Monday, September 28, 2015

ချက်ချင်းလူချစ်လူခင်ပေါအောင်လုပ်နည်း ၁၃ နည်း


လူအကဲခတ်တယ်ဆိုတာ ပထမဆုံးတွေ့ဆုံတဲ့ အချိန် မြင်မြင်ခြင်းမှာ ဖြစ်ပါတယ်။ သုသေသီ များလေ့လာတွေ့ရှိချက်အရ မျက်စိတစ်မှိတ်တောင်မှာ မကြာပါဘူး။ ဒါကြောင့် သင်ဘာတွေဝတ်ထားတယ်၊ဘယ် ကိုယ်အနေအထားရှိတယ် ဆိုတာ ဟာသင့်ပေါ်လူတွေ ဘယ်လိုမြင်လဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ လူချစ်လူခင်ပေါရတဲ့ အဓိကအကြောင်းအရင်းက ကိုယ်ကိုယ်တိုင်က ဖော်ရွေနေတဲ့ပုံပေါက်နေမှဖြစ်ပါတယ်။ တခြားလူတစ်ယောက်က ကိုယ့်ကိုချည်းကပ်လို့လွယ်နေတဲ့ပုံပေါက်နေမှ စကားပြောချင်စရာကောင်းတဲ့ပုံပေါက်နေမှ အဆင်ပြေမှာပါ။ ဒီတော့ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးတွေမှာ စတွေ့တွေ့ချင်းမျက်တောင် တစ်ခပ်စာကို အကောင်းဆုံးအသုံးချနိုင်ရန်အတွက် အောက်ပါ နည်း ၁၃ နည်းကိုဖောက်သည်ချလိုက်ပါရစေ။

၁။ လက်သည်း ခြေသည်းများကို ဂရုစိုက်ပါ

အမျိုးသားတိုင်း သွားတိုက် မုတ်ဆိတ်ရပ်ရတာကို ပုံမှန်လုပ်ရမယ်ဆိုတာ အမျိုးသားတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် လက်သည်းခြေသည်းများကို တော့ ပုံမှန်ညှပ်ပေးရမှာကို မေ့လျော့နေတက်ကြပြီး ရှည်လာမှ ညှပ်တက်ကြပါတယ်။ အဓိက ကတော့ လက်သည်းများဟာ အမြဲတမ်း သေသေသပ်သပ်ရှိနေသင့်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အထူးအရေးပါလှပါတယ်။ ရုပ်သန့်တယ်ဆိုတာက ရုပ်တစ်ခုတည်း ကြည့်ြ့ပီး ပြောတာမဟုတ်တဲ့အတွက် တစ်ကိုယ်လုံးကို ဂရုတစိုက်ထားသင့်ပါတယ်။

၂။ ရေမွေး အသင့်အတင့် သုံးပါ

 သင်မွေးကြိုင်နေတယ်ဆို လူတွေသတိထားမိ ပြီးနှစ်သက်ကြပါတယ်။ ပုလင်းမှောက်သလားထင်အောင်တော့ မဆွတ်နဲ့ပေါ့။ လယ်ပင်းတစ်ချက်၊ လက်ကောက်ဝတ်တစ်ချက်၊ ရင်ဘတ်တစ်ချက်. သုံးချက်လောက်ဖြန်းရင်လုံလောက်ပါပြီ။

၃။ နေကာမျက်မှတ်ချွတ်ထားပါ

 လူတွေ စကားပြောတဲ့အချိန်မှာ တခြားသူမျက်လုံး ကိုကြည့်ပြီး နားထောင်နေလား မထောင်နေဘူးလားဆိုတာကို ကြည့်ပြောတက်ပါတယ်။ နေကာမျက်မှန်တက်ထားခြင်းအားဖြင့် သင်စိတ်ဝင်စားမှုရှိမရှိ တစ်ဖက်လူကမသိနိုင်တဲ့အတွက် တစ်ဖက်လူကိုလည်းမလေးစားရာရောက်ပါတယ်။ နေကာမျက်မှန်ကို တကယ်လိုအပ်တဲ့ အချိန်ကလွဲပြီး လူတွေနဲ့ဆက်ဆံ နေရတဲ့အချိန်တိုင်း ချွတ်ထားပါ။

၎။ ခွေးမွေးပါ။

ချစ်စရာကောင်းတဲ့ စုတ်ဖွားလေး တစ်ကောင်လောက်ရှိရင်သင့်ကို လူတွေ သတိထားချစ်ခင်လာမှာပါ။ ခွေးကလည်း လူယဉ်နေမှဖြစ်မှာပါ။ တခြားလူတွေ ခွေးနဲ့ဆော့ချင်တယ်ဆိုလည်းခွင့်ပြုပေးလိုက်ခြင်းအားဖြင့် သင့်ကိုလူတွေချစ်ခင်လာမှာပါ။

 ၅။ စားပွဲပေါ် ခြေတင်ပြီး လက်ဝါးနှစ်ဖက် ခေါင်းအုံး၍ ထို်င်ခြင်း

 သုသေတီများကတော့ ဒီလိုနေထို်င်ခြင်းအားဖြင့် သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာတယ်လို့ဆိုပါတယ်။
  ၂ မိနစ်လောက်ပဲနေပေးတာနဲ့ လူအများကြားသွားတဲ့ အချိန်မှာ အားငယ် ကြောက်ရွံ့မှုတွေ ကို ပပျောက်အောင် အားအင်တွေပေးမှာပါ။ လူရှေ့သူရှေ့မှာ တော့သွားမလုပ်မိစေပါနဲ့ . မြန်မာယဉ်ကျေးမှုအရ ရိုင်းတယ်လို့ထင်ကြမှာမို့ပါ။

၆။ လက်မပိုက်ထားပါနဲ့

 လက်ပိုက်ထားခြင်းက ကိုယ်ဟာကိုယ် ဆရာကြီးအထာနဲ့နေတယ် ဆိုတဲ့ အမူအရာဖြစ်တဲ့ အတွက် တစ်ဖက်လူက လွယ်လွယ်နဲ့ ချည်းကပ်ဖို့ ခက်တဲ့ပုံပေါက်နေပါတယ်။

၇။ လမ်းသွားလမ်းလာ များကို ခေါင်းညိတ်အသိအမှတ်ပြုပါ

 တွေးကြည့်ရင် ကြောင်တယ်လို့ထင်ရပေမယ့် တကယ်တမ်း အကြည့်ချင်းဆုံလို့ တစိမ်းတစ်ယောက်ကကို်ယ့် ကို ခောင်းညိတ်အသိအမှတ်ပြုတဲ့ အချိန်ကျရင် အဲဒီလူက ခင်ဖို့ကောင်းတယ်လို့မြင်တက်ပါတယ်။

၈။ များများပြုံးပါ

 ပြုံးပျော်နေတဲ့သူတွေ ကိုကြည့်ရတာ ကိုယ်ကိုယ်တိုင်ပါစိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် ဟန်ဆောင်အပြုံးတွေကို တော့ လူတွေလွယ်လွယ်နဲ့ရိပ်မိနိုင်တဲ့အတွက် စိတ်ထဲကအမှန်ပါမှပဲပြုံးသင့်ပါတယ်။ အမြဲပြုံးနေနိုင်အောင် ကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာအတွေးတွေ ပဲခေါင်းထဲထည့် ကာ စိတ်ပင်ပန်းစေတဲ့ အတွေးတွေကို လူအများနဲ့တွေ့တဲ့ အချိန်မေ့ထားလိုက်ပါ။

၉။ အရမ်း သွားမကပ်ပါနဲ့

 လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့ အခါ ကိုယ့်နေရာ သူ့နေရာ ဘယ်လောက်ကွာရမလဲ ဆိုတာရှိပါတယ်။ ကိုယ်က အတင်းသွားကပ်နေရင် တပါးသူအတွက် စိတ်အနှောက်အယှက်ဖြစ်နို်င်ပါတယ်။ အရမ်းဝေးနေရင်လဲ ဆက်ဆံရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ စကားပြောတဲ့အချိန် လက် တစ်လှမ်းစာနေရာမှာ နေပြီးပြောသင့်ပါတယ်။

 ၁၀။ အတုခိုးပါ

လူတွေက သူတို့နေထိုင်သလို လိုက်နေရင် အလိုအလျောက် ရင်းနှီးသွားသလို ခံစားရပါတယ်။ အကယ်၍ သူလက်ပိုက်နေရင် လက်လိုက်ပိုက်၊ သူခြေထောက်ကွေးထားရင်လိုက်ကွေး ပြီး သူနေသလိုလိုက်နေပါ။ ဒါပေမယ့် မသိမသာ သာ လိုက်လုပ်ပြီး အကုန်လုံးလိုက်မလုပ်ပါနဲ့။ လာနောက်နေတယ်ထင်သွားရင်တော့ တော်တော် ကသိကအောက်ဖြစ်သွားပါလိမ့်မယ်။

၁၁။ ပါးစပ်ပိတ် ချိန်သိပါ။

ကိုယ်အခင်ဆုံးသူငယ်ချင်းများသည် ကိုယ်ပြော စကားကို နားထောင်တက်သောသူများဖြစ်သည် ။ စကားကို ဖြတ်ပြောခြင်း၊ စကားကို ကူပြောပေးခြင်း အစရှိသည်တို့ကိုရှောင်ကြင်သင့်ပါသည်။ တပါးသူပြောစကား မပြီးသေးခင် ထောက်ပြခြင်း မေးခွန်းဝင်မေးခြင်း၊ မဆိုင်တာဝင်ပြောခြင်းများသည် ကိုယ့်ုကိုယ်ကို အရှုပ်အထုပ်ဟု နာမည်တပ်နေခြင်းဖြစ်သည်။

၁၂။ ဘူကောင်မဖြစ်ပါစေနဲ့

 ကိုယ်ကဘူနေတယ် ဆိုရင်၊သူများတွေပြော သမျှဘူးခံငြင်းနေတယ်ဆိုရင် ဘယ်သူမှ ကိုယ်နဲ့ ပြောချင်ဆိုချင် ၊ တွဲချင်မှာမဟုတ်ပါဘူး။ လူအများနဲ့သင့်တင့် လျောက်ပတ်အောင်နေဖို့အတွက် မကောင်းတဲ့စိတ်မထားပဲ မကောင်းပြောတာ၊ ငြင်းခုံတာတွေ ရှောင်သင့်ပါတယ်။

 ၁၃။ ယောက်ျား ဖြစ်ခြင်း

 သင့်အတွက်တော့ သတင်းကောင်းပါ။ ယောက်ျားတွေ ကို်မိန်းမတွေ ထက်လူတွေ ကပို အယုံအကြည်ရှိကြပါတယ်။ အကြောင်းက သမိုင်းအဆက်ဆက်က ယောကျာ်းတွေရဲ့ အာဏာ လွမ်းမိုးမှုကြောင့်ရယ် ၊ လုပ်ရည်ကိုင်ရည်တွေကြောင့်ရယ်၊ အများနှင့်ပေါင်းသင်းဆက်ဆံ နေတာကြောင့်ရယ် စတဲ့အချက်များကြောင့်ဖြစ်ပါတယ်။ ယောက်ျားများ သည် မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နို်င်စွမ်းရှိသည့်အတွက် လူတကာရဲ့ အယုံအကြည်ခံရပါတယ်။ ဒါကိုတော့ သင့်မိန်းမ ရည်းစားကို သွားမပြောလိုက်ပါနဲ့ ပြသာနာအတုံးလိုက်တက်သွားလိမ့်မယ်။

ref..ဖိုးသူတော်
Credit :  Gentleman Magazine
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths