အမှန်ဆို ကျွန်တော် အုံနာဆီကားပြန် အပ်ပြီး ပြန်သွားနား ရတော့ မဲ့ အချိန်ရောက်နေပါပြီ
ကားသွားထား ချိန်မှာပဲ ဧည်သည်တစ်ယောက်ကို သွားလိုက် ပို့ပေးဖို့ အမှာရောက်လာတယ်
တကယ်ဆိုကျွန်တော် လည်း တစ်နေကုန်ပင်ပန်းလွန်းလှပြီး အိပ်ပြန်အနားယူချင်လှပါပြီ ဒါပေမဲ့ လဲ မတတ်သာတော့ ကျွန်တော်ရဲ့ မောင်းနေကျသက္ကစီ ကားလေးကို မောင်းပြီး ခရီးသည် ရဲ့ လိပ်စာရှိရာကို ရောက်သွားခဲ့တယ်
.................................
အဲ့ဒီအိမ်ရှေ့ ရောက်တော့ ကျွန်တော်ရောက်လာပြီဖြစ်ကြောင်းကို ဟွန်းတီးပြီး
အချက်ပေးလိုက်တယ်
တစ်အောင့်လောက်ကြာတာတောင် ဘယ်သူမှမထွက်လာတာနဲ့ ဟွန်းသံ ကျယ်ကျယ်လေး ဆင့်တီး ပစ်လိုက်တယ်
ကျွန်တော်စိတ်ထဲ မှာ ဒီဧည့်သည် ကို လိုက်ပို့ မနေတော့ပဲ ကားမောင်း ပြန်ပြေး လာပစ်တော့မလို့ စဉ်းစား မိပြီးမှ ကားကိုရပ်ထားပြီး အိမ်ရှေ့ သွားပြီးအိမ်တံ ခါးကိုခေါက် ပြီး ခေါ်လိုက်တယ်
..............................
“ခဏလေး စောင့်ပေးပါ အုံး ” အိမ်ထဲ က နေအဖွားအိုတစ်ယောက်ရဲ့ အသံ နဲ့ အတူတစ်စုံတစ်ရာကို
ကြမ်းပြင်မှာ ဒရွတ်တိုက်ဆွဲ လာနေတဲ့ အသံ ကို ကြားလိုက်ရတယ်
အသံ က တော်တော်ကြာကြာလေးတိတ်သွားပြီးမှ တံခါးကပွင့်လာတယ်
အသက် ၉၀ လောက်ရှိမဲ့ ခန္တာကိုယ်
သေးသေး လေးနဲ့ အဖွားအို တစ်ယောက်ကျွန်တော်ရှေ့ တံခါးဝမှာပေါ်လာ ခဲ့တယ်
အဖွားအိုလေးဟာအရောင် သစ်လွင်နေတဲ့ အပွင့်ရိုက်အင်္ကျီ ကို ဝတ်ထားပြီး ပန်ပွင့် ပုံလေးတွေ ကွပ်ထားတဲ့ ပိတ်စ ဦးထုပ် အဝိုင်း လေးကို ဆောင်းထားတယ် ကြည့်ရတာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက် ဝင်းဦး တို့
ခောတ်လောက်က ရုပ်ရှင်ထဲ က တစ်ယောက်ယောက် ဒီခောတ်ထဲ ကို ရောက်လာသလိုပါ ပဲ
.................................
သူမရဲ့ ဘေးမှာ သာရေ ခရီးဆောင်အိပ်ကြီးတစ်လုံးရှိနေပါတယ် အိမ်ထဲ မှာ ဘယ်သူမှရှိမနေသလိုပါပဲ
အိမ်ထဲ ကိုလှမ်းချောင်းကြည့်လိုက်တော့ အခန်းထဲ မှာ ဘာ ပစ္စည်း အသုံးအဆောင် မှမရှိပါဘူး
.................................
“ ကောင်ခလေး ဒီအိတ်ကို ကားပေါ်သယ်သွားပေးလို့ ရမလားကွယ် ” အဖွားအိုက မေးတယ် ကျွန်တော်
လည်းအိပ်ကို ကောက်မလိုက် ချိန်မှာ အဖွားအိုဟာအိမ် ကို သော့ခတ်လိုက်ပြီး သော့ကို တံခါး
နားကပန်းအိုးအောက်ထဲ မှာ ထည့်ထားလိုက်တယ်
...............................
လက်တစ်ဖက်က အိပ်ကို မလာပြီးကျန်တဲ့ တစ်ဖက်က အဖွားအိုကိုတွဲ ပြီး
ကားလေးဆီးဖြေးဖြေးချင်းဒကျွန်တော်တို့ လျှောက်လာ လိုက်တော့တယ်
အဖွား ကကျွန်တော်ကိုကျေးဇူးတင်ကြောင်းပြော တတွတ်တွတ်ပြောနေပါတော့တယ်
“ ကိစ္စမရှိပါ ဘူး ကျွန်တော် ကတစ်ခြား ခရီးသည်တွေ ကို ဆက်ဆံ သလိုပဲ အဖွားကို ဆက်ဆံတာပါပဲ ခင်ဗျာ ”
“ သြော် ...မင်းဟာ စိတ်ရင်း စေတနာ တော်တော် ကောင်း တာပါ ပဲ နော် ”
ကားပေါ် တက်ထိုင်ပြီးတဲ့ အခါကျတော့ အဖွားအိုက ကျွန်တော် ကို လိုပ်ပို့ပေးရမဲ့လိပ်စာပါတဲ့ စာရွက်လေး ထိုးပေး လာပါတယ်
“ မင်း အဖွားကို မြို့ထဲ ဖက်ပတ်မောင်းပို့ ပေးလို့ ရနိုင်မလားကွယ် ” တဲ့ အဖွားကပြောလာတယ်
“ဒါပေမဲ့ အဲ့တာ ကသွားမဲ့နေရာနဲ့ တစ်လမ်းစီဖြစ်နေတယ် အဖွားအတွက်
တစ်ကွေ့ တစ်ပတ်ကြီးဖြစ်နေမှာပေါ့ ”
“ ဘာမှမဖြစ်ပါဘူး ကွယ် ..အဖွားမှာ အချိန်တွေ အများကြီးရ ပါသေးတယ် ဘာမှလောစရာ မလိုပါဘူး
ခုကဖိုးဖွားရိပ်သာ ကိုသွားတော့မှာပဲ ဟာ”
..........................
ကျွန်တော် ကား နောက်ကြည့်မှန်ထဲ ကနေ အဖွားအိုကို ကြည့်လိုက်တဲ့အခါ မှာ အဖွားရဲ့ မျက်လုံးတွေ
အရောင်လဲ့ တောက်ပ လို့ နေတယ် သူမကဖြေးဖြေးချင်းပြောပြတာ “ အဖွားမှာ တွယ်တာ စရာ ဘာသံယော ဇဉ် ဆွေမျိုး မိသားစု မှမရှိတော့ ပါဘူး.. ဆရာဝန်ကပြောတယ် အဖွား ကကြာကြာဆက်မနေရတော့ပါဘူးတဲ့ ကွယ် ”
..........................
အဖွားဘယ်ကို သွားချင်လဲ ကျွန်တော် လိုက်ပို့ပေးပါမယ်
အဲ့ဒီနောက် တစ်နာရီလောက်ကြာသွားပြီးတဲ့အခါ ကျွန်တော်တို့ မြို့ထဲ ကို ကားဖြတ်မောင်းသွားခဲ့ ကြပါတယ်
.......................
အဆောက်အဦး ကြီးတစ်ခုရှေ့ ဖြတ်တော့ ဒီနေရာမှာ
အလုပ်လုပ်ခဲ့ဖူးကြောင်းပြောပြတယ်
သူမရဲ့ အမျိုးသားနဲ့ စတင်တွေ့ ဆုံချစ်ကြိုက်ခဲ့တဲ့နေ ရာလေးတွေ အကြောင်းတွေ နဲ့ အတူတကွ လက်ထပ်နေထိုင်ခဲ့တဲ့ အိမ် နေရာဟောင်းလေးတွေ အကြောင်းကို ကားဖြတ် မောင်း သွားလေတိုင်း ပြောပြ
ရှာတယ် နောက်တော့ အဖွားက ကျွန်တော်ကို ဂိုဒေါင်ဟောင်းကြီးတစ်ခုရှေ့ မှာရပ်ခိုင်းပြီး ဂိုဒေါင်ကြီး ကို ခဏ
ဆင်းကြည့်တယ် တစ်ချိန်တုန်းက သူမအပျိုမလေးဘဝ နဲ့ ဒီနေရာမှာအက တိုက်ခဲ့တဲ့
အားကစားခန်းမကြီးဖြစ်ခဲ့ကြောင်း ကိုပြောပြတယ်
...............................
တစ်ခါတစ်လေ လည်း တစ်ချို့လမ်းကြားတွေ အဆောက်အဦးတွေရှေ့ ရောက်တဲ့အခါ ကျွန်တော်ကို
ကားဖြေးဖြေးချင်းပဲမောင်းခိုင်းပြီး ကားပြတင်းပေါက်ကနေ အဲ့ဒီ အရာတွေ ကို ငေးမော
စိုက်ကြည့်ရင်းဘာတစ်ခွန်းမှမပြောပဲ အတိတ်က ပုံရိပ်တွေ ကို ပြန်ဖမ်းကြည့်နေသလို တိတ်ဆိတ် ငြိမ်သက်နေတော့တယ်
..............................
နေလုံးနီနီ ကြီး က ဟိုးမြို့ အပြင်တောင် ထက်မှာ သွားငြိနေ တဲ့ အချိန်လောက်ကျတော့
အဘွား ကထပြောတယ်“ ကဲ တော်လောက်ပါပြီ ငါတို့ သွားကြတော့စို့ ”
ကျွန်တော်တို့ တိတ်ဆိတ်စွာနဲ့ ပဲ ကားကိုမောင်းရင် သူမပြောတဲ့ လိပ် စာ အတိုင်းသွားလိုက်တော့တယ်
အဲ့ဒီနေရာကို ရောက်တော့ သာမာန် အဆောင်တွဲ ၂ တွဲ ၃ တွဲ လောက်သာရှိတဲ့ ဘိုးဘွာရိပ်သာဝင်း လေးပါပဲ
အဆောင်ရှေ့ ထိကားမောင်း ဝင်သွားလို့ရ တာနဲ့ မောင်းဝင် သွားလိုက်တယ်
..............................
အဆောင်မှာ တာဝန်ရှိတဲ့ လူ တွေက ကျွန်တော်တို့ ကိုထွက် လာကြို ကြတယ်
သူတို့တွေ အဖွားကိုဂရုအရမ်းစိုက်ကြတယ် ကားပေါ်ကနေ ဂရုတစိုက်စိုးရိမ်ကြီးစွာ နဲ့ ဝိုင်းကူ ချပေးကြတယ်
ကျွန်တော် ကားနောက်ဖုံးဖွင့် ပြီးအဖွားရဲ့ အထုတ်ကို ချလာပေးလိုက်တယ် အဖွားဟာ ဘီးတပ်ထိုင်ခုံ
ဝှီးချဲလေးပေါ်မှာ ထိုင်နေပါပြီ
အဖွားဟာသူ့ရဲ့ ပိုက်ဆံအိပ်လေးကိုဖွင့်ပြီးမေးလာတယ် “ ကားခဘယ်လောက်ကျသလဲ ကွယ် ” တဲ့
“ အော် ပေးစရာမလိုပါဘူး အဖွား ”
“ မင်း ရဲ့ဏားစရိတ် နဲ့ ဆီဖိုးတွေ ရှိသေးတယ်လေ ကွယ် ”တဲ့အဖွားကပြောတယ်
“ကျွန်တော်မှာ တစ်ခြားခရီးသည်တွေ ရှိနေပါသေးတယ် ခင်ဗျာ”
ကျွန်တော် ဘာမှ စိတ်ထဲ မှာ မတွေးမိပါဘူး အဖွားကို ငုံ့ပြီးတော့ ဖက်ထားလိုက်မိပါတော့တယ်
အဖွားကကျွန်တော်ကို တင်းတင်းကြပ်ကြပ်ပြန်ဖက်ရှာတယ်
“ မင်းဟာ ဒီအဖွားအို ကို ပျော်ရွင်စရာ အချိန် ခလေး ဖြစ်အောင်ဖန်တီးပေးခဲ့တယ် အရမ်းကျေးဇူးတင်ပါတယ်
ကွယ် ” တဲ့ အဖွားကပြောတယ်
ကျွန်တော် အဖွားရဲ့ လက်လေး ကို ဆုတ်ကိုင် အားပေးပြီး ကားဆီလျှောက်လာ ခဲ့လိုက်တော့တယ်
.............................
ကျွန်တော် ကားမောင်းထွက်လာ တော့ ခြံတံခါးပိတ်လိုက်တဲ့အသံ ကို ကြားလိုက်သလို ကားနောက်ကြည့်မှန်ထဲ
ကနေလဲ လှမ်းမြင်လိုက်ရတယ်
ဒါဟာ ဘဝ တစ်ခုကို ပိတ်လိုက်တဲ့ အသံပါပဲ
..........................
ကျွန်တော် ဘယ်ခရီးသည်ကိုမှဆက်မတင်တော့ပါဘူး ကျွန်တော်ကားကို
ဦးတည်ချက်မရှိပဲမောင်းလာနေမိပါတော့တယ် အတွေးတွေ ပျံ့လွင့်ပြီး ဘာလုပ် ပြီးဘာပြော
ရမယ်မှန်းကိုမသိတော့ပါဘူး
..................................
အကယ်လို့သာ အဲ့ ဒီအဖွားအိုဟာ ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တ ဆန်တဲ့ ကားသမားနဲ့သားတိုးခဲ့ရင် ဘာတွေ
များဖြစ်ပျက်လာမလဲ ..ဒါမှမဟုတ်ကျွန်တော် သာဟွန်း ပဲတီး ပြီး ကားပြန်မောင်းပြေး ပြန် လာ ပစ်ခဲ့ ရင်
ဘယ်လိုမှားနေမလဲ ဒီအကြောင်းပဲ ခေါင်းထဲ မှာ တွေးနေမိတယ်
ဘဝမှာ ဒီထက်အရေးကြီးတဲ့ အရာတွေ ကျွန်တော် ဘာတွေ များ ဆောင်ရွက်ခဲ့ပေး ဖူးပါသလဲ ဆိုတာ ကျွန်တော်
မတွေးတတ်တော့ပါဘူး
....................
ကျွန်တော်တို့တစ်တွေ ရဲ့ ဘဝတွေ ဟာ ကြီးမားတဲ့အကြောင်းအရာ အဖြစ်အပျက် တွေ ရဲ့ အရှိန်အဝါတွေ ကို
ခံကြရတယ် လို့ ကျွန်တော်တို့တွေ ယုံကြည်နေခဲ့ကြတယ်
ဒါပေမဲ့တကယ်တမ်း တော့ အကြိမ်ပေါင်းများစွာပါပဲ အဲ့ဒီကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက် ဆောင်ရွက်ချက်တွေ
ဟာ ကျွန်တော်တို့ သတိမထားမိလိုက်ခင်မှာပဲ ကျွန်တော်တို့ရဲ့ ရှေမှာတင်ပဲ ပေါ်ပေါက်လာတတ်ပါတယ်
ပြီးတော့ လှပစွာဖုံးအုပ်ထားပြီးပေါ်လာတတ်လို့ သူတစ်ပါးက ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်လို့ မတွေးမမြင်မိ တတ်ကြပါဘူး ခင်ဗျာ
Credit: သင်သိရင် ချမ်းသာလိမ့်မယ်
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment