ခံတွင်း သန့်စင် ပလုပ်ကျင်း ဆေးရည်များ သည် ရေရှည် တွင် နှလုံးကျန်းမာရေး ကို ထိခိုက်သည့် ဆိုးကျိုး မျိုး သက်ရောက်စေ တတ်ကြောင်း သုတေသီများ က သတိပေး ပြောကြားလိုက်သည်။
အဆိုပါ ဆေးရည်များ တွင် ပါရှိ သည့် ပိုးသတ်ဆေး များက လူ့ ကျန်းမာရေးကို အထောက် အကူ ဖြစ်စေ သည့် အကျိုးပြု ဘက်တီးရီးယားများ ကိုပါ သေစေတတ်ကြောင်း ပညာရှင်များ က မှတ်ချက်ပြုခဲ့သည်။
ဗြိတိန်နိုင်ငံ မှ သုတေသီများ က ဈေးကွက် ထဲရှိ ခံတွင်းသန့်စင် ပလုပ်ကျင်း ဆေးရည် အမှတ်တံဆိပ် အများ အပြားကို စုဆောင်းလေ့လာပြီး အကျိုး သက်ရောက်မှုများ ကို စိစစ် မှတ်သား ခဲ့ကြသည်။
ယင်းတို့ အနက် Corsodyl အမည်ရှိ အမှတ်တံဆိပ် သည် နေ့စဉ် ပျမ်းမျှ (၂)ကြိမ် အထက်သုံး စွဲခြင်းဖြင့် သွေးတိုး လာတတ်သည်ကို ပါ တွေ့ရှိခဲ့ရသည်။ Corsodylသည် ရောဂါပိုးမွှားများ ကို သေစေပြီး အနာ ကျက်စေသည့် ဓာတုဆေးဝါးမျိုး အားကောင်းပြင်းပြ စွာ ထည့်သွင်းထား သည့် ပလုပ်ကျင်းဆေး ရည်ဖြစ်သည်။
ယခု သုတေသန စစ်တမ်း ကို ဦးဆောင်သည့် ပရော်ဖက်ဆာ အမ်ရီတာ အော်လူဝါလီရာက Corsodyl ကဲ့သို့ ပလုပ်ကျင်းဆေးရည်မျိုး သည် အသုံးပြုပြီး နာရီအနည်းငယ် အတွင်း သွေးဖိအား ကိုသိသိ သာသာ မြင့် တက်လာစေတတ်ကြောင်း သတိပေးခဲ့သည်။
“ပြောရမယ် ဆိုရင် နေ့တိုင်းနေ့တိုင်း ပိုးတွေကို သတ်ပစ်နေတယ် ဆိုတာက ကပ်ဘေး တစ်ခုပါပဲ။ ဒီထဲမှာ လူ့ ခန္ဓာကိုယ် ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ပါ ပါကုန်ကြတယ်။ ပြီးတော့ ဒီဆေးရည်တွေ အသုံးပြု ပြီးချိန်မှာ သွေးတိုးနှုန်း နည်းနည်း တက်လာတာက နှလုံးရောဂါတွေ နဲ့လေဖြတ် မှုတွေ ဖြစ်နိုင်ခြေကို အားပေး အားမြှောက် ဖြစ်စေကြောင်း ထင်ရှား တဲ့ ညွှန်ကိန်း တစ်ခုပါပဲ”ဟု သူမက ပြောဆိုသွားသည်။
သုတေသီ များက ကျန်းမာရေး ကောင်းသူ (၁၉) ဦးကို နေ့စဉ်နေ့တိုင်း Corsodyl နှစ်ကြိမ် အသုံးပြုစေပြီး စမ်းသပ် ခဲ့သည်။ ထိုအခါ သွေးပေါင်ချိန် သည် (၂) မှ (၃.၅) ကြား ယူနစ် မျှ တိုးပွားလာသည် ကို တွေ့ရှိ အဖြေထုတ်နိုင် ခဲ့သည်။
သွေးပေါင်ချိန် (၂) ယူနစ် တိုးခြင်း သည် နှလုံးဖောက်ပြန် သေဆုံးနိုင်ခြေ ကို သာမန်ထက် (၇) ရာခိုင်နှုန်း မြင့် တက်စေသည့် အချိုး အစားဟု သုတေသီများက ယူဆထားသည်။
ref-ဖိုးသူတော်
Credit : MWD
အောင်မြင့်မြတ်
Monday, September 21, 2015
2:48 PM
ခံတွင်းသန့်စင်သည့်ပလုတ်ကျင်းဆေးရည်များကနှစ်လုံးကိုထိခိုက်စေနိုင်
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment