<<<Zawgyi Version>>>
<<<Unicode Version>>>
မပေါင်းအပ်သော လူ (၃) မျိုး
--------
မိမိတို့နေထိုင်ရာ လောကကြီးတွင် သူငယ်ချင်းအဖြစ် မပေါင်းသင့်၊မပေါင်းအပ်သော လူများ၏ အကြောင်းများကို ဖော်ပြလိုက်ပါတယ်။
၁။ အလိုက်သင့်ပေါင်းပြီး အတွင်းကြိတ်မကောင်းကြံသောသူ
မိမိအား အလိုက်သင့် ရေလိုက်ငါးလိုက် ပေါင်းသင်းကာ မိမိအားနည်းချက်များကို အခွင့်ကောင်းယူကာ တိုက်ခိုက်တက်သော သူမျိုးပင်ဖြစ်သည်။ သူတစ်ပါးမျက်ရည်ကို လမ်းခင်းကာ နင်းချေပစ်လေ့ရှိသော သူများပင် ဖြစ်သောကြောင့် ထိုသူမျိုးကို စွန့်ခွာသင့်ပါတယ်။
၂။ လိုရင် တစ်မျိုး၊ မလိုရင် တစ်မျိုး ဆက်ဆံတက်သူ
မိမိထံမှ အခွင့်အရေးလိုချင်လျင် တစ်မျိုး၊ အခွင့်အရေး မရနိုင်လျင် တစ်မျိုး၊ အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲဆက်ဆံတက်သော သူများကို ရှောင်ကျဉ်သင့်ပါတယ်။ မိမိအောင်မြင်ချိန်တွင် မိမိထံ၌ ရှိနေပြီး ကျရှံူးချိန်တွင် စွန့်ခွာတက်သော “သာကူး” လူမျိုးပင် ဖြစ်သည်။
၃။ မိမိကောင်းစားရေးအတွက် သူတစ်ဖက်သားကို ချောက်တွန်းတက်သူ
မိမိလျောက်လှမ်းရာ ခြေလှမ်းတိုင်းတွင် သူတစ်ပါးကို နင်းချေပြီး လျှောက်တက်သော လူစားမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော မိမိကိုယ်တိုင်ဘဝကို မတည်ဆောက်ဘဲ သူတစ်ပါးကျရှုံးမှ မိမိဘဝအောင်မြင်မည်ဟု တွေးထင်တက်သော လူမျိုးပင်ဖြစ်သည်။
သူငယ်ချင်းတို့ရေ ။ ။ သင့်ပတ်ဝန်းကျင်မှာ ယခုဖော်ပြထားတဲ့ လူ (၃) မျိုး ရှိနေခဲ့ရင်တော့ အပေါင်းအသင်းမလုပ်ဖို့ ကြိုတင်သတိပေးလိုက်ပါရစေ ။ ။
Credit to Original uploder
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment