Sunday, August 14, 2016

သင့်ဘဝမှာအကြောက်တရားကဘယ်လောက်ထိစိုးမိုးထားပြီလဲ

လူတိုင်း လူတိုင်း စိုးထိတ်ကြောက်ရွံ့တတ်တဲ့ စိတ်ရှိပါတယ် ။ တချို့က ကြောက် စိတ်ကို အလွယ်တကူဖျောက်ပစ်တတ်ကြတာနဲ့ တချို့ကစိတ်ထဲအကြာကြီးသိမ်းဆည်းထား တတ်ကြတာ မျိုးပဲကွာခြားတာပါ။

ကြောက်ရွံ့မှုဆိုတာလဲအမျိုးမျိုးရှိတတ်ကြပါတယ် ၊ တချို့ က သက်ရှိလူတွေရန်မူ ရန်ပြုမှာကြောက်တတ်ကြတယ် ။ တချို့ကတော့သက်မဲ့ ရုပ်၊နာမ် မရှိတဲ့

သရဲ တစ္ဆေ တွေကို ကြောက်တတ်ကြတယ် ။ ဘယ်လို အရာတွေကို ပဲကြောက် ကြောက်ပါ ။ ကြောက်ရွံ့တတ်တဲ့ စိတ် မထားရင် ၊မရှိရင် အကောင်းဆုံးပါပဲ ။

ယုံကြည်မှုကိုလျှော့ပါးသွားစေတယ်......

တကယ်တော့အကြောက်တရားဆိုတာ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ကိုလျော့ပါးသွားစေတဲ့ အရာပါပဲ ။  ဥပမာ - အလုပ်တစ်ခုလုပ်နေရတာပဲဖြစ်ဖြစ် မလုပ်ခင်ကတည်းက ဖြစ်ပါ့မလား၊ လုပ်နိုင်ပါ့မလားဆိုတဲ့စိတ်နဲ့ အကြောက် တရား လွှမ်းမိုးပြီး ဒီအလုပ်ကို စိတ်ထဲက ကြောက်ရွံ့ စိုးထိတ်နေပြီဆိုရင် အလုပ် ပြီးမြောက်ဖို့ ခက်ခဲမှာ အသေအချာပါပဲ ၊ ဆုံးရှုံးမှု အဖြစ်ရဆုံးနောက် တစ်ချက် ကတော့ ကြောက်နေရ စိုးထိတ်နေရတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည် မှု အရမ်းကို နဲသွားတာပါ ။ ကြောက်တတ်တဲ့စိတ်ဖြစ်ပါများရင် ကိုယ့်ကိုကိုယ် သိမ်ငယ်တဲ့စိတ်ပါ ကပ်ပါလာမှာ အသေအချာပါပဲ ။

အမှားမလုပ်ထားရင် မကြောက်ပါနဲ့ ........

တချို့လူတွေရှိပါတယ် ။ ကိုယ်ကအမှားတော့မလုပ်ထားပါဘူး ၊ဒါပေမယ့် အမြဲတမ်းလိုလို ထိတ်လန့်နေတာတွေ ၊အခုခေတ်ကာလအနေအထားအရ ဘယ်အရာကိုမဆို

အကြောက်အရွံ့ ကင်းကင်းလုပ်နိုင်ဖို့အတွက် အဓိကအချက်က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ပါ၊ နောက်တစ်ခုက ကြောက်ရွံ့ခြင်းတွေတဖြည်းဖြည်းလျော့ပါးလာအောင် ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ပါ ။ဥပမာ- အလုပ်ဆင်းတာနောက် ကျလို့ ညအချိန်လွန်မှ အိမ်ပြန်မယ်ဆိုရင်တောင် တက္ကစီ ငှားပြီးအိမ်ပြန်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မွေးဖို့လိုပါတယ် ။နေရာတကာ ကြောက်စိတ်၊ စိုးရိမ်ထိတ်လန့်စိတ်တွေထားဖို့မလိုအပ်ပါဘူး ။

 
အခက်အခဲတွေကို ကျော်ဖြတ်ကြည့်လိုက်ပါ ..........

သင်ဟာ နဂိုကတည်းက ကြောက်တတ်တဲ့စိတ်ရှိတယ် ၊စိုးရိမ်တတ် တဲ့စိတ်ရှိတယ်ဆိုရင် သင် အရင်ကမလုပ်ဘူးတဲ့ အရာတွေကို စတင်ရင်ဆိုင် ကြည့် လိုက်ပါ ၊ဥပမာ- အလုပ်ကနေအိမ်ပြန်ကြည့်တဲ့အခါ သင်အရင် က ပြန်နေကြ လမ်းကနေပြန်နေတာမျိုးမဟုတ်ပဲ တခြားမသွားဘူးတဲ့ လမ်း ကနေ ဖြတ်လျှောက် ပြန်တာမျိုး ၊ လုပ်ငန်းခွင်မှာဆိုရင်လဲ သင် အရင်က တစ် ကြိမ် တစ်ခါမှမလုပ်ဘူးတဲ့ လုပ်ငန်းတာဝန် မျိုးလွှဲပြောင်းလုပ်ကိုင်တာမျိုး စတာတွေပေါ့ ၊ 

အဓိက က ကိုယ့်ကိုကိုယ် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည် ချက်မျိုးထားလိုက်ပါ ၊ အခက်အခဲ တစ်ခုစီတိုင်းကိုသင် ကျော်ဖြတ်ပြီးတာနဲ့ ကိုယ့်ကိုကိုယ်ကြောက် တတ် တဲ့စိတ်က လွတ်မြောက်လာနိုင်မှာပါ ၊

အရာရာတိုင်းက မလုပ်ဖူးသေးလို့သာ အစပိုင်းမှာခက်ခဲတာပါ ။လူတိုင်း အရာရာတိုင်းကို လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစ ကိုယ်စီရှိကြပါတယ် ။

သင်လဲ ကြောက်ရွံ့တဲ့စိတ်ဖြစ်ပေါ်လာပြီဆိုရင် ငါ လုပ်နိုင်တယ် ဆိုတဲ့စိတ် ကိုသာမွေးပြီး ရဲရဲသာ လုပ်ကိုင်ကြည့်ပါ ၊စိတ်အင်အားတိုးပွားလာပြီး အခက် အခဲတစ်ခုစီ ရင်ဆိုင်ကျော်လွှားပြီးတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုး လာစေ မှာ အသေအချာပါပဲ ။

ညိမ်းစေသော် (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths