စီချွမ်နယ်သားတွေက အစပ်ကြိုက်ကြပါတယ်။
ဇူလိုင် ၂ ရက်နေ့က တရုတ်နိုင်ငံမှာ ငြုပ်သီးအစားပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ယူနန်ပြည်နယ် လီကျန်းမြို့က ငြုပ်သီးအစားပြိုင်ပွဲဟာ သာမာန်လူအတွက်တော့ ဝင်ပြိုင်ဖို့မဆိုထားနဲ့ စိတ်ကူးကြည့်ဖို့တောင် ခက်ပါလိမ့်မယ်။
ခူးဆွတ်ထားတဲ့ ငြုပ်သီးစပ်စပ်တွေကို ရေဖြည့်ထားတဲ့စည်ပိုင်းထဲမှာ ထည့်ထားပြီး ပြိုင်ပွဲဝင်သူက စည်ပိုင်းထဲထိုင်ကာ ငြုပ်သီးတွေပြိုင်စားရတာပါ။
ငြုပ်သီးစားချန်ပီယံဆုကို ဆွတ်ခူးသွားသူကတော့ စီချွမ်နယ်သားတစ်ဦးက ရသွားပါတယ်။ ငြုပ်သီး ၄၇ တောင့်ကို ၂ မိနစ်အတွင်း အကုန်စားပြကာ ချန်ပီယံဖြစ်သွားခဲ့တာပါ။ ချန်ပီယံဆုတံဆိပ်အဖြစ် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ငြုပ်သီးတောင့်ကို ချီးမြှင့်ခဲ့ပါတယ်။
Credit - Duwun
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment