေက သုံးသပ်ကြပါတယ်။
လူသားတွေနဲ့ အနီးဆုံးအိမ်မွေးတိရိစ္ဆာန်ဟာ ကြောင်ဖြစ်ပေမယ့် အိမ်မှာ မွေးထားတဲ့ ကြောင်တစ်ကောင်ကြောင့် အသက်သေဆုံးသွားရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်တစ်ခု အမေရိကမှာ ဖြစ်ပွားခဲ့ပါတယ်။
အိမ်မွေးတိရစ္ဆာန်တစ်ကောင် အကိုက်ခံရခြင်းဟာ ထူးဆန်းတဲ့ ကိစ္စတစ်ရပ်မဟုတ်သလို အမေရိကမှာနှစ်စဉ် လူပေါင်း သုံးသောင်းကျော်လောက် အိမ်မွေး တိရိစ္တာန် အကိုက်ခံရလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံ တိုရွန်တိုမြို့မှာ ကြောင်အကိုက်ခံရတဲ့ အမျိုးသားဟာ ဒဏ်ရာကြောင့် ရောဂါပိုးဝင်ပြီး သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ကျွမ်းကျွင်သူတွေက သုံးသပ်ကြပါတယ်။
အိမ်မှာမွေးထားတဲ့ ကြောင်တစ်ကောင်က အဆိုပါအမျိုးသားရဲ့ ညာဘက်လက်မောင်းကို ကိုက်မိခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာမှာ ဒဏ်ရာကတစ်ဆင့် ရောဂါပိုးဝင်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန် အကိုက်ခံရတိုင်း ဒီလိုအဖြစ်ဆိုး ကြုံတွေ့ရတာမဟုတ်ပဲ နှလုံးရောဂါ ပြဿနာ ရှိသူတွေလည်း ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူ ဆရာဝန်တွေက ပြောပါတယ်။
အိမ်မွေးတိရိစ္ဆာန် အကိုက်ခံရပြီးနောက် အခုလို သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မျိုးဟာ အရက်အလွန်အကျွံ သောက်သုံးသူတွေမှာလည်း အလွယ်တကူ ရောဂါပိုး ဝင်ပြီး ကူးစက်ခံရနိုင်တယ်လို့ ကျွမ်းကျင်သူ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။
Credit - Duwun
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment