(၁)သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ Anthocyanin ဓာတ်တို့က ရင် သားကင်ဆာ မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာ ဝေဒနာသည်များ စားသုံးပေး ခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်မပြန့်ပွားနိုင်အောင် သပြေသီးမှည့်တွေက ဟန့်တားပေးနိုင် ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology (ခေါ်) ဆေး ပညာဂျာနယ်မှာ အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island (ခေါ်) ဆေးဝါးတက္ကသိုလ်မှာ သပြေသီး မှည့်တွေကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိရောက်ရောက်ကာကွယ်ပေး နိုင်တယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။
(၂)၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သပြေသီးမှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေး ထဲရှိဂလူးကို့စ်ပမာဏကို ကျစေရုံမျှမက၊ အစာအိမ်အက်ဆစ် အထွက်များခြင်းတို့ကိုပါ ကာကွယ်ပေး နိုင်တယ်လို့ အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။
(၃)အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့၍ စားပေးပါ။
(၄)သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင် သော ပန်ကရိယကိုအားကောင်းစေပါတယ်။ အဲဒီလိုပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့် ဆီးချို ရောဂါဝေဒနာသည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။
(၅)လိပ်ခေါင်း သွေးယိုစီးသူများအနေဖြင့် နံနက်စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့် စားပေး ခြင်းဖြင့် လွန်စွာဆေးစွမ်းထက်စေပါတယ်။
(၆)သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး အသည်းကြီးခြင်းမှလည်း ကာ ကွယ်ပေးပါတယ်။
(၇)ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။
(၈)သပြေသီးရဲ့ သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါ တယ်။
(၉)ဝမ်းဗိုက်အတွင်းထဲသို့ မတော်တဆ ဆံပင်၊ ဆံစများနဲ့ သံမှုံ၊ သံစများ ဝင်သွားတဲ့အခါ သပြေ သီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆို ထားပါတယ်။
(၁၀)သပြေသီးမှည့်သတ္တုရည်ကို အဝတ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ငါးရက်ခန့်ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၎င်းကို သပြေသီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်းနှင့် ကာလဝမ်းရောဂါတို့အတွက် သောက်သုံးပေးနိုင်ပါတယ်။
(၁၁)သပြေသီးမှည့် ငါးလုံးကိုနံနက်တိုင်း ၁၅ ရက်တိတိ စားပေးရင်း၊ သပြေပင်စည်အခေါက်မှုန့် တစ်ကျပ်သားကို နေ့စဉ်ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလိုအသီးရော၊ ပင်စည်အခေါက်မှုန့်တို့ကိုပါ နေ့စဉ်တွဲစားပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေနိုင်ပါတယ်
ref===ဖိုးသူတော်
credit===ကြေးမုံသတင်းစာ
အောင်မြင့်မြတ်
Monday, September 21, 2015
2:51 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment