အချစ်ကို ကိုးကွယ်ခဲ့ဖူးတယ် ~
အချစ်ဆိုတာ ပြောင်းလဲတတ်မှန်းမသိခင်တုန်းက !
လူတိုင်းကို အယုံကြည်လွယ်ဖူးတယ် ~
နောက်ကျောကို ဓားနဲ့ထိုးတတ်မှန်းမသိခင်တုန်းက !
ရှုံးနိမ့်မှုတွေကြောင့် မျက်ရည်လွယ်စွာငိုကြွေးဖူးတယ် ~
အရှုံးကိုရင်ဆိုင်နိုင်မှ ပန်းတိုင်ရောက်မယ်ဆိုတာမသိခင်တုန်းက !
သူငယ်ချင်းတွေဆို အစစအရာရာအနစ်နာခံဖူးတယ် ~
"သာပေါင်း"တတ်တဲ့ သူငယ်ချင်းတုတွေလဲ ရှိတတ်တယ်ဆိုတာ
မသိခဲ့တုန်းက !
တစုံတယောက်ကြောင့် လဲကျခဲ့ရင်ပြန်မထချင်လောက်အောင်ပျော့
ညံ့ခဲ့ဖူးတယ် ~
ကိုလဲပြိုနေရင် သူ့ကိုအရှုံးပေးရာရောက်မှန်းမသိခင်တုန်းက !
#အခု
အချစ်ဆိုတာ ဘဝရဲ့အစိတ်အပိုင်းတခုဆိုပေမဲ့ဘဝတခုလုံးမဟုတ်မှန်းသိလာတယ်
ယုံကြည်တတ်လွန်းရင်ကိုယ့်ကိုနောက်ကျောဓားနဲ့ထိုးမယ့်သူချည်းပဲဆိုတာသိလာတယ်
ရှုံးနိမ့်မှုကိုသင်ခန်းစာယူပြီးပန်းတိုင်ကိုဆက်လျှောက်ရမယ်ဆိုတာသိလာတယ်
သူငယ်ချင်းဆိုတိုင်းယုံကြည်လို့မရတာသိလာတယ်
ဘယ်သူ့ကြောင့်ဘယ်လိုပဲလဲကျခဲ့ပါစေ ကိုယ့်အင်အားနဲ့ကိုပြန်ထတတ်လာတယ်
မရင့်ကျက်သေးပါဘူး ရင့်ကျက်အောင်ကြိုးစားဆဲ.......
Credit - ငွေတာရီ
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment