ဈေးဝယ်ခြင်းဟာ အမျိုးသမီးများအနှစ်သက်ဆုံးအလေ့အဖြစ်သလို စိတ်အပန်းေ ဖြနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ ဈေးဝယ်ရာမှာ တစ်ဖက်ကမ်းခပ်အောင်တော် ပါတယ်ဆိုတဲ့ ဖက်ရှင်ဘုရင်မတွေတောင်တခါတလေမှာ အမှားလေးတွေ ကြုံရ တတ်ပါတယ်။အသုံးမတည့်လို့ လွှတ်ပစ်ရတာမျိုး၊ အိတ်ထဲမှာအလုံပိတ်ပြီး အ ခန်းထဲမှာထည့်ထားတာမျိုး၊ ၀ယ်ပြီးမှနောင်တရတာမျိုးမဖြစ် ရလေအောင် ဈေးဝယ်မှားစေတဲ့အချက်ကလေးတွေကို စာရင်းပြုစုတင်ပြလိုက်ပါတယ်။ Credit : Candy Magazine
၂။ လျော့ဈေးချ၍ ၀ယ်ခြင်း
လျော့ဈေးချတုန်းဝယ်လိုက်တယ်ဆိုတာမျိုးမဖြစ်ပါစေနဲ့ ။ ဘာ့ကြောင့်လဲဆိုတော့ လျော့ဈေးကြောင့်အများကြီးဝယ်လိုက်ပေမယ့် အသုံးမလိုတာတွေ၊ ကွာလတီမကောင်းတာတွေလည်းရှိတတ်ပါတယ်။
၃။ အစာအ၀တပြဲစားပြီးနောက်မှ ဈေးဝယ်ထွက်ခြင်း
၅။ သေးလွန်းသော (သို့ )
<< Unicode Version>>
စျေးဝယ်ခြင်းဟာ အမျိုးသမီးများအနှစ်သက်ဆုံးအလေ့အဖြစ်သလို စိတ်အပန်းေ ဖြနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ စျေးဝယ်ရာမှာ တစ်ဖက်ကမ်းခပ်အောင်တော် ပါတယ်ဆိုတဲ့ ဖက်ရှင်ဘုရင်မတွေတောင်တခါတလေမှာ အမှားလေးတွေ ကြုံရ တတ်ပါတယ်။အသုံးမတည့်လို ့လွှတ်ပစ်ရတာမျိုး၊ အိတ်ထဲမှာအလုံပိတ်ပြီး အ ခန်းထဲမှာထည့်ထားတာမျိုး၊ ၀ယ်ပြီးမှနောင်တရတာမျိုးမဖြစ် ရလေအောင် စျေးဝယ်မှားစေတဲ့အချက်ကလေးတွေကို စာရင်းပြုစုတင်ပြလိုက်ပါတယ်။ Credit : Candy Magazine
၁။ မိမိ၀ယ်မယ့်အဝတ်အစားများအား အစမ်းမဝတ်ကြည့်ခြင်း
ဆိုင်တော်တော်များများက ပစ္စည်းပြန်လဲဖို ့အဆင်မပြေတတ်ပါဘူး။ ဒ့ါကြောင့် ကောင်တာမှာငွေမရှင်းခင် အရင်ဝတ်ကြည့်ပါ။ ဒါမှသာအရုပ်မှာချိတ်ထားတဲ့အဝတ်အစားတွေက ကိုယ်နဲ ့တော်မတော်၊ ကြည့်ကောင်းမကောင်းသိနိုင်ပါလိမ့်မယ်။
၂။ လျော့စျေးချ၍ ၀ယ်ခြင်း
လျော့စျေးချတုန်းဝယ်လိုက်တယ်ဆိုတာမျိုးမဖြစ်ပါစေနဲ ့။ ဘာ့ကြောင့်လဲဆိုတော့ လျော့စျေးကြောင့်အများကြီးဝယ်လိုက်ပေမယ့် အသုံးမလိုတာတွေ၊ ကွာလတီမကောင်းတာတွေလည်းရှိတတ်ပါတယ်။
၃။ အစာအဝတပြဲစားပြီးနောက်မှ စျေးဝယ်ထွက်ခြင်း
ဒီလိုအချိန်မျိုးဟာ စျေးဝယ်ထွက်ဖို ့အဆင်မပြေဆုံးအချိန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ အစာစားထားတာကြောင့် ကိုယ်ခန္တာအရွယ်အစားက သာမန်ထက်ပိုကြီးနေပါတယ်၊ ဒါ့ကြောင့် အဝတ်အစားဝယ်ရာမှာ မိမိ၀ယ်နေကျဆိုဒ်ကိုပဲ မတော်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျက်စေတာမျိုး၊ ၀နေတယ်လို ့ခံစားရတာမျိုးမဖြစ်ရလေအောင် အစာမစားခင်စျေးဝယ်ထွက်သင့်ပါတယ်။
၄။ တစ်ခုခုဝယ်ဖို ့ငွေချွေတာနေချိန်မှာ မဝယ်ပါနှင့်
ခရီးတစ်ခုခု (သို ့) ပစ္စည်းတခုခုဝယ်ဖို ့ငွေစုနေပါသလား။ ကိုယ်ရည်ရွယ်ထားတဲ့ ငွေပမာဏမရောက်သေးခင်မှာ သွားနေကျစျေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေထဲလှည့်ပတ်ကြည့်တာမျိုးကို အတက်နိုင်ဆုံးရှောင်ပါ။သေးသေးမွှားမွှားလေးပဲဖြစ်ဖြစ် မကြာခဏဝယ်ခြင််းဟာလည်း သင့်ဦးတည်ချက်ကိုပျက်ပြားစေပါတယ်။
၅။ သေးလွန်းသော (သို ့)
ကြီးလွန်းသောအဝတ်များအားအသုံးအတည့်သော်လည်း ကြိုက်၍ဝယ်ခြင်း
သေးလွန်း၊ကြီးလွန်းသော အဝတ်များကို ကိုယ်ကြိုက်ရုံသက်သက်ကြောင့်မဝယ်သင့်ပါဘူး။ သင့်ဘီဒိုထဲမှာ အသုံးမလိုဘဲ အမှိုက်ရှုပ်စေပါတယ်။
၆။ အရည်အသွေးထက် အရေအတွက်ကိုဦးစားပေးဝယ်ခြင်း
အရေအတွက်များများပါခြင်းဟာ ကွာလတီကောင်းခြင်းကိုအာမ မခံပါဘူး ။ နောက်ပြီး အများကြီးဝယ်ထားခြင်းဖြင့်လည်း ငွေအကုန်မခံသင့်ပါဘူး။ အများဆုံး၂ခုလောက်သာဝယ်သင့်ပါတယ်။ တကယ်တော့စျေးဝယ် ခြင်း က ပျော်စရာကောင်းတဲ့ အလေ့အထဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကေ လးများ ကို သိရှိထားခြင်းဖြင့် မိမိအတွက်အသုံးတည့်မယ့့် ပစ္စည်းလေးတွေ ကိုပဲရွေးဝယ်နိုင်စေရန်ရည်ရွယ်လျက် တင်ဆက်ရေးသားလိုက်ရပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment