Saturday, September 26, 2015

ကိုယ်ဝန်ဆောင်မိခင်များဖုန်းသုံးစွဲတာအန္တရယ်ကင်းရဲ့လား

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖုန်းပြောစရာ ကိစ္စတွေအများကြီးပါပဲ။ ကိုယ်ဝန်ရှိတဲ့သတင်ကောင်းလေးကို မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ပြောပြတာတွေ မွေးလာမယ့် ကလေးလေးနာမည် တိုင်ပင်တာတွေကအစပေါ့။ ဒါပေမယ့် ပြဿနာရှိတာ တစ်ခုက ဆဲလ်ဖုန်းတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို အန္တရာယ်ပေးနိုင်တယ်လို့ တွေ့ရှိရတာပါပဲ။ ရောင်ခြည်တွေက သန္ဓေသားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Yale တက္ကသိုလ်က လေ့လာတွေ့ရှိချက်အရ ဆဲလ်ဖုန်းရောင်ခြည် ထိခံရတဲ့ ကိုယ်ဝန်ဆောင်ကြွက်ကလေးတွေဟာ မှတ်ဥာဏ်ချို့ယွင်းတဲ့ ကြွက်ကလေးတွေ မွေးဖွာလာပါတယ်တဲ့။

ဆဲလ်ဖုန်းတွေမှာသုံးတဲ့ လျှပ်စစ်သံလိုက် ရောင်ခြည်တွေက ဦးနှောက်အာရုံကြောဖွံဖြိုးခြင်းကို ထိခိုက်စေပါတယ်” လို့ Naturopathic Doctor တစ်ဦးဖြစ်တဲ့ လီ ဒန်းနစ် (Lee Dennis) မှ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ ဖုန်းလုံးဝသုံးလို့မရတာတော့ မဟုတ်ပါဘူး။ ဖုန်းကို ခန္ဓာကိုယ်နဲ့ လက်မအနည်းငယ်လောက် ဝေးဝေးထားခြင်းဖြင့် ရောင်ခြည်သင့်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ကိုယ်ကကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဆိုရင် ဖုန်းကို ကိုယ့်အင်္ကျီအိတ်ထဲမှာထက် ကိုယ့်ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် အိတ်တစ်ခုခုထဲ သေချာထည့်ထားပါ။ ဖုန်းပြောရင်လည်း နားကြပ်လေးနဲ့ပြောပေါ့။ အိပ်တဲ့အခါလည်း ဖုန်းကို ကုတင်နဲ့ဝေးဝေးမှာ ထားအိပ်ပါ။ ခေါင်းအုံးအောက်မှာ ထားတာတို့ ဘေးမှာထားအိပ်တာတို့ မလုပ်ပါနဲ့။ ဖုန်းဖွင့်ထားတယ်ဆိုရင် ရောင်ခြည်ကတော့ ထွက်နေတာပါပဲ။ မက်ဆေ့ခ်ျပို့ရင်လည်း မရပါဘူး။ မက်ဆေ့ခ်ျပို့မယ်ဆိုရင် ဖုန်းကို ဗိုက်နားမှာမထားပါနဲ့၊ စားပွဲပေါ်တင်ထားပြီး ပို့ပါ။ ကိုယ်ခန္ဓာနဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားပါ။ ဂိမ်းကစားချင်တယ်ဆိုရင် ဖုန်းကို “airplane mode” လုပ်ပြီးဆော့ပါ။ ဒါဆိုရင် ရောင်ခြည်မထွက်တော့ပါဘူး။

အန္တရာယ်ကင်းအောင် နေချင်တယ်ဆိုရင် စည်းကမ်းလေးတွေ နည်းနည်းလိုက်နာရုံနဲ့ စိတ်အေးချမ်းရမှာပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ဆဲလ်ဖုန်းနဲ့ပတ်သက်ပြီး အလေ့အကျင့်လေးတွေ ပြောင်းလဲတာမျိုးရှိပါသလား။


ကျွန်တော့်ပို့စ်လေးကိုဖတ်ပြီးအသိပညာဗဟုသုတတသ်စုံတစ်ရာရမယ်ဆိုကျွန်တော်တင်ပေးရကျိုးနပ်ပါတယ်ခင်ဗျာ။မိမိတို့တင်ပေးစေလိုသောအကြောင်းအရာများရှိပါကph-09256480246-viberမှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်

credit>>>ဂန္တဝင်မဂ္ဂဇင်း
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths