ကလေးများလျှင် ဆူညံသည်။ အိမ်ရှုပ်သည်။ ငွေကုန်ကြေးကျ များသည်။ မိသားစုဝင် များလျှင် များသည့်အလျောက် မိဘများ စိတ်ညစ်ရသည်ဟု ပြောဆိုတတ်ကြသည်။
ယင်းပြောဆိုမှုများ မှားယွင်းကြောင်း လေ့လာမှု တစ်ခုက သက်သေပြလိုက်ပြီ ဖြစ်သည်။ ကလေး လေးဦးနှင့် လေးဦးထက် ပိုပြီးရှိသည့် မိဘများသည် ကလေး နည်းပါးသည့် မိဘများထက် ပိုမိုပျော်ရွှင် တတ်ကြကြောင်း လေ့လာမှု တစ်ခုအရ သိရှိလိုက်ရပြီ ဖြစ်သည်။
ထို့ပြင် ယောကျာ်းလျာ၊ မိန်းမလျာနှင့် လိင်ပြောင်း မိဘများသည် လိင်ကွဲ မိဘများကဲ့သို့ပင် ပျော်ရွှင်ကြရပြီး၊ ဖခင်တစ်ဦး တည့်ရှိသည့် အိမ်ထောင်စုများမှာမူ ပျော်ရွှင်မှု နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့ပြန်သည်။ သြစတြေးလျ နိုင်ငံ အဲဒစ်ကိုဝန် တက္ကသိုလ်မှ ပညာရှင် ဘရွန်း ဟာမန် ဆိုသူက ငါးနှစ်ကြာ လေ့လာမှု ပြုလုပ်ပြီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မိသားစုတိုင်းအား မိသားစုများစွာ ရှိခြင်းကြောင့် လူမှုရေး အရ အားပေးမှု မည်မျှရရှိသည်၊ မိသားစု ဘ၀အပေါ် မည်မျှ ကျေနပ်အားရသည်၊ နေ့စဉ်ဘ၀တွင် ထိခိုက်နစ်နာမှုများ ရှိသော်လည်း မိသားစုရှိခြင်းကြောင့် အရှုံးမပေးဘဲ မည်ကဲ့သို့ ပြန်လည် ကြိုးပမ်းနိုင်ခဲ့သည်နှင့် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုမည်မျှ ရှိသည်တို့နှင့် ပတ်သက်ပြီး မေးမြန်းပြီး မှတ်တမ်းတင်ခဲ့သည်။
ရမှတ်များအပေါ် မူတည်ပြီး မိဘများကို အဆင့်ခွဲခဲ့သည်။ မိဘအုပ်စု အားလုံးတွင် ကလေးလေးဦး နှင့် လေးဦးထက် ရှိသည့် မိဘများသည် ပျင်းရန်ပင် အချိန်မရသဖြင့် ဘ၀အပေါ် ပိုမို ကျေနပ်အားရတတ်ကြောင်း တွေ့ရှိခဲ့သည်။ လူများသော မိသားစုများတွင် ကလေးများသည် ငယ်ရွယ်စဉ် ကတည်းက တာဝန် ယူတတ်ရန် လေ့လာ သင်ယူခဲ့ရပြီး သားသမီးအကြီးများသည် အငယ်များကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ကို မိဘများထံမှ ခွဲဝေယူတတ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် မိသားစုများ ပြိုကွဲရာတွင် အဓိက လက်သည်မှာ ဖခင်များ ဖြစ်လေ့ရှိကြောင်း တွေ့ရှိခဲ့ပြန်သည်။
ref:ဖိုးသူတော်
credit>>>messager
အောင်မြင့်မြတ်
Monday, September 28, 2015
1:58 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment