Saturday, April 30, 2016

မေဒေး နေ့အကြောင်းသိကောင်းစရာ



( May Day ) မေဒေး အကြောင်းသိကောင်းစရာ

++++++++++++++++++++++++++

နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင်

ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်တနေ့ 

အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲတွေကနေစတင်ခဲ့ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ်

နေကြရလို့ပါပဲ။(တစ်ရက်မှာ၂၄ နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယ်

ဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ ကျွဲတွေ၊နွားတွေလိုသခင့်အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။

အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့``တနေ့ အလုပ်ချိန် ၁၀ နာရီ

သတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆)ခုနှစ်အမေရိကန်ပြည်

ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။ (၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့့် ဖုတ်အလုပ်သမားသပိတ်စတဲ့ အလုပ်သမား

တိုက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။

တနေ့ အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက် ဖမ်းဆီး

တာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ(၁၈၃၇)ခုနှစ်မှာအလုပ်ချိန် ၁၀နာရီ တိုက်ပွဲ

ဟာ တမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည် နယ်အစိုးရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက

ကြောင်း မိမိပြည်နယ်ထဲမှာကျေညာပေးခဲ့ပါတယ်။

ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း မရရှိ

ခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြိုမှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)

ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ နိုင်ငံလုံးဆိုင်ရာအမျိုးသား

အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။အဲဒီသမဂ္ဂအဖွဲ့ ချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကို

ဖွဲ့ စည်းပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင်

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီး အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်

ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ်သမားတွေထဲကပဲကြေးစားလူမိုက်

ငှားရမ်းပြီးဖျက်ဆီးစေတာ၊ ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့် နည်းလမ်း

ပါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။



ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေ့း အမည်ခံဥပဒေတရပ်ကို ထုတ်ပြန်ပေးခဲ့

ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ

သက်ရောက်ခြင်းမရှိတာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။

တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲဝင်သတ္တုတွင်း

အလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေး သံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်

ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၈၄) ခုနှစ်

အမေရိကန်ပြည် ၊ ချီကာဂိုမြို မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်း

အဝေးကြီး) ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံ

ကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိ

ရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။

အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျ ဖွဲ့ စည်း

ခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်

သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာ ရခဲ့ပ်ါတယ်။

ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ်

သမားတွေစုဝေးပြီးလူထုအစည်းအဝေးကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်း

တာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ တယ်။အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာအိန်ဂျယ်)တို့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲ

ကာသေဒဏ်စီရင်ခံခဲ့ပါတယ်။ ကျန်အလုပ်သမားခေါင်းဆောင်တွေကိုတော့

အစိုးရကထောင်ဒဏ် ၊ငွေဒဏ်ပြည်နှင်ဒဏ်စသဖြင့်အပြစ်ပေးခဲ့ပါတယ်။

အဲဒီလိုအလုပ်သမားတွေသွးမြေကျခဲ့ရတဲ့တိုက်ပွဲကိုအကြောင်းပြုပြီး(၁၈၈၈)

ခုနှစ်စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံပြီးတော့အလုပ်ချိန်

၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ်သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြ

ဌာန်းလိုက်ကြပါတယ်။

စုဆောင်းတင်ပြသူ

Credit : သောင်ရင်းနဂါး(JACBA)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths