Thursday, October 15, 2015

အန္တရာယ်ရှိသောကြက်သွန်နီချမ်း


ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ်ကို ဖြစ်စေပါသည်။

ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။

အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။ သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်
credit>>>စောနွဲ့နေဆိုင်(ပူတာအို)
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths