Wednesday, July 15, 2015

အိမ်ရှင်မတွေအတွက်ပါ

အပူလောင်လျှင် အမြန်ဆုံးသက်သာပြီး အမာရွတ် မထင်စေမည့် နည်းများ
-------------------------------------------------------------------------------
အိမ်ရှင်မတွေ ဟင်းချက်တဲ့အခါမှာ ဖြစ်ဖြစ်၊ ဖယောင်းတိုင် ထွန်းရာမှာဖြစ်ဖြစ် ရုတ်တရက် ဟင်းရည်ပူလောင်တာ၊ မီးပူလောင်တာတွေ ဖြစ်ဖူးကြမှာပါ။ အဲဒီအခါမှာ မီးပူလောင်တဲ့ နာကျင်မှု သက်သာပြီး အနာကျက်နှုန်းမြန်ကာ အမာရွတ်မထင်စေဖို့ သဘာဝအိမ်တွင်း ကုထုံးတွေ ရှိပါတယ်။

ရေခဲ မကပ်ပါနှင့်

ရေခဲကပ်တာကြောင့် အရေပြားထဲကို သွေးလှည့်ပတ်စီးဆင်းမှု လျော့ကျသွားတဲ့အပြင် နောက်ထပ် တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအစား မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချပြီး အနည်းဆုံး မိနစ် ၂၀ ကြာထားပါ။ ရှားစောင်းဟာ မီးလောင်ဒဏ်ရာ အတွက် အသုံးဝင်တဲ့ အိမ်တွင်းကုထုံးဖြစ်ပြီး နာကျင်မှုနဲ့ ရောင်ရမ်းမှုရပ်တန့်ကာ ဖောရောင်မှု လျော့ကျစေပြီး အရေပြားကြီးထွားအောင် ပြန်လည်ပြုပြင်ပေးပါတယ်။

ပူရှိန်းသွားတိုက်ဆေး လိမ်းပါ

အိမ်သုံး ပူရှိန်း သွားတိုက်ဆေးကို မီးလောင်ဒဏ်ရာငယ် သက်သာစေဖို့ အိမ်တွင်းပစ္စည်းအနေနဲ့ သုံးနိုင်ပါတယ်။ ရေအေးလောင်းချထားတဲ့ အပူလောင်နေရာပေါ်မှာ သွားတိုက်ဆေးသုတ်ပြီး စက္ကူပဝါစနဲ့ ခြောက်သွေ့အောင်ကပ်ပါ။ ပြီးမှ သွားတိုက်ဆေးအလွှာ ထပ်လိမ်းပါ။

လက်ဖက်အိတ်ကပ်ပါ
လက်ဖက်ခြောက်မှာ တန်းနစ်အက်စစ် ပါဝင်ပြီး အပူလောင်ဒဏ်ရာက အပူတွေကို ဆွဲယူကာ နာကျင်မှုနည်းအောင် လုပ်ဆောင်ပေးပါတယ်။ မီးလောင်ဒဏ်ရာပေါ်မှာ စိုစွတ်တဲ့ လက်ဖက်အိတ်ကပ်ပြီး အေးမြတဲ့အထိထားပါ။

ရှလကာရည်လိမ်းပါ

ရှလကာရည်မှာ အက်စီးတစ်အက်စစ် ပါဝင်တဲ့အတွက် မီးလောင်ဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုဝေဒနာတို့ကို သက်သာစေပါတယ်။ ပိုးသတ်အာနိသင် ရှိတာကြောင့် အပူလောင်တဲ့ ဒဏ်ရာကို ကူးစက်ပိုးမဝင်အောင် ဟန့်တားပေးနိုင်ပါတယ်။ ရှလကာရည်ကို ရေနဲ့ဖျော်ပြီး ပဝါမှာဆွတ်ကာ အပူလောင်ဒဏ်ရာပေါ် ညင်ညင်သာသာ အုပ်ပေးရမှာပါ။

ပျားရည်သုတ်လိမ်းပါ

ပျားရည်ဟာ သဘာဝ ပိုးသတ်ဆေးပါ။ အပူလောင်ဒဏ်ရာတွေကို ကူးစက်ပိုးဝင်မှုမရှိအောင် ပျားရည်က ကာကွယ်ပေးပါတယ်။ ပျားရည်မှာ သဘာဝစံ မျှတစေတဲ့ အာနိသင်ရှိတာကြောင့် အပူလောင်ရာပေါ် သုတ်လိမ်းပေးရင် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ပျားရည်က အရေပြား မီးလောင်ဒဏ်ရာကို အေးမြစေပြီး နာကျင်မှု သက်သာကာ အရေပြားကို အနာကျက်စေပါတယ်။

နွားနို့ထဲ စိမ်ပါ

နွားနို့ထဲက အဆီနဲ့ ပရိုတင်းဓာတ်ဟာ မီးလောင်ဒဏ်ရာကို သက်သာစေပြီး အနာကျက်မြန်စေပါတယ်။ မီးလောင်ဒဏ်ရာကို နို့ထဲမှာ အချိန် ၁၅ မိနစ်ကြာ စိမ်ထားလိုက်ပါ။

အုန်းဆီ လိမ်းပါ

အုန်းဆီမှာ ဗီတာမင်အီးလို အရေပြားအနာ ကျက်စေတဲ့ အာနိသင်နဲ့ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယား စတာတွေကို တွန်းလှန်ပေးနိုင်တဲ့ ဖက်တီးအက်စစ် ပါဝင်ပါတယ်။ ဒါကြောင့် အပူလောင်ဒဏ်ရာကို ကူးစက်ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်စီနှင့် ဗီတာမင်အီးသုံးပါ

ဗီတာမင်စီက အနာကျက်စေပြီး အရေပြားအသစ်ဖြစ်စေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးပါတယ်။ ဗီတာမင်အီးဟာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး အရေပြားကို ပြန်လည်ပြုပြင်ပေးတာနဲ့ ကာကွယ်တာတို့ကို လုပ်ဆောင်ပေးပါတယ်။ အပူလောင်ဒဏ်ရာ အနာကျက်စေဖို့ ဗီတာမင်စီနဲ့ ဗီတာမင်အီးပါဝင်တဲ့ အစားအစာတွေကို စားပါ။ ဒါမှမဟုတ် တစ်ပတ်မှာ ဗီတာမင်စီ ၂၀၀၀ မီလီဂရမ် ဒါမှမဟုတ် ဗီတာမင်အီး ၁၀၀၀ အိုင်ယူ မှီဝဲပါ။ ဗီတာမင်အီး ဆေးတောင့်ကို ဖောက်ပြီး မီးလောင်ဒဏ်ရာပေါ် တိုက်ရိုက် သုတ်လိမ်းပေးတာကြောင့် အနာကျက်ကာ အမာရွတ်မထင်အောင် ကာကွယ်ပေးပါတယ်
မင်းသိကြား(အသိပညာဗဟုသုတ)
owner admin

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths