၁ - သေးသေးလေးနဲ့စ
အပျင်းကြီးနေတာကို ဖျောက်ဖို့အခက်ဆုံးက အလုပ်တစ်ခုကို မစ
မိတာပါ။ ဒီလိုမစမိတာနဲ့ပဲ လုံးဝမလုပ်ဖြစ်တော့တာပါ။ ကိုယ့်လုပ်မယ့်
အလုပ်ကို အကြီးကြီးစမတွေးပါနဲ့။ စကတည်းကလည်း ပင်ပင်ပန်းပန်း
မလုပ်ပါနဲ့။
၂ - အချိန်သတ်မှတ်
ပျင်းဖို့သက်သက်အတွက် အချိန်သတ်မှတ်ပါ။ ဥပမာ အလုပ်တစ်ခုလုပ်ပြီး
၁၀ မိနစ်လောက်ဘာမှမလုပ်ဘဲ နေမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထား
တာပါ။ ဒီလိုမှမဟုတ်ရင်တော့ ပျင်းနေတဲ့အချိန်မှာအပြစ်ရှိသလို ခံစားနေ
ရပါလိမ့်မယ်။
၃ - အဆင့်သတ်မှတ်
ပျင်းရတဲ့အဓိကအကြောင်းအရင်းတစ်ခုက ကိုယ့်လုပ်ရမယ့်အလုပ်က
ကြီးမားလွန်းတယ်လို့ ထင်မိနေတာပါ။ ကိုယ့်လုပ်မယ့်အလုပ်ကို အပိုင်းပိုင်း
ခွဲခြားလိုက်ပါ။ ပထမဆုံးလုပ်ရမယ့် အဆင့်ကိုပဲ ခေါင်းထဲမှာထည့်ပြီး
ဆက်လုပ်ပါ။
၎ - လွတ်လမ်းတွေကိုပိတ်
အလုပ်လုပ်မယ်ဆို ဖုန်းဖွင့်ကြည့်မိရင်း အချိန်ကုန်သွားတာမျိုး၊ စာကြည့်
မယ်ဆို စားပွဲရှင်းရင်းနဲ့ အချိန်ကုန်သွားတာမျိုးပါ။ ဖုန်းကိုကြိုတင်silent mode
လုပ်ထားတာမျိုး၊ စားပွဲကို အစောကြီးကတည်းက ကြိုရှင်းထားတာမျိုးလုပ်ပါ။
၅ - မေးခွန်းမေးပါ
ကိုယ့်ကိုယ်ကိုယ်မေးခွန်းမေးပါ။ ဒီပုံစံအတိုင်း ဆက်နေနေရင် နောက် ၅ နှစ်ဆို
ငါဘာဖြစ်မလဲ၊ ငါ့မိသားစု ဘာဖြစ်မလဲ စသဖြင့်ပါ။ ဒီလိုမေးခွန်းမျိုးက ကိုယ့်
ကိုယ်ကိုယ် အမှန်တိုင်းမြင်စေပါတယ်။
၆ - ရှုပ်ထွေးနေရင်
သင့်ဘဝမှာ ရှုပ်ထွေးမှုတွေများနေရင်လည်း ဘာမှမလုပ်ဘဲ ထိုင်ပျင်းနေ
တတ်ပါတယ်။
၇ - ကြောက်စိတ်
ဖြစ်ပါ့မလား၊ မှားသွားမလားဆိုတဲ့ စိတ်ကြောင့်လည်း ဘာမှမလုပ်ဘဲ
ပျင်းနေတတ်ပါတယ်။ အရေးကြီးတာ စလုပ်ကြည့်လိုက်ဖို့ပါပဲ။
၈ - အပေါင်းအသင်း
ကိုယ့်ဘေးနားကလူတွေကလည်း တစ်ခုခုလုပ်ဖို့ စိတ်အားထက်သန်သူတွေ
မဟုတ်ဘူးဆိုရင် ကိုယ်လည်းပျင်းနေတတ်ပါတယ်။ ကိုယ့်လုပ်ချင်ရာနယ်ပယ်ကို
စိတ်မဝင်စားတဲ့ အပေါင်းအသင်းတွေနဲ့ တွဲနေမိတယ်ဆိုလည်း ပျင်းနေမိတတ်ပါ
တယ်။ ကိုယ်နဲ့တူတဲ့ သူငယ်ချင်းတွေရှိဖို့လည်း အရေးကြီးပါတယ်။
Credit : Duwun
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment