မိုးသီးတွေကိုတော့ အင်္ဂလိပ်လို Hail လို့ခေါ်ပြီး သူတို့ဟာ အေးခဲနေတဲ့ ရေခဲလုံးလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အရွယ်အမျိုးမျိုး ရှိတတ်ပြီး အချင်း ၅ မီလီမီတာခန့်မှ မီလီလီတာ ၁၀၀ ကျော် ခန့်အထိရှိနိုင်ပါတယ်။ မိုးသီးကြွေခြင်းတွေဟာ ကမ္ဘာတိုက်ကြီးတိုင်းရဲ့ နိုင်ငံတိုင်းမှာဖြစ်ပေါ်နိုင်ပြီး များပြားကြီးမားတဲ့ မိုးသီးတွေဟာ အန္တရာယ်နဲ့ ပျက်စီးမှု့များကို သယ်ဆောင်လာနိုင်ပါတယ်။ သူတို့ဟာ အများအားဖြင့် မိုးကြိုးမုန်တိုင်း (မိုးတိမ်တောင်) တွေကြောင့် ဖြစ်ပေါ်တတ်ကြပြီး အပေါ်ကိုပင့်၍တိုက်ခတ်သော လေကြမ်းများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တဲ့အခါ မိုးသီးကြွေမကြွေကို ခန့်မှန်းနိုင်ကြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း ယခုရက်ပိုင်းအတွင်းက မိုးသီးကြွေကျမှု့ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး မိုးလေ၀သပညာရှင် ဦးထွန်လွင်ကလည်း မိုးသီးကြွေခြင်းများအပြင် လေပြင်းများ တိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးပြောကြားထားပါတယ်။
၇ လက်မခန့်ထိရှိတဲ့ မိုးသီး
အောင်ခန့်
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment