ကျမ တကိုယ်လုံး ကိုင်ရိုက်ထားသလို ပင်ပန်းနွမ်းနေသည် ။ မျက်လုံးဖွင့်လိုက်တော့ အခုရောက်နေတာ မီးမှောင်နေတဲ့အခန်းကျဉ်းတစ်ခုထဲ..ကျမလက်တွေ ခြေထောက်တွေကိုလည်းမာကျောလွန်းတဲ့ ကြိုးတွေနဲ့တုပ်ချည်ထားသည်။ ပတ်ဝန်းကျင် ပြင်ပကိုတောင် ကျမမြင်ခွင့်မရ။
အမည်မသိ လူနှစ်ဦးဝင်လာပြီး "မင်း အခုဘယ်ရောက်နေလဲသိလား " ဟု လူနှစ်ဦးအနက် အရပ်ထောင်ထောင်မောင်းမောင်းယောကျာ်းကြီးက မေးသည်။ ကျမ ပါးစပ်က အဝတ်ကိုဖြည်ပေးသည်...ကျမ ကြောက်ကြောက်လန့်လန့်နှင့် .."ရှင်တို့ ဘယ်သူတွေလဲ ရှင်တို့ကျမကိုဘယ်ခေါ်လာတာလဲ ကျမ ကိုဘာကြောင့် ဖမ်းထားတာလဲ" ဟု ကျမ တုန်တုန်ချည့်ချည့် နှင့် မေးလိုက်သည် ။
ထိုလူကြီးမှ ကျမကို ထမင်း၁ပန်းကန် ကို လာချပေးပီး " မင်းရဲ့ချစ်သူက မင်းကိုရောင်းးစားသွားတာလေ မင်းက ဓာတ်ပုံထဲက ထက်အပြင်မှာ ပိုချစ်စရာလေးပဲ " ဟု ကျမ၏ မေးစေ့ကို မထီမဲ့မြင် လေသံနှင့် လာကိုင်သည်။ "ဘယ်လို ရှင်တို့ ကျမကို မလိမ်နဲ့ ကျမ ချစ်သူကိုရှင်တို့ဘာလုပ်လိုက်လဲ..ပြော ပြောပါ ကျမချစ်သူသိရင် ရှင်တို့မလွယ်ဘူး" ပြောသာပြောရတာ ကျမစိတ်တွေကြောက်ရွံနေသည်။ ကျမ မနေ့က မောင်နဲ့အတူ စိမ်းလန်းစိုပြေတွင် တွေ့သည် ကျမမောင်နှင့် စကားစမြီပြောရင်း မောင်က ကျမကို၁ခါတည်းလက်ထပ်ယူတော့မည်ပြော၍ ကျမ မောင့်ရဲ့ ကားနဲ့အတူလိုက်ခဲ့သည်။
အဲ့နောက်ကျမ ခေါင်းတွေ အရမ်းကိုက်နေသည် အရက်ကဲ့သို့ မူးဝေထိုင်းမှိုင်းစေသောတစ်စုံတစ်ခုကို ကျမသောက်သုံးမိသလိုမျိုး ၊ သွားပြီ ကျမ ဘ၀ ပျက်ပီ ။ ကျမမှတ်မိလာပြီ မနေ့ကမောင်ကျမကို တည်းခိုခန်းဆီသို့ ခေါ်လို့ ၂ယောက်သားသဘောတူ အချိန်ကုန်ခဲ့သည် ။...မောင်နှင့်ကျမ ဟာ Facebook ကနေတစ်ဆင့် ချစ်သူတွေဖြစ်ခဲ့ကြပီး အပြင်မှာ ၃ကြိမ်ခန့်သာဆုံဖူးသည် ။ ခုချိန်ဆို ကျမမိဘတွေစိတ်ပူနေမှာဖြစ်ပေမယ့် ကျမ ရဲ့ အမှားကတော့ အချိန်လွန်အမှားဖြစ်သွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ထိုလူကြီး ၂ယောက်မှ ကျမ နဲ့မောင်တည်းခိုခန်းတွင် အတူရှိနေချိန်က ဓာတ်ပုံများကို ကင်မရာတစ်လုံးထဲက ပြသည်။ ကျမ အရမ်းထိတ်လန့်သွားသည်။ “မောင် မောင် ကျမကို ရက်စက်လိုက်တာ မောင်ရယ်” ဟု ကျမရေရွတ်လိုက်မိသည်။ ခုတော့ ကျမ ဘ၀က အပျိုစင်ဘ၀ စွန့်လွှတ်လိုက်ရုံမက တစ်ကြိမ်မျှ မမြင်ဖူးတဲ့ လူစိမ်းနှစ်ယောက် ရှေ့မှာ ဘာဆက်ဖြစ်မည်မသိ လွတ်မြောက်ဖို့သာ အသေအလဲကြိုးစားရတော့မည်။
မောင်ဟာ ကျမ အွန်လိုင်းပေါ်မှာခင်မင်ခဲ့တာ ကြာပြီး အပြင်မှာ ပထမဆုံးတွေ့ဖူးသူ ကျမရင်ခုန်မိတဲ့သူဖြစ်နေလို့ သူ့စကားကိုမိန်းမောခဲ့မိသည် ။
ကျမမျက်ရည်များလဲစီးကျခဲ့ပြီး ထို လူစိမ်းနှစ်ယောက်က “ မင်းကို ငါတို့ တရုတ်ပြည်ဆီ ပို့ပေးမှာပါ မင်းတရုတ်နိုင်ငံမှာ တရုတ် မယားလုပ်ပြီး ကောင်းကောင်းနေ ကောင်းကောင်းစား သူဌေးကတော် လုပ်လို့ရပြီနော်” ဟု ကျမကို ပြောပြီး ထွက်သွားလေသည်။တံခါးကိုလဲလော့ချသွားပြီး ကျမ ကို ကြိုးပြန်တုတ်သွားသည်။ ကံကောင်းတယ်လို့ပဲ ဆိုရလေမလား ကျမကို လက်မှာသာ ကြိုးတုတ်ခဲ့ပြီး ပါးစပ် နဲ့ ခြေထောက်ကိုကြိုးချည်ဖို့ သူတို့ မေ့ခဲ့တာဖြစ်နိုင်သည်။ကျမရောက်နေတဲ့ အခန်းထဲမှာ ပင့်ကူမျှင်တွေ အုပ်နေတဲ့ ပြတင်းပါက်ငယ်လေးတစ်ခုကို ကျမတွေ့လိုက်သည်နှင့် ကျမအကြံရသွားပြီး လက်မှာ ချည်ထားတဲ့ကြိုးကို ပါးစပ်နဲ့ နာရီဝက်ကြာ ကိုက်ဖြတ်ခဲ့ရသည် နှုတ်ခမ်း နဲ့ သွားကလည်း သွေးတွေ အတော်များများ ထွက်လာလေပြီ။ ကျမသတိမပြုနိုင်လေဘဲ လက်ကကြိုးကိုသာမရရအောင် ကိုက်ဖြတ်နိုင်ခဲ့ပြီ။
ထို့နောက် ကြိုးအားလုံး ဖြည်ပြီးသွားသောအခါ ပင့်ကူမျည်အုပ်နေတဲ့ ပြတင်းပေါက်ကို ကျမကျော်တက်ခဲ့သည်။ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့ အခန်းရှိရာ မျက်စောင်းထိုး တဲအိမ်လေးမှာ လူစိမ်းနှစ်ယောက် စကားပြောနေကြသည်။ ကျမ ထွက်ပြေးခဲ့ပြီး ခြေသံကြားတော့ သူတို့ မသကာင်္လို့ ကျမအခန်းကို သွားကြည့်ဟန်တူသည် ။ထို့နောက် ကျမနောက်ကို လိုက်သည်။ ကျမရောက်နေတာ လူပြတ်တဲ့ တောခြုံအုံကြားနေရာတစ်ခုဆိုတာ သိလိုက်သည်။ ကျမ အားအင်ကုန်နေပေမယ့် သူတို့တွေရဲ့ ရန်က လွတ်မြောက်အောင် ဖိနပ်မပါ ခြေထောက်တွေ စုပ်ပြတ်လုနီးပါး ပြေးခဲ့ရသည်။ သူတို့ ကို ကျမ ဖြတ်လမ်းတစ်ခုကနေ ခြေရာဖျောက်ခဲ့သည်။
ဒီလိုနှင့် ကျမ လမ်းမပေါ်ရောက်သောအခါ အဆိုပါ ဟိုက်ဝေး လမ်းမပေါ်က လာသမျှကားတွေကို ကျမတားခဲ့သည် ။ကံကောင်းချင်တော့ ကျမကို ကုန်တင်ကားတစ်စီး ရပ်ပေးသည်။ ကျမလိုက်ပါရစေလို့ခွင့်တောင်းပြီး အဆိုပါအမျိုးသားကြီး မှ ကျမကို ဖြစ်ကြောင်းကုန်စင်မေးသည်။ ကျမလဲ ကျမကြုံတွေ့ခဲ့သမျှကို က ကနေ အ အထိ ပြန်ပြောခဲ့သည်။ ကျမ တကိုယ်လုံးချွေးတွေနဲ့ အ၀တ်စားကလဲ စုတ်ပြဲနေလေပြီ။ ရန်ကုန်မြို့ပေါ်သို့ ပြန်ရောက်သည်နှင့် ကျမကို ဆေးရုံသို့ပို့ပေးပြီး ကျမအိပ်ရာနိုးလာတော့ ဆေးရုံကုတင်ဘေးမှာ အမျိုးသမီးရေးရာမှ အဖွဲ့ဝင်များရောက်နေသည်ကို တွေ့လိုက်ရသည်။
ကျမကိုအားပေးစကားပြောပြီး ကျမမိသားစုတွေထံ ပြန်ပို့ပေးခဲ့သည်။ ကျမ နောင်တအလွန်ရလေပြီ။ ကျမဘ၀က အမဲစက်ကြီးတင်ခဲ့လေပြီ။ ကျမ ပတ်ဝန်းကျင်မှာ ကျမမိသားစု လည်း မျက်နှာမဖော်ရဲအောင် အရှက်ရခဲ့ရသည်။ ကျမ မှာ အခုတော့ ရင်သွေးလေးရှိနေပြီတဲ့ ကျမမူးလဲ တော့ ဆေးခန်းသွားပြဖြစ်ခဲ့သည်။
သို့ပေမယ့် ကျမ ရင်သွေးမှာ အဖေရယ်လို့ ခေါ်စရာမရှိပါ။ လက်ညိုးထိုးပြစရာလည်းမရှိပါ။ ကျမ အွန်လိုင်းပေါ်က ယောကျာ်းတစ်ယောက်ကို အလွန်ယုံကြည်ခဲ့မိသည်။ ကျမ ဘ၀ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရသည် ။ သို့ပေမယ့် ကျမ ဗိုက်ထဲက ကလေးလေးကို ကျမ မဖြစ်ဖြစ်အောင် မွေးမည်ဟု ကျမအားတင်းလိုက်သည်။ မောင် တစ်ယောက် သူတပါး သမီးပျိုကို ဖျက်စီး လှည့်စားသွားခဲ့တာ တစ်ချိန် ပြန်မခံစားရပါစေနဲ့ လို့ ဆုတောင်းပေးပါသည်။
ကျမ အမှောင်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး အနာဂတ်အတွက် ကျမ ရဲ့ သနားစရာ ရင်သွေးလေးအတွက်ပဲ ကြိုးစားနေထိုင်ပါတော့မည်။ ကျမရင်သွေးလေး မျက်နှာမငယ်ရအောင် ကျမကိုယ်တိုင် ပြုစုပျိုးထောင်ပေးမည်။ ကျမကဲ့သို့ အမျိုးသမီးလေးများ မလုပ်မိကြစေရန် အတုမယူကြစေရန် တိုက်တွန်းချင်ပါသည်။ ခေတ်ရေစီးကြောင်းတိုးတက်လာတာနဲ့ အမျှ မိန်းမပျိုလေးများအားလုံးလည်း လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့ဘွတ်စ် ၊ Viber တို့ကနေ ခင်မင်ရင်းနှီးပြီး အပြင်မှာ လူချင်းမရင်းနှီးတဲ့ သူစိမ်းယောကျာ်းလေးများကို အလွယ်တကူ ယုံကြည်ပြီး ဘ၀ကို မပေးဆပ်မိစေဖို့ အကြံပေးပါရစေရှင်။ ဖက်ပေါ်ဆူးကျတော့ ဖက်ပဲ နာမည်၊ ဆူးပေါ် ဖက်ကျတော့လည်း ဖက်ပဲ နာမည် မဟုတ်ပါလားရှင်။
အမျိုးသမီးတစ်ဦးရဲ့ ဘ၀ဖြစ်ရပ်အမှန်ကို အခြေခံပြီး ပြန်လည်ရေးသားထားပါသည်။
ဒီဒီး(BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment