<
ထားရစ်ခဲ့သည့်တိုင်အောင် ..
နှလုံးသားတစ်ခုလုံးနဲ့ ချစ်ခဲ့မိတော့လည်း
မင်းထားသွားခဲ့တဲ့ တိုင်အောင်
ကိုယ့်ဘက်က ဆက်ချစ်နေမိသေးတယ် ..
ရင်နာစရာတွေ ပေးခဲ့တဲ့တိုင်အောင်
ကိုယ်စိတ်မနာနိုင်တာ ခက်တယ် ..
အကြင်နာတွေရုပ်သိမ်းသွားခဲ့တဲ့တိုင်အောင်
ကိုယ်မမေ့နိုင်သေးတာခက်တယ် ..
မနှောင်တွယ်တော့ပါဘူး ..
မချည်နှောင်တော့ပါဘူး ..
မချစ်တော့ပါဘူးလို့ .. ကိုယ့်နှုတ်သာပြောနေခဲ့တာ
တကယ်တမ်းမှာတော့
ကိုယ့်စိတ်အစဉ်က
မင်းနောက်သာ တကောက်ကောက်လိုက်ရင်းနဲ့
မမီနိုင်တော့မှန်းသိရက်နဲ့တောင်
လှမ်းဆွဲနေမိသေးတယ် ..
မျှော်လင့်ချက်တွေမထားသင့်တော့ပေမယ့်
တစ်နေ့နေ့များဆိုတဲ့ စိတ်ကူးယဉ်မှုက
ကိုယ့်ပုံရိပ်တွေကို ထင်ဟပ်နေတဲ့အခါ
ချစ်သူရေ ...
မင်းဘက်ကထားသွားခဲ့တဲ့တိုင်အောင်
ကိုယ့်ဘက်က အချစ်မလျော့နိုင်သေးတာ ခက်တယ် ..
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment