လူတစ်ယောက်ဟာ ဗီဇကောင်းပြီး မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့  မိတဲ့အခါ ပျက်စီးသွားတတ်တယ်။ ဗီဇမကောင်းပေမယ့်
ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ ထိလိုက်မိတဲ့ လူမျိုးကြတော့လည်း လောကမှာ သုံးစားလို့ ရသွားပြန်ရော။
ဒီဆိုလိုချက် နှစ်ခုမှာ ပူးပေါင်းဆောင်ရွက်ရတဲ့ အနှစ်သာရနှစ်မျိုးကို အားလုံးတွေ့ ရလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်ခြင်းနဲ့ 
မှားယွင်းခြင်းဆိုတာပါ။ မှားယွင်းတဲ့ အပေါင်းသင်းမျိုးကို ရှောင်လိုက်ရင်ကို သူ့ အလိုလို ကောင်းတဲ့ အပေါင်းသင်း ရလာတာပါပဲ။
ဘယ်နေရာမှာပဲ နေနေ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်ကို လုပ်ဆောင်နေရင် လူကောင်းပဲ။ မကောင်း
တာတွေလုပ်၊ မကောင်းတဲ့ အကျင့်ကို ကျင့်ကြံနေရင် လူဆိုးပဲ။ လုပ်ရပ်နဲ့  ကောင်းတယ်၊ ဆိုးတယ် ခွဲခြားရပါတယ်။
အဲ့ဒီတော့ ကောင်းတာကိုလုပ်နေတဲ့ သူတွေနဲ့  ကိုယ်ဟာ စုပေါင်းလုပ်ကိုင်တတ်ရမယ်။ ကောင်းတဲ့ လူတွေရဲ့ အကျင့်ကို လိုက်ပါ ကျင့်
သုံးရမယ်။ ဒီလို စုပေါင်းမိရင် အားမာန်ပြည့်တဲ့ လူ့ အသိုင်းအ၀ိုင်း တစ်ခုကို ဖန်တီးလိုက်နိုင်ပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ စုပေါင်းမလုပ်နိုင်သ၍ ဒီနိုင်ငံ ဘယ်တော့မှ တိုးတက်မှု မရှိဘူး။ ဘာလို့ စုပေါင်းမလုပ်နိုင်တာလည်းဆိုတာ လေ့လာ
ကြည့်တော့ တစ်ဦးချင်းဆီမှာ ငါသာ အောင်မြင်ဖို့ ၊ ငါ တိုးတက်ဖို့  ဆိုတဲ့ စိတ်တွေ များနေလို့ ပဲ။
ရေရှည်ကို မျှော်တွေးမှု အားနည်းတော့ လူ့ ပတ်ဝန်းကျင် တိုးတက်မှုနှုန်း အားနည်းတာပေါ့။ ကိုယ်တိုးတက်အောင် လုပ်တာလုပ်လို့ 
ရတယ်၊ သို့ သော် တစ်ပင်သေပြီးမှ တစ်ပင်ရှင်သန်တာမျိုးတော့ မဖြစ်သင့်ဘူး။ အပင်အားလုံးရှင်သန်မှာ ပြည့်စုံတဲ့ ဥယျာဉ်လို့ ဆိုနိုင်တယ်။
တိုးတက်မှုကို လူသားအားလုံး တူညီစွာ ခံစားခွင့်ရစေရမှာပေါ့။ ဒီလို ခံစားခွင့်ရမှလည်း တိုးတက်တဲ့ လူ့ အဖွဲ့ အစည်း တစ်ရပ်ဆိုတာ
ဖြစ်လာမယ်။ အဲ့တော့ စုပေါင်း လုပ်ကိုင်ပြီး ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ပန်းတိုင်ကို သွားရမယ်။ တစ်ယောက်တည်း လုပ်လို့ မရဘူး။ ဒါကို စုပေါင်း
လုပ်မှ ရမယ်။
ကိုယ့်မှာ ပိုက်ဆံတွေ သိပ်ချမ်းသာနေဖို့ မလိုဘူး။ ပညာတွေ သိပ်တတ်နေဖို့ မလိုဘူး။ ကိုယ်ဟာ ကိုယ့်လူမျိုး အတွက် အသုံးဝင်တဲ့
လူတစ်ယောက် ဖြစ်ဖို့ သာ လိုတယ်။ တန်ဖိုးဆိုတာ ကိုယ်ဘယ်လောက် ပေးစွမ်းနိုင်လဲဆိုတဲ့ အချက်ပေါ်မှာ မူတည် ဆုံးဖြတ်တယ်။
ကိုယ့်လူမျိုးအတွက် တကယ် အသုံးဝင်တဲ့ သူတွေသာ တစ်ယောက်ချင်းစီ ခွဲမနေပဲ တစ်စုတစ်စည်းတည်း နေလိုက်ရင် အထိုက်အ
လျောက်တော့ အကျိုးဖြစ်လာမယ်။ အများတိုးတက်ဖို့ ဆိုရင် အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်ရမယ်။
လူနှစ်ယောက် ရှိတယ်ဆိုပါစို့ ။ တစ်ယောက်ချင်းဆီ သယ်နိုင်တဲ့ ထင်းချောင်းပမာဏနဲ့ နှစ်ယောက်ပေါင်းပြီး သယ်နိုင်တဲ့ ထင်းချောင်း
ပမာဏ ကွာခြားပါတယ်။ နှစ်ယောက်အားနဲ့ သယ်တာ ပိုထိရောက်ပါတယ်။ သက်သာမှုလည်းရှိတယ်။ ဒါကြောင့် စုပေါင်းလုပ်တတ်ဖို့ 
လိုပါတယ်။ စုပေါင်းလုပ်တတ်မှ စုပေါင်းခံစားကြရမှာ ဖြစ်ပါတယ်။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment