၁) အောင်မြင်တဲ့ သူတိုင်းရဲ့ ဘဝက ခက်ခဲ့ကြမ်းတမ်းတယ်
မိမိတစ်စုံတစ်ခုကို ကြိုးကြိုးစားစား လုပ်ပါသော်လည်း အဆင်ပြေတာတွေ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် စိတ်ဓာတ်ကျရတယ်၊ စိတ်ပင်ပန်းပြီး ဝမ်းနည်းရတယ်။ ဒါကြောင့် မိမိသည်လည်း အောင်မြင်ချင်တာဖြစ်လို့
ဘယ်အလုပ်မဆို မလွယ်ကူပါ။ ကျရှုံးကျ သမြဲဖြစ်ပါတယ်။ သတိထားရမှာပါ အောင်မြင်တဲ့ သူတိုင်းရဲ့ ဘဝက ခက်ခဲ့ကြမ်းတမ်းတယ်။
၂) အခက်အခဲတွေ တွေ့ရင်
အခက်အကြီးကြီးတွေကို ဘဝမှာ တွေ့ရင် အောင်မြင်မူတွေကို ရဖို့ နီးစပ်လာပြီလို့ စိတ်ကမှန်းဆပေးပါ။ ဒါကြောင့် အခက်အခဲကို ကြုံတွေ့လာလိုက်တိုင်း စိတ်ဓာတ်မကျပါနဲ့။ အောင်မြင်မူနဲ့ နီးလာပါပြီ။
၃) လူတွေရဲ့ တိုက်ခိုက်မူကို ခံရမယ်
လူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေနဲ့ တစ်ခါတစ်လေ သဟဇာတတည့်ပေမယ့် တစ်ခါတစ်လေ ကြတော့ မတည့်ပါဘူး။ မတည့်တဲ့ အခါမှာ တိုက်ခိုက်ခြင်းကို ခံရပါ့မယ်။ အဲလိုခံရပြီဆိုရင်
စိတ်ဓာတ်မကျအောင် ခွန်အားမွေးပါ။
၎) ဒုက္ခရောက်ရင် မရိုးမသားဖြေရှင်းဖို့ မကြိုးစားနဲ့
မိမိအလုပ်တွေဟာ လုပ်သမျှအဆင်မပြေဖြစ်ပြီး ဒုက္ခရောက်ပြီဆိုတာနဲ့ မရိုးမသားသော နည်းလမ်းများကို သုံးပြု ဖြေရှင်းဖို့ကို လုံးဝစိတ်မကူးလိုက်ပါနဲ့။ မှန်ကန်ပြီး ရိုးသားတဲ့ ဖြေရှင်းနည်းများကိုသာ
သုံးပြီးတော့ ဖြေရှင်းပါ။
၅) သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကြံပြုချက်ကို လိုက်နာ
လုပ်သမျှ အဆင်မပြေတဲ့ အခါမှာ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကြံပြုချက်များကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်မမြင်နိုင်တဲ့ အရာများကို ဘေးကလူက မြင်နိုင်ပါတယ်။
Photo Ref - wikihow
Credit (ပစ်တိုင်းထောင်)

အောင်မြင့်မြတ်
0 comments:
Post a Comment