တချို့မိန်းကလေးတွေက ယောက်ျားလေးရွေးရင်
လုံခြုံစိတ်ပေးနိုင်ရမယ်၊ တာဝန်ယူစိတ်ရှိရမယ်၊
အလုပ်အကိုင် စိတ်ဝင်စားမှုရှိရမယ်တဲ့၊
နောက်ဆုံးတော့လဲ ဥစ္စာပေါ၊ ရုပ်ချောတဲ့လူတွေ့ရင် ပါသွားတာပဲ..
တချို့ယောက်ျားလေးတွေက မိန်းကလေးရွေးရင်
ဖြူစင်ရိုးသားရမယ်၊ အသိဉာဏ် ဗဟုသုတရှိရမယ်၊
နူးညံ့သိမ်မွေ့ရမယ်တဲ့၊
နောက်ဆုံးတော့လဲ ပိုလှတဲ့မိန်းကလေးနောက် ပါသွားတာပဲ...
တကယ်တော့
လူတွေဟာ သစ်လွင်ဆန်းသစ်တဲ့အရာတစ်ခုနဲ့ ကြုံတဲ့အခါ
အဲဒီအရာရဲ့အပြင်သဏ္ဌာန်နဲ့ ဖမ်းစားခြင်းကိုခံရတတ်တယ်။
အဲဒီအရာနဲ့ အကျွမ်းဝင်သွားခဲ့ပြီးရင်တော့
ဘယ်လောက်လှလှ တန်ဖိုးမထားတတ်ကြတော့ဘူး။
ဒါကြောင့်
လှတယ်၊ ချောတယ်ဆိုတာ စိတ်ရဲ့ခဏတာ အာသာပြေမှုပါ။
ယုံကြည်အားထားလို့ရတယ်ဆိုတာကမှ တစ်သက်တာအသုံးခံပါတယ်။
Credit - နိုင်းနိုင်းစနေ
0 comments:
Post a Comment