Wednesday, February 24, 2016

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်နေသလား…. ဒီလိုလေ့ကျင့်ပါ

ပုံမှန်အနေအထားမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ 

ဘယ်လိုပဲ ရှိနေရှိနေ … နေရာသစ်၊ အခြေအနေအသစ်၊ 

အလုပ်ခွင်အသစ် ဒါမှမဟုတ် ကိုယ့်အနေထားနဲ့ 

သက်သောင့်သက်သာ မဖြစ်လှတဲ့ အနေအထားသစ်တစ်ခုမှာ 

ရှိနေတာပဲဖြစ်ဖြစ် စိုးရိမ်ပူပန်စိတ်နဲ့ စိတ်လှုပ်ရှားနေရတာမျိုး

 ကြုံနိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘယ်လိုအခြေအနေ

မှာပဲဖြစ်ဖြစ် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေပုံ

 ပေါ်အောင် လေ့ကျင့်ထားလို့ ရပါတယ်။ 

စိတ်ထဲမှာ စိုးရိမ်နေတယ်ဆိုရင်တောင်ပေါ့။


ကိုယ်နေဟန်
ကိုယ်နေဟန်ကို မတ်မတ်ထားပြီး ခေါင်းကိုလဲ တည့်နေပါစေ။ 

လက်တွေကိုလည်း ယှက်မထားနဲ့ပေါ့။ သင့်ခန္ဓာကိုယ်က ပြောတဲ့ဘာသာစကားက ဘာမဆိုဖြစ်နိုင်ပါတယ်။ လက်ကလေး 

နှစ်ဖက်ပိုက်ပြီး ထောင့်တစ်ထောင့်မှာ ခပ်ကျုံကျုံပုံစံနဲ့ ရှိနေတာက

 ‘ငါ ဒီမှာ ဘာလာလုပ်နေမှန်း မသိတော့ဘူး’လို့ ပြောနေရာကျပါတယ်။


မျက်လုံးချင်းဆုံပါ
နည်းနည်း ကြောင်တောင်တောင် နိုင်တယ်လို့ ခံစားရမှာပေမယ့်ေ

တွ့သမျှလူနဲ့ မျက်လုံးချင်း ဆုံပါ။ နှုတ်ဆက်ပါ။ စကားပြောပါ။ 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ လူတွေနဲ့ 

မျက်လုံးချင်းဆုံရမှာ မကြောက်တတ်ပါဘူး။ သင် ရောက်နေတဲ့ 

ပွဲအခမ်းအနားမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်သစ်မှာပဲဖြစ်ဖြစ် 

လူများများနဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားပါ။ ဒါက သင့်ကို 

ယုံကြည်မှုတက်စေဖို့ ကူညီပေးလိမ့်ပါမယ်။


သေချာဝတ်စားထားပါ
သေသေချာချာဝတ်စားထားတဲ့သူဟာ ပေါ့ပေါ့ပါးပါးနဲ့ 

ကိုယ့်ကိုယ်ကို ကျေနပ်နေလိမ့်မယ်။ ကိုယ်ကြည့်ကောင်းတယ်လို့ 

စိတ်ထဲ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုက

 ပေါ်လွင်ထင်ရှားလာမှာပါပဲ။ တကယ်လို့ အလုပ်ခွင်သစ်မှာ

 စဝင်ရတာဆိုရင် သင်နဲ့ သင့်တော်ပြီး စမတ်ကျစေမယ့် 

ဝတ်စုံတချို့ကို ကြိုစီစဉ်ထားပါ။ ပွဲတက်တဲ့အခါမျိုးဆိုလည်း 

အဝတ်အစား သေချာပြင်ဆင်ပါ။ ကိုယ့်ကိုယ်ကို

 ကြည့်ကောင်းနေတယ်ဆိုတဲ့ ခံစားချက်က သင့်စိတ်ထဲ 

ဝင်လာနိုင်တဲ့ စိုး၇ိမ်ပူပန်မှုတွေကို အဆုံးသတ်ပေးမှာ 

အသေအချာပါပဲ။


မတောင်းပန်ပါနဲ့
တစ်ခုခု မှားတိုင်း ဆောရီးပြောတာဟာ လွယ်ပါတယ်။ 

ဒါပေမယ့် ခဏခဏ မပြောမိစေနဲ့။ ကြီးမားတဲ့ 

အမှားမျိုးကိုသာ ဆောရီးလို့ပြောပါ။ ဒီအမှားကို

 ပြင်ဆင်မွမ်းမံနိုင်တဲ့ အစီအစဉ်လည်း ဆက်ဆွဲထားပါ။

 သေးသေးမွှားမွှား အရာတိုင်းကို ဆောရီးပြောနေတာဟာ

 တောက်တိုမယ်ရ အလုပ်သမားတစ်ယောက်နဲ့ ပုံစံတူနေပါတယ်။

 ဒါက သင့်အပေါ် သူများရဲ့ အမြင်ကလည်း နိမ့်ကျ စေသလို 

သင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ့်ကို ယုံကြည်မှုလျော့နေတဲ့ပုံ

 ပေါက်နေစေတယ်လေ။


ကျယ်ကျယ်ပြောပါ
သင့်အလုပ်ခွင်မှာ သင်က ဒီနေ့မှ ရောက်တဲ့လူသစ်

 ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အစည်းအဝေးမှာပဲဖြစ်ဖြစ်၊ 

လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာပဲဖြစ်ဖြစ်

 လေသံမြှင့်ပြီးပြောပါ။ အလုပ်နဲ့ ပတ်သတ်တဲ့ 

သင့်စိတ်ကူးအိုင်ဒီယာတွေကို ရဲရဲပြောပါ။ ဒါက 

သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာရဲ့ သင့်အပေါ်အမြင်ကို

 စစချင်းမှာပဲ ပြောင်းလဲသွားစေနိုင်မှာပါ။


ပြုံးပါ
ဒါက ရှင်းရှင်းလေးပါပဲ။ အလကားနေ သွားဖြဲပြနေတာတော့

 မဟုတ်ဘူးပေါ့။ သက်သောင့်သက်သာ ပြုံးပါ။ 

ဘယ်သူ့ကိုမဆို အပြု့းနဲ့ နှုတ်ဆက်ပါ။ အပြုံးဟာ 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ်၊ အခုလို 

အခြေအနေသစ်မှာ အိုကေနေပါတယ်ဆိုတာကို ပြနိုင်တဲ့ 

အရှင်းဆုံးနည်းလမ်းပါပဲ။ ပြုံးနေတာ ကြာလေလေ 

သင့်စိတ်ထဲက ဖိအားတွေ၊ စိုးရိမ်ပူပန်မှုတွေ 

အလိုလိုလျော့ကျသွားလေလေ  ဖြစ်မှာပါ။ ဒါဆို 

သက်သောင့်သက်သာ ဖြစ်လာမှာ အမှန်ပဲပေါ့။


မေးခွန်းတွေ မေးပါ
သင့်ထက် ရာထူးကြီးတဲ့သူတွေနဲ့ပဲဖြစ်ဖြစ် စကားဝိုင်းတစ်ခု 

ဒါမှမဟုတ် အစည်းအဝေးတစ်ခုထဲ ရောက်နေပြီဆိုရင် 

သင့်စိတ်ထဲအဆင်မှပြေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေဝင်ပြီး 

ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်လာတာမျိုးတွေ 

ခံစားရနိုင်တာပေါ့။ အဲဒီလိုဆိုရင်တော့ လုပ်ငန်းစဉ်အသစ်တွေနဲ့ 

တခြားသူတွေရဲ့ လုပ်ငန်းတာဝန်ကို ဝင်မေးမြန်းပေးပါ။ 

ဒါဆိုရင် သင့်စိတ်ထဲ ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံစံကို 

သူတို့ မမြင်ရတော့ဘဲ သင့်မေးခွန်းတွေထဲ အာရုံေ၇ာက်သွား

ပါလိမ့်မယ်။ စကားဝိုင်းထဲမှာ ဆက်ပါဝင်နေပြီး သင့်ရဲ့ 

စိတ်ဝင်စားမှု ၊ တက်ကြွမှုနဲ့ နားထောင်နိုင်စွမ်း ဘယ်လောက်

ရှိတယ်ဆိုတာကို ပြသလိုက်ပါ။

ကိုယ်နဲ့ သိပ်အကျွမ်းတဝင်မရှိတဲ့နေရာတွေမှာ ရှိနေရတာဟာ 

သိပ်တော့မလွယ်လှပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု

 ပျောက်သွားတဲ့ အဖြစ်မျိုးလည်း တစ်ကွေ့မဟုတ် တစ်ကွေ့ 

ကြုံရနိုင်တာပါပဲ။ ဒီလိုအဖြစ်မျိုး ကြုံလာတဲ့အခါ 

သင့်အခြေအနေအစစ်အမှန်ကို မပေါ်လွင်စေဘဲ ယုံကြည်မှု

အပြည့်ရှိနေတဲ့ပုံ ပေါ်နေဖို့ အခုနည်းလမ်းလေးတွေ သုံးပြီး

 လေ့ကျင့်ကြည့်ပါ။ လေ့ကျင့်ဖန် များလာတဲ့အခါ 

အခြေအနေတိုင်းမှာသင်ဟာ အထာကျလာပါလိမ့်မယ်။

Credit : Yati Maganize



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths