Thursday, April 14, 2016

ခဏလေးပါပဲ ခရီးသွားဧည့်သည်လို

ခဏလေးပါပဲ ခရီးသွားဧည့်သည်လို ...
*********************
ဘဝမှာ တစ်ခါတစ်လေ အနိုင်ဘက်ကနေ ရှိသလို တစ်ခါတစ်လေ ကြပြန်တော့လည်း အရှုံးဘက်က ရှိနိုင်ပါတယ်။ အမြဲတန်း ရှုံးလို့နေတာ မဟုတ်သလို နိုင်နေတာလဲ မဟုတ်ဘူး။ မိမိဘဝရဲ့ ယုံကြည်ချက် ရည်မှန်းချက်တွေနဲ့သာ ဘဝကို အားတင်းပြီး ရှေ့ဆက်နေကြရတယ်။

တစ်ခါတစ်လေမှာ မပြုံးချင်သော်လည်း ပြုံးကြရတယ်။ လူတွေဟာ တကယ်တော့ ဇာတ်ဝင်ခန်း တစ်ခုက သရုပ်ဆောင်တွေနဲ့ အလားသဏ္ဍန်တူတယ်။ 
စိတ်ထဲမှာ မရှိဘဲ ငိုကြ၊ ပြုံးကြ၊ ရယ်ကြနဲ့ပဲ ဘဝကို လျောက်လမ်းနေကြပါလေတယ်။ ဒီလိုနဲ့ပဲ အချိန်တွေဟာ မသိလိုက် မသိဘာသာနဲ့ ကုန်ဆုံးလို့ သွားပါတော့တယ်။

ပြဿနာတွေ၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။ 
နောက်ဆုံးမှာလည်း ပြီးသွား တာပါပဲ။ ခဏတာ ဖြစ်၊ ခဏလေးမှာပဲ ပျက်၊ ခဏလေး အတွင်းမှာပဲ တစ်ချို့အရာတွေဟာ ဆိုရင် ပျောက်ကွယ်လို့ သွားပါတော့တယ်။ 
တကယ်တော့ ဘဝဆိုတာ ခဏတစ်ဖြုတ် ရောက်လာတဲ့ ခရီးသွား ဧည့်သည်လိုပါပဲ။


Credit - lutawlupyaw






အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths